• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

အီဂျစ်ဖာရိုဘုရင်၏ ဦးခေါင်းပုံ ရှေးလက်ရာ လေလံတင်ရောင်းချ

by ဧရာဝတီ
5 July 2019
in Culture
A A
ဖာရိုဘုရင် တူတန်ခမန်၏ ဦးခေါင်းပုံ အညိုရောင် သလင်းကျောက် / Christie

ဖာရိုဘုရင် တူတန်ခမန်၏ ဦးခေါင်းပုံ အညိုရောင် သလင်းကျောက် / Christie

9.4k
VIEWS
Share on FacebookShare on Twitter

ရှေးနှစ် ၃၀၀၀ခန့် က အီဂျစ် ဖာရိုဘုရင်ငယ် တပါးဖြစ်သည့် တူတန်ခမန် ဘုရင်၏ ဦးခေါင်းပုံ အညိုရောင် သလင်း ကျောက်ဆစ်လက်ရာ တခုကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ အမေရိကန် ဒေါ်လာ ၆သန်းနှင့် ယမန်နေ့က လေလံတင် ရောင်းချခဲ့သည်။

အဆိုပါ ဘုရင်၏ ဦးခေါင်းပုံ သလင်းကျောက်ဆစ် ရှေးလက်ရာမှာ ခိုးရာပါ ပစ္စည်းဖြစ်သည့်အတွက် လေလံတင် ရောင်းချခြင်း မပြုရန် မူလပိုင်ရှင်ဟု ဆိုရမည့် အီဂျစ်အစိုးရက ခရစ္စတီးလေလံလုပ်ငန်းသို့ ကန့်ကွက်ထားသည်။

RelatedPosts

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
76
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
1.4k
စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

24 May 2025
252

၂၈ စင်တီမီတာ( ၁၁ လက်မ) အရှည်ရှိ အဆိုပါအညိုရောင် သလင်းကျောက်ဖြင့် ပြုလုပ်ထားသည့် ဦးခေါင်းပုံ ရှေးဟောင်းပစ္စည်းသည် ပုဂ္ဂလိက ရှာဖွေစုဆောင်းသူတဦးက ခရစ္စတီးလေလံလုပ်ငန်းသို့ ၂၀၁၆ ခုနှစ်က စတာလင် ပေါင် ၃ သန်းဖြင့် နောက်ဆုံးရောင်းချခဲ့ခြင်းဖြစ်သည်။

အဆိုပါ တူတန်ခမန်ဘုရင်၏ရုပ်လုံးရုပ်ကြွသည် အီဂျစ်ဘုရားကျောင်းတကျောင်းမှ ၁၉၇၀ ပြည့်လွန်နှစ်များက ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ခရစ္စတီး လေလံလုပ်ငန်းကမူ ရှေးယခင်ကတည်းက အဆိုပါ ရှေးဟောင်းပစ္စည်းကို လူသိရှင်ကြား ပြသထားသော် လည်း အီဂျစ်အစိုးရထံမှာ တစုံတရာ စိုးရိမ်ပူပန်မှု ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိဟု တုံ့ပြန်ပြီး၊ ၎င်းတို့ ကြေညာ ချက်တွင် ယင်းပစ္စည်းနှင့် ပတ်သက်၍ စုံစမ်းဆေးမှု မရှိခဲ့ဖူးကြောင်း” ဆိုထားသည်။

ယင်းလေလံလုပ်ငန်းက ဥပဒေကြောင်းအရ အရှုပ်အထွေးရှိသည့် ပစ္စည်းမျိုးကို မည်သည့်အခါမှ လေလံတင်ခဲ့ခြင်း မရှိကြောင်းလည်း ပြန်လည်ရှင်းလင်းထားသည်။

ခရစ္စတီးမှ လွန်ခဲ့သည့် နှစ် ၅၀ က ရှေးဟောင်း အမွေအနှစ် ပိုင်ရှင်များ၏ အတ္ထုပ္ပတ္တိ စာအုပ် တအုပ်ကို ထုတ်ဝေခဲ့ရာ ယခုအီဂျစ်က ကန့်ကွက်နေသော တူတန်ခမန်ဘုရင်၏ ကိုယ်တပိုင်းပုံ ရုပ်လုံးသည် ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်အတွင်း ဂျာမန်မင်းမျိုးမင်းနွယ်တဦးဖြစ်သည့် Prinz Wilhelm von Thurn လက်ဝယ်တွင် ရှိခဲ့ဖူးကြောင်း သိရသည်။

အဆိုပါ ရုပ်လုံးတည်ရှိမှုနှင့် ပတ်သက်၍ အချိန်ကာလအပိုင်းအခြားမှာ စိတ်ဝင်စားဖွယ်ကောင်းပြီး နှစ်ပေါင်းများစွာ ပြသထားခဲ့ခြင်းဖြစ်ကြောင်း ခရစ္စတီးလေလံလုပ်ငန်းက ဆိုသည်။

“ကျနော်တို့က ကာနက်ဘုရားကျောင်းကနေ ရှေးဟောင်းပစ္စည်းတွေ အခိုးခံရဖူးတော့ ဒီပစ္စည်းဟာ ၁၉၇၀ နောက်ပိုင်း မှာ အီဂျစ်က ပျောက်သွားတယ်လို့ ယူဆပါတယ်” ဟု အီဂျစ်ရှေးဟောင်းဆိုင်ရာဝန်ကြီးဟောင်း ဇဟီဟာဝက်စ်က AFP သတင်းဌာနသို့ ပြောသည်။

