အာဖဂန်နစ္စတန်နိုင်ငံဟာ အမျိုးသမီးတွေအတွက် အန္တရာယ်ရှိနေပြီး အိမ်တွင်းအကြမ်းဖက် တိုက်ခိုက်ခံရမှုအပြင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနဲ့ ဂုဏ်သိက္ခာရှိရှိ သေဆုံးရခြင်းဆိုတဲ့ ကိစ္စတွေက အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာ ပျံ့နှံ့နေပါတယ်။
အထူးသဖြင့် တာလီဘန်တွေ ခြေကုပ်ယူထားတဲ့ ကျေးရွာတွေမှာ ပိုဆိုးပါတယ်။ စစ်တမ်းတွေအရ အာဖဂန်နစ္စ တန်နိုင်ငံရဲ့ အမျိုးသမီး ၃၇ ရာခိုင်နှုန်းက စာမတတ်ကြပါဘူး။ အမျိုးသမီး လူဦးရေ စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံ လောက်ကလည်း အသက် ၁၈ နှစ်မပြည့်ခင်မှာပဲ အိမ်ထောင်ပြုရလေ့ ရှိပါတယ်။
တချို့ မိန်းကလေးတွေဆိုရင်တော့ အသက် ၁၂ နှစ် အရွယ်လောက်မှာပဲ ကိုယ့်ထက် အသက်အများကြီး ကြီးတဲ့ အမျိုးသားတွေနဲ့ အိမ်ထောင်ပြုရလေ့ ရှိပါတယ်။ အဲဒီ မိန်းကလေး အများစုဟာ အိမ်ထောင်ပြုဖို့ အဆင်သင့် မဖြစ်သေးသလို ကလေးသာသာ အရွယ်လာက်သာ ရှိကြတဲ့ အသက်မပြည့်တဲ့ မိန်းကလေးတွေပဲ ဖြစ်ပါတယ်။
တာလီဘန်တွေ ကြီးစိုးထားတဲ့ ဒေသတွေမှာဆိုရင်လည်း ဘာသာရေး စံနှုန်းတွေက အမျိုးသမီးတွေအတွက် အင်မတန်ကို မြင့်မားလွန်းအား ကြီးပါတယ်။ အမျိုးသမီးတွေ ကျူးလွန်တတ်ကြတဲ့ ပြစ်မှုတွေကိုလည်း ခွင့်လွှတ်ပေးလေ့မရှိဘဲ ဆွေမျိုးသားချင်တွေကိုယ်တိုင် ဂုဏ်သိက္ခာရှိရှိသေဆုံးရခြင်း ဆိုတဲ့ ပြစ်ဒဏ်မျိုးကိုပေးလေ့ရှိပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံဟာ အမျိုးသမီး သတင်းထောက်တွေအတွက်လည်း အလွန် အန္တရာယ်များတဲ့ နိုင်ငံ တနိုင်ငံပါ။ သတင်းထောက် အကာအကွယ်ပေးရေး ကော်မတီရဲ့ အချက်အလက်တွေ အရ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း အမျိုးသမီး သတင်းထောက် ၇ ဦး အသတ်ခံခဲ့ရပါတယ်။ သိပ်မကြာသေးခင်တုန်းကပဲ လုပ်ကြံခံရတဲ့ Meena Mangal ဆိုတဲ့ အမျိုးသမီးဟာ သတင်းထောက် တယောက်သာမက လွတ်တော် အကြံပေးပုဂ္ဂိုလ်တယောက်လည်း ဖြစ်ပါတယ်။
အာဖဂန်လူ့အဖွဲ့အစည်းမှာတော့ အမျိုးသမီးတွေကို အားနည်းသူတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ၂၀၀၆ ခုနှစ်တုန်းကလည်း ဂျာမန်သတင်းဌာနတခုဖြစ်တဲ့ Deutsche Welle ရဲ့ သတင်းထောက်ဖြစ်သူ Karan Fischer ဆိုသူဟာ ကဘူးမြို့နဲ့ ၉၅ မိုင်သာဝေးတဲ့ Baghlan မှာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အသတ်ခံခဲ့ရပါတယ်။ အဲဒီလို အဖြစ်အပျက်မျိုး ၂၀၁၄ ခုနှစ်မှာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
Associated Press သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် တယောက်ဖြစ်တဲ့ Anji Niedringhaus ဆိုသူဟာ ကားထဲမှာပဲ ပစ်သတ်ခံခဲ့ရပါတယ်။ သူ ပစ်သတ်ခံရတုန်းက ပတ်ဝန်းကျင်မှာ လူအများကြီး ရှိပါတယ်။ လူစိမ်းတယောက်က သူ့ကားထဲမှာ ရှိနေတုန်း လာရောက် ပစ်ခတ်သွားခဲ့ပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ အမျိုးသမီး သတင်းထောက် ၇၀ ရာခိုင်နှုန်းလောက်ဟာ နိုင်ငံရေး အပါအဝင် တခြား ထိလွယ် ခိုက်လွယ် သတင်းတွေကို ရေးသားတဲ့အတွက်ကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပါတယ်။
Ref: thedailystar.net
You may also like these stories:
အသက်ငယ်ရွယ်စဉ်မှာ မိဘတွေကိုယ်တိုင် အတင်းအဓမ္မ လက်ထပ်ခိုင်းလေ့ရှိတဲ့ Burkina Faso နိုင်ငံ
နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ကမ္ဘာ့အလှဆုံး သင်္ချိုင်းများ
ကလေးတွေကို မကောင်းဆိုးဝါး အန္တရာယ်ကနေ ကင်းဝေးစေဖို့ ပြုလုပ်လေ့ရှိတဲ့ စပိန်နိုင်ငံက ပွဲတော်
သေဖို့ စောင့်နေတဲ့ လူတွေအတွက် ဖွင့်ပေးထားတဲ့ တည်းခိုခန်း