Culture

ကွယ်လွန်ခဲ့တာ ၁၂၉ နှစ် ပြည့်သွားပြီ ဖြစ်တဲ့ ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး ကွယ်လွန်သွားခဲ့တာ ဒီနေ့ဆိုရင် ၁၂၉ နှစ် ပြည့်သွားပါပြီ။ ဗန်ဂိုးကို ၁၈၅၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၈၉၀ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၃၇ နှစ်သာ ရှိပါသေးတယ်။

ဒတ်ချ်လူမျိုး ဖြစ်တဲ့ ဗန်ဂိုးဟာ ငယ်စဉ်အချိန်တုန်းက တရားဟော ဆရာတယောက် ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပန်းချီဆရာတယောက် ဖြစ်လာခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်မှာပဲ ပန်းချီ စဆွဲခဲ့ပြီး ကွယ်လွန်ချိန်အထိ ပန်းချီကားပေါင်း များစွာ ရေးဆွဲနိုင်ခဲ့ပါတယ်။

ဗန်ဂိုး အသက်ရှင်နေစဉ် ကာလအတွင်းမှာ သူ့ပန်းချီကားတွေက မရောင်းရခဲ့ပေမယ့် ကွယ်လွန်ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ပန်းချီကားတွေဟာ ဒေါ်လာ သန်းနဲ့ချီ တန်ဖိုး ရှိလာခဲ့ပါတယ်။ သူ မကွယ်လွန်ခင်က သူ ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို အမြတ်တနိုး တန်ဖိုးထားပြီး ကြည့်ရှုသူဆိုလို့ သူ့ညီဖြစ်တဲ့ သီအို တယောက်သာ ရှိခဲ့ပါတယ်။ ဗန်ဂိုးကလည်း သူရေးဆွဲခဲ့သမျှ ပန်းချီကားတွေကို သူ့ညီဆီကိုသာ ပို့ပေးလေ့ ရှိပါတယ်။

ဗန်ဂိုးရဲ့ “The Starry Night” ပန်းချီကား

သီအိုဟာ ဗန်ဂိုးရဲ့ဘဝမှာ အရေးပါတဲ့ လူတယောက်ဖြစ်သလို ဗန်ဂိုး ပန်းချီဆွဲနေခဲ့တဲ့ ကာလ တလျှောက်လုံး ထောက်ပံ့ပေးခဲ့သူ တယောက်ပါ။ ဗန်ဂိုးရဲ့ဘဝဟာ ထူးဆန်းသလို ဆန်းလည်း ဆန်းပြားလှပါတယ်။ သူဟာ ကိုယ့် နားရွက်တဖက်ကို ကိုယ်တိုင် ဖြတ်ပြီး မိန်းကလေး တယောက်ကို လက်ဆောင်ပေးခဲ့ဖူးပါတယ်။

လူတွေကတာ့ ဗန်ဂိုးကို အရောင်တွေနဲ့ စကားပြောသူလို့ တင်စား ပြောဆိုလေ့ ရှိပါတယ်။ တကယ်တော့ ဗန်ဂိုးဟာ သူ့စိတ်ခံစားချက်တွေကို အရောင်တွေနဲ့သာ ဖော်ပြလေ့ ရှိတဲ့ လူတယောက်ပါ။ ဒါကြောင့်လည်း နှစ်တွေ အများကြီး ကြာလာခဲ့ပေမယ့် သူနာမည်က သေမသွားခဲ့ပါဘူး။ ဘဝကို အထီးကျန်ဆန်ဆန် ဖြတ်သန်းခဲ့သူတယောက်ဖြစ်တဲ့ သူ့အကြောင်းတွေက နောက်ပိုင်း ပန်းချီပညာရှင်တွေအကြားမှာ တအံ့တသြ ဖြစ်ခဲ့ရပါတယ်။

ဗန်ဂိုးဟာ အနေဆင်းရဲ ၊ အစားဆင်းရဲ နေထိုင်ခဲ့ရပြီး ပန်းချီဆရာဘဝမှာ ၁၀ နှစ်ကြာကြာသာ နေထိုင်သွားခဲ့ရပေမယ့် ကိုယ်လုပ်ချင်တာကိုသာ တစိုက်မတ်မတ် လုပ်ခဲ့သူတယောက် ဖြစ်ပါတယ်။

ဗန်ဂိုးရဲ့ “The Potato Eaters” ပန်းချီကား

ဘဝရဲ့အဆုံးသတ်ပုံ မလှပခဲ့ပေမယ့် သူ့ပန်းချီကားတွေကတော့ အခုချိန်ထိတိုင် လှပနေတုန်းပါပဲ။ သူ့ပန်းချီကားတွေဟာ လူသားတွေကို အကျိုးပြုနေတုန်းပါပဲ။ ဗန်ဂိုးရဲ့ပန်းချီကားတွေထဲမှာ နာမည် အကြီးဆုံးကတော့ “ကြယ်တွေစုံတဲ့ည” (The Starry Night) ဆိုတဲ့ ပန်းချီကားပါ။ အဲဒီ ပန်းချီကားကိုတော့ သူစိတ်ကျန်းမာရေးဆေးရုံ တက်နေစဉ် ကာလအတွင်း ရေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ထပ် နာမည်ကြီး ပန်းချီကားကတော့ “အာလူးစားသူများ” (The Potato Eaters) ဆိုတဲ့ ပန်းချီကားပါ။

၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်းမှာ ဗန်ဂိုး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ သေနတ်ကို လေလံတင်ပွဲ ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီသေနတ်ကို လေလံဈေး အမေရိကန်ဒေါ်လာ ၁၈၂, ၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

နှစ်တွေ အများကြီး ကြာခဲ့ပြီ ဖြစ်ပေမယ့် ဗန်ဂိုးရဲ့အကြောင်းကို လူတွေက တခမ်းတနား ပြောဆိုနေကြတုန်းပါပဲ။ သူ့လက်ရာ ပန်းချီကားဟာ ဒေါ်လာ သန်းပေါင်းများစွာ တန်နေတုန်းပါပဲ။

ကိုးကား – en.wikipedia.org 

You may also like these stories:

အမ်စတာဒမ်၊ ဗန်ဂိုးပြတိုက်မှာရှိတဲ့ ဓာတ်ပုံဟာ ဗင်းဆင့်ဗန်ဂိုးပုံ မဟုတ်ဟု ဆို

ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုး မွေးရပ်ဒေသက ကမ္ဘာ့အကြီးမားဆုံးပန်းပွဲတော်

စိတ်ကျဝေဒနာ ခံစားခဲ့ရတဲ့ နှောင်းခေတ် ကမ္ဘာကျော်အနုပညာရှင်များ

Did you find apk for android? You can find new Free Android Games and apps.
Loading