နိုင်ငံအတွင်းမှ ရှေးဟောင်းလက်ရာများ ယူဆောင်ခြင်းကို တားမြစ်သည့် ဥပဒေကို အီဂျစ်အစိုးရက ၁၉၈၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။

အီဂျစ် ဖာရိုဘုရင် တူတန်ခမန်သည် လွန်ခဲ့သော နှစ်ပေါင်း ၃ ထောင်က အသက် ၁၉ နှစ်တွင် ကွယ်လွန်အနိစ္စရောက် ခဲ့သည်။ သူ့ခေါင်းတလားကို ၁၉၂၂ ခုနှစ်တွင် တူးဖော်တွေ့ရှိခဲ့ရသည်။

ယခု လေလံတင်ရာတွင် အမေရိကန် ဒေါ်လာ ၆သန်းနှင့် ဝယ်ယူသွားသူ၏ အမည်ကို ဖော်ပြထားခြင်းမရှိပေ။

Your Thoughts …
Tags: ဖာရိုလေလံသလင်းကျောက်အီဂျစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

by ဧရာဝတီ
17 October 2023
5.3k

အရပ်သား အများအပြား သေဆုံးသည့် ယခုလောက် ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုလည်း အစ္စရေး မကြုံဖူးပေ။

ထရမ့်ရဲ့ ဂါဇာ AI ဗီဒီယိုကြောင့် ပါလက်စတိုင်းတွေ ဒေါသထွက်

ထရမ့်ရဲ့ ဂါဇာ AI ဗီဒီယိုကြောင့် ပါလက်စတိုင်းတွေ ဒေါသထွက်

by ဧရာဝတီ
28 February 2025
4.8k

အမေရိကန် သမ္မတသည် ပါလက်စတိုင်း ၂ ဒသမ ၁ သန်းကို ဂါဇာမှ ရွှေ့ပြောင်းနှင်ထုတ်ပြီး ထိုဒေသကို အမေရိကန် ပြည်ထောင်စုပိုင်သည့် ကမ်းခြေအပန်းဖြေစခန်းအဖြစ် ပြောင်းလဲရန် အဆိုပြုခဲ့သည်။

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

by ဒေါက်တာ သန်းထွန်း
18 May 2025
868

အလက်ဇန္ဒားဟာ ထူးချွန် ပြောင်မြောက်တဲ့ စစ်ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ သူသာ အကြီးမားဆုံး ဗိုလ်ချုပ်လို့ ပြောနိုင်မယ်လို့ ထင်စရာ ရှိပါတယ်။

NLD အစိုးရလက်ထက်က ဖမ်းဆီးရမိသော ပြည်ပခိုးထုတ်မည့် သစ်များ  / Forest Department

စစ်ကောင်စီ သစ်လေလံ ဈေးနှိမ်ခံပြီး ရောင်းချနေရ

by ဧရာဝတီ
31 May 2021
31.6k

စစ်အာဏာသိမ်း ကာလအတွင်း ဘဏ္ဍာငွေရှာဖွေရေးအနေဖြင့် မြန်မာ့သစ်လုပ်ငန်းမှ သစ်လေလံပွဲများ ရောင်းချ လျှက်ရှိရာတွင် စိတ်ဝင်စားမှုနည်းပါးခြင်းနှင့် ဈေးကွက်အေးမှုများကြောင့် လေလံဈေးနှိမ် ရောင်းချရသည့် ပုံစံဖြစ် နေကြောင်း သစ်လုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရသည်။

အီဂျစ်နိုင်ငံမှာ ရှာဖွေ တွေ့ရှိခဲ့တဲ့ ရှေးဟောင်းခေါင်းတလား

အီဂျစ်မှာ နှစ်ပေါင်း ၃,၀၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းခေါင်းတလားများ တွေ့ရှိ

by Aurora
18 January 2021
28.6k

ခေါင်းတလားတွေအပြင် အရောင်စုံ ဆေးခြယ်ထားတဲ့ နဂိုမူလပုံစံ မပျက် လူပုံစံရုပ်တွေလည်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

ရဲတိုက် ဝင်ဆင်ခဲ့တဲ့ ရှမ်းအင်္ကျီ   / GARUDA Entretainment Page

ရဲတိုက် ဝတ်ဆင်ခဲ့တဲ့ ရှမ်းအင်္ကျီအား လေလံတင် ရောင်းချ

by ဧရာဝတီ
11 May 2021
29.4k

လက်ရှိမှာတော့ ရဲတိုက်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ သိရပြီး၊ ရဲတိုက်ရဲ့ ခွင့်ပြုချက်နဲ့ ဆန္ဒအရ အခုလို ရောင်းချတာလို့ ဆိုပါတယ်။

Next Post
ရခိုင် အမျိုးသား ၅၀ကျော် အကြမ်းဖက် ဥပဒေဖြင့် အမှုရင်ဆိုင်နေရ (ရုပ်/သံ)

ရခိုင် အမျိုးသား ၅၀ကျော် အကြမ်းဖက် ဥပဒေဖြင့် အမှုရင်ဆိုင်နေရ (ရုပ်/သံ)

ပြည်တွင်း၌ ပြုလုပ်သည့် မော်တော်ယာဉ် ပြပွဲတခုတွင် Double Cab ယာဉ်များ ပြသထားစဉ်  / Ford

Double Cab ယာဉ်များကို လုပ်ငန်းသုံးယာဉ် ပြောင်းလဲ သတ်မှတ်မည်

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.6k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate