လူ့ခန္ဓာကိုယ် အချိုးအစားဆိုတာ တနေရာတည်း ရပ်မနေဘဲ ဆင့်ကဲ ပြောင်းလဲလာရတဲ့ ဖြစ်စဉ်တခု ဖြစ်သလို ဘာသာစကားဆိုတာကလည်း ဆင့်ကဲပြောင်းလဲလာတဲ့ ဖြစ်စဉ် တခုပါပဲ။
ဘာသာစကား ဆိုတာက မျိုးဆက်တခုကနေ တခုကို လက်ဆင့်ကမ်း ပေးရတာပါ။ ကမ္ဘာပေါ်မှာ ဒီနေ့ခေတ်ထိတိုင်အောင် လူတွေ အသုံးပြုနေကြသေးတဲ့ ရှေးကျတဲ့ ဘာသာစကားတချို့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) ဟီဘရူး ဘာသာစကား
ဟီဘရူး ဘာသာစကားကို အဓိကသုံးစွဲတဲ့ လူမျိုးတွေကတော့ ဂျူးလူမျိုးတွေ ဖြစ်ပါတယ်။ ဂျူးလူမျိုးတွေကြောင့်သာ မဟုတ်ရင် ဟီဘရူးဘာသာစကားဟာ ကမ္ဘာပေါ်မှာ ပေါ်ပေါက်လာစရာအကြောင်း မရှိပါဘူး။ ၁၉ ရာစုနဲ့ ၂၀ ရာစုတွေမှာ ဂျူးနိုင်ငံ ပြန်လည်ထူထောင်ရေးဝါဒ (Zionism) ခေတ်စားလာခဲ့ပါတယ်။
အစ္စရေးနိုင်ငံ ထူထောင်ပြီးတဲ့နောက်မှာတော့ ဟီဘရူးဘာသာစကားဟာ အစ္စရေးနိုင်ငံရဲ့ တရားဝင်ရုံးသုံးစကား ဖြစ်လာခဲ့ပါတယ်။ အခုနောက်ပိုင်း အသုံးပြုလာကြတဲ့ ခေတ်သစ် ဟီဘရူးဘာသာစကားကတော့ ရှေးတုန်းကသုံးခဲ့ဖူးတဲ့ ဟီဘရူးဘာသာစကားနဲ့ ကွဲပြားမှုတွေတော့ ရှိပါတယ်။
(၂) တမီးလ်ဘာသာစကား
ယနေ့ခေတ်မှာတော့ တမီးလ်ဘာသာစကားကို သုံးစွဲကြသူပေါင်းက ၇၈ သန်းလောက်အထိ ရှိနေပါတယ်။ တမီးလ်ဘာသာစကားဟာ သီရိလင်္ကာနိုင်ငံရဲ့ တရားဝင် ရုံးသုံးဘာသာစကားဖြစ်သလို စင်ကာပူနိုင်ငံမှာဆိုရင်လည်း တမီးလ်ဘာသာစကား ပြောဆိုကြသူ အများအပြားရှိနေပါတယ်။ အိန္ဒိယ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာဆိုရင်လည်း တမီးလ်ဘာသာစကား ပြောဆိုသူတွေ ရှိကြပါတယ်။
(၃) ဖာစီဘာသာစကား
ဖာစီဘာသာစကားကို ဒီနေ့ခေတ်တိုင်အောင် သုံးစွဲနေကြတဲ့ နိုင်ငံတွေကတော့ အီရန်၊ အာဖဂန် နစ္စတန်နိုင်ငံတွေပါ။ ဖာစီဘာသာစကားဟာ ရှေးဟောင်း ပါရှန်းအင်ပါယာကနေ တိုက်ရိုက် ဆင်းသက်လာတဲ့ ဘာသာစကားတမျိုးလည်း ဖြစ်ပါတယ်။
(၄) ဂျော်ဂျီယန် ဘာသာစကား
ကော့ကေားဆပ်ဒေသမှာ အခုထိတိုင်အောင် အသုံးပြုနေသေးတဲ့ ဂျော်ဂျီယန် ဘာသာစကားကတော့ ခက်ခဲတဲ့ ဘာသာစကား အုပ်စုထဲ ပါဝင်ပါတယ်။ ကော့ကေးဆပ် တောင်ပိုင်းဒေသတွေဖြစ်တဲ့ အာမေးနီးယန်း၊ အဇာဘိုင်ဂျန်နဲ့ ဂျော်ဂျီယာနိုင်ငံတွေမှာတော့ ဂျော်ဂျီယန်ဘာသာစကားကို အဓိက အသုံးပြုလေ့ရှိပါတယ်။
Ref: theculturetrip
You may also like these stories:
ထိုင်းဘုရင်တို့၏ နန်းတက်ပွဲ အစဉ်အလာများ
ပျောက်ဆုံးသွားသော မြို့ကြီးများ