ဇွန်လ ၂၃ ရက်နေ့ရောက်တိုင်း စပိန်နိုင်ငံ Castrillo de Murica မြို့ငယ်လေးမှာ မွေးကင်းစ ကလေးငယ်တွေကို မကောင်းဆိုးဝါးအန္တရာယ်ကနေ ကင်းဝေးစေဖို့နဲ့ ကျန်းမာရေးကောင်းမွန်စေဖို့အတွက် မကောင်းဆိုးဝါးနှင်တဲ့ပွဲတော်ကို ပြုလုပ်လေ့ ရှိကြပါတယ်။ ဒီထူးထူးဆန်းဆန်းပွဲတော်ကို စပိန်လို “El Salto Del Colacho” လို့ခေါ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆၂၀ ခုနှစ်လောက်ကတည်းက နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ကြတာပါ။
စပိန်နိုင်ငံမြောက်ပိုင်း၊ မြို့တော် Burgos နဲ့အနီးတဝိုက်က မြို့ငယ်လေးတွေမှာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြတဲ့ သက်တမ်း ၄၀၀ ခန့်နီးပါး ရှိနေပြီဖြစ်တဲ့ ဒီပွဲတော်မှာဆိုရင် မြို့မှာရှိတဲ့ မွေးကင်းစ ကလေးငယ်တွေအပေါ်ကနေ ခုန်ပျံကျော်လွှားပြီး မကောင်းဆိုးဝါးတွေကို နှင်ထုတ်ကြတာပဲ ဖြစ်ပါတယ်။ မွေးကင်းစ ကလေးငယ်တွေကို မြို့လယ်ခေါင်ရင်ပြင်မှာ လဲလျောင်းထားရှိပြီး ကလေးငယ်တွေအပေါ်ကနေ ခုန်ပျံကျော်လွှားသူတွေကတော့ မကောင်းဆိုးဝါးပုံစံ အဝတ်အစားနဲ့ ပြင်ဆင်ခြယ်သမှုတွေ ပြုလုပ်ပြီး ခုန်ပျံကျော်လွှားကြတာပါ။
နှစ်စဉ်နှစ်တိုင်းပြုလုပ်ကြတဲ့ ဒီထူးထူးဆန်းဆန်းပွဲတော်မှာ မွေးကင်းစကလေးငယ်ပေါင်း ၁၀၀ ခန့်ကို ပြုလုပ်ပေးနေတာဖြစ်ပြီး ကလေးတွေအပေါ်ကနေ ခုန်ပျံကျော်လွှားသူတွေကတော့ မကောင်းဆိုးဝါးတွေကို ကိုယ်စားပြုတယ်လို့ ဒေသခံတွေက ယုံကြည်ကြတာပဲ ဖြစ်ပါတယ်။
ကလေးငယ်တွေအပေါ်ကနေ ခုန်ပျံကျော်လွှားရင်း မတော်တဆ တက်နင်းမိတာမျိုး မဖြစ်ရအောင် အတွေ့အကြုံရှိသူတွေကိုပဲ ခုန်ပျံကျော်လွှားစေတာဖြစ်ပြီး ဒီပွဲတော်ကို ယုံကြည်တဲ့ စပိန်နိုင်ငံသားအများစုဟာ နိုင်ငံရဲ့နေရာအနှံ့ကနေ လာရောက်ပြီး ပြုလုပ်လေ့ ရှိကြတာကြောင့် စည်ကားလှတဲ့ ပွဲတော်တခုလည်း ဖြစ်ပါတယ်။
ကလေးငယ်တွေအပေါ်ကနေ ခုန်ပံျကျော်လွှားသူတွေဟာ မကောင်းဆိုးဝါးတွေကို နှင်ပေးနိုင်တယ်လို့ ဒေသခံတွေ ယုံကြည်ကြတဲ့ ကြာပွတ်တွေကို လက်ကနေ ကိုင်ဆောင်ကာ ခုန်ကျော်ကြတာဖြစ်ပြီး နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ ဒီပွဲတော်ကို ပါဝင်ဆင်နွှဲသူနဲ့ ယုံကြည်ကြသူတွေကလည်း အမြောက်အများပဲဖြစ်ပါတယ်။
Ref.www.insider.com
You may also like these stories:
မိဘတိုင်း သိထားသင့်တဲ့ ကမ္ဘာတဝှမ်းက ကလေးထိန်းကျောင်းပုံ နည်းလမ်းများ
သေဖို့ စောင့်နေတဲ့ လူတွေအတွက် ဖွင့်ပေးထားတဲ့ တည်းခိုခန်း
ကလေးတွေနဲ့အတူ ခရီးထွက်လို့ကောင်းတဲ့ အရှေ့တောင်အာရှက နေရာများ
သင့်ကလေးငယ်ကို မကျွေးသင့်တဲ့ အစားအစာ (၇) မျိုး