မြောက်ကိုရီးယားလို့ ဆိုလိုက်တာနဲ့ ရှေးရိုးစွဲတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံ၊ အာဏာရှင်နိုင်ငံလို့ပဲ ပြေးမြင်ကြမှာပါ။ လူ့သဘာဝအရ ကောင်းကွက်ထက် ဆိုးကွက်ကိုသာ ပိုပြီး မြင်တတ်ကြပေမယ့် မြောက်ကိုရီးယားပြည်သူတွေကတော့ အဆိုးရွားဆုံးတွေကိုပဲ ကြုံတွေ့နေရတာမဟုတ်ပါဘူး။ အခုဖော်ပြပေးမှာကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ လူတွေထင်မှတ်မထားကြတဲ့ ကောင်းတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
(၁) စာတတ်မြောက်မှုနှုန်း မြင့်မားခြင်း
မြောက်ကိုရီးယားနိုင်ငံရဲ့ စာတတ်မြောက်မှုနှုန်းဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၉၉ ဒဿမ ၉၉ ရာခိုင်နှုန်းအထိ ရှိတာကြောင့် အမေရိကန်နိုင်ငံထက် စာတတ်မြောက်မှုနှုန်း ဒဿမ ၉၉ ပိုသာပါတယ်။ မြောက်ကိုရီးယားနိုင်ငံသားတွေဟာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပညာကို နိုင်ငံသားတိုင်း မဖြစ်မနေ သင်ကြားကြရပါတယ်။
(၂) အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးထားခြင်း
မြောက်ကိုရီးယားနိုင်ငံဟာ သူတို့နိုင်ငံသားတိုင်းကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကျန်းမာရေး အာမခံတွေကို ပေးအပ်ထားပါတယ်။ ဒါ့အပြင် ဆင်းရဲချို့တဲ့သူတွေကို အစိုးရက အခမဲ့ အိမ်ရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တွဲလျက် ဖန်တီးပေးထားပါတယ်။
(၃) နိုင်ငံသားတွေဟာ ဝင်ငွေခွန် ပေးဆောင်ရခြင်း မရှိပါဘူး
နိုင်ငံတကာမှာ နိုင်ငံသားတိုင်း မဖြစ်မနေ အခွန်ပေးဆောင်ရတဲ့ စနစ်ရှိပေမယ့် မြောက်ကိုရီးယားနိုင်ငံမှာတော့ ၁၉၇၄ ခုနှစ်ကစလို့ ဝင်ငွေအပေါ် အခွန်ကောက်ခံတဲ့ စနစ်ကို ဖျက်သိမ်းခဲ့ပြီး ဧပြီလ တရက်နေ့ကို အခွန်ဖျက်သိမ်းခြင်းနေ့ အဖြစ် သတ်မှတ်ထားပါတယ်။ နောင်လာမယ့် အနာဂတ်မှာတော့ အခွန်ပြန်လည်ကောက်ခံနိုင်တယ်လို့ ကောလာဟလ သတင်းတွေကတော့ ထွက်ပေါ်နေပြန်ပါတယ်။
(၄) ရိုးရာအမွေအနှစ် ထိန်းသိမ်းမှု အားကောင်းခြင်း
မြောက်ကိုရီးယားနိုင်ငံဟာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းမှုအားကောင်းတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး နှစ်စဉ် ကောက်ရိတ်သိမ်းချိန်ရောက်တိုင်း ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပွဲတော်တွေကို မပျက်မကွက် ကျင်းပပြုလုပ်ကြပါတယ်။
(၅) တွင်းထွက်သယံဇာတ ကြွယ်ဝခြင်း
သဘာဝတွင်းထွက်ပစ္စည်း အမျိုအစားပေါင်း ၂၀၀ ကျော်ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ သယံဇာတ အကြွယ်ဝဆုံး နိုင်ငံတွေထဲက တခုဖြစ်ပါတယ်။
Ref. brightside.me