• English
Thursday, September 21, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

    ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

    နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

    နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

    ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

    ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      သီချင်း ညည်းတတ်သည့် အလေ့

      သီချင်း ညည်းတတ်သည့် အလေ့

      ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ

      ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ

      မိန်းမ နှင့် အလှတရား

      မိန်းမ နှင့် အလှတရား

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home Lifestyle Culture

          ခရစ္စမတ်ပွဲတော် ကျင်းပခွင့် ပိတ်ပင်ခဲ့ကြဖူးတဲ့ နိုင်ငံများ

          by ညီညီသူ
          22 December 2019
          in Culture
          Reading Time: 1 min read
          A A
          နိုင်ငံတကာမှာ ကျင်းပတဲ့ ခရစ္စမတ်ပွဲတော်

          နိုင်ငံတကာမှာ ကျင်းပတဲ့ ခရစ္စမတ်ပွဲတော်

          13k
          VIEWS
          Share on FacebookShare on Twitter

          ခရစ္စမတ်ပွဲတော်ဟာ ဘာသာရေးအခြေခံပြီး ပေါ်ပေါက်လာတဲ့ ပွဲတော်တခုပါ။ ဘာသာရေး အစွန်းရောက် နိုင်ငံတချို့တွေမှာ ခရစ္စမတ်ပွဲတော် မကျင်းပဖို့ အာဏာနဲ့ ပိတ်ပင်ခဲ့ကြဖူးတဲ့ နိုင်ငံတွေ ရှိခဲ့သလို ရောဂါကပ်ဆိုးကြီး ဆိုက်ရောက်နေချိန်နဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေချိန် ကာလမျိုးတွေမှာလည်း ခရစ္စမတ်ပွဲတော် ကျင်းပခွင့်တွေကို ပိတ်ပင်ခဲ့ကြဖူးပါတယ်။ ဒါကြောင့် ခရစ္စမတ်ပွဲတော် မကျင်းပဖို့ တားမြစ်ခဲ့ကြဖူးတဲ့ နိုင်ငံတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

          (၁) ဆီရီယာလီယွန်းနိုင်ငံ

          RelatedPosts

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          17 September 2023
          1.3k
          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          16 September 2023
          308
          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          13 September 2023
          1.3k

          အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ ဆီရီယာလီယွန်းနိုင်ငံမှာ အီဘိုလာရောဂါ အကြီးအကျယ် ဖြစ်ပွား နေတဲ့ ၂၀၁၄ ခုနှစ်မှာတော့ ခရစ္စမတ်ပွဲတော် မကျင်းပဖို့ အစိုးရက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ရတဲ့အကြောင်းကလည်း အီဘိုလာရောဂါကြောင့်ပါ။

          ဆီရီယာလီယွန်းနိုင်ငံမှာ အများစု နေထိုင်ကြတာကတော့ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး ခရစ်ယာန် အနည်းငယ်သာ ရှိပေမယ့် ခရစ္စမတ်ပွဲတော်ကို ကျင်းပလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း အီဘိုလာရောဂါ ဖြစ်နေတဲ့ အချိန်မှာတော့ ရောဂါကူးစက်မှုနှုန်း တိုးမလာစေဖို့ အာဏာပိုင်တွေက ခရစ္စမတ်ပွဲတော်ကို တားမြစ်ခဲ့ဖူးပါတယ်။

          (၂) ဘရူနိုင်းနိုင်ငံ

          ၂၀၁၅ ခုနှစ်မှာတော့ ရေနံကြွယ်ဝတဲ့ နိုင်ငံငယ်လေးရဲ့ ဆူလ်တန်ဘုရင်က ဘရူနိုင်းနိုင်ငံမှာ ခရစ္စမတ်ပွဲတော်ကို တားမြစ်ခဲ့ပြီး ပွဲတော်ကျင်းပတဲ့ ဘယ်သူ့ကိုမဆို ထောင်ဒဏ် ၅ နှစ် ချမှတ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဆူလ်တန်ဘုရင်ရဲ့ကြေညာချက်ကြောင့် တကမ္ဘာလုံး လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရပါတယ်။

          မွတ်ဆလင်လူထုရဲ့စိတ်ကို ယိမ်းယိုင်သွားနိုင်စေတဲ့အတွက် ခရစ္စမတ်ပွဲတော် ကျင်းပခွင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်း အကြောင်းပြခဲ့ပြီး ခရစ္စမတ်ပွဲတော်ကို ပိတ်ပင်လာခဲ့ပါတယ်။ ဘရူနိုင်းနိုင်ငံမှာ ခရစ္စမတ်ပွဲတော် ကျင်းပလိုသူတွေအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို စာတင်ရမှာဖြစ်သလို ခွင့်ပြုချက်ရရင်လည်း သိုသိုသိပ်သိပ်သာ ကျင်းပခွင့်ပြုခဲ့ပါတယ်။ ခရစ္စမတ်နဲ့ ပတ်သက်တဲ့ ဆန်တာ ဦးထုပ်ဆောင်းတာ၊ ခရစ်ယာန် ဓမ္မတေးသီဆိုတာတွေကိုလည်း တင်းတင်းကြပ်ကြပ် ပိတ်ပင်ခဲ့ပါတယ်။

          (၃) တာဂျစ်ကစ္စတန်နိုင်ငံ

          ဘရူနိုင်းနိုင်ငံလိုပဲ တာဂျစ်ကစ္စတန်နိုင်ငံကလည်း ၂၀၁၅ ခုနှစ်ကစပြီး ခရစ္စမတ်သစ်ပင် စိုက်တာ၊ ပွဲလမ်းသဘင် ကျင်းပတာ၊ လက်ဆောင်ပစ္စည်း ဖလှယ်တာ စတာတွေ မပြုလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။ ခရစ္စမတ်ရဲ့ အမှတ်အသားတခုဖြစ်တဲ့ ဆန်တာကလော့စ် ဝတ်စုံတွေ ဝတ်ဆင်ခြင်း မပြုကြဖို့လည်း အာဏာနဲ့ ဖိအားတွေ ပေးခဲ့သလို ၂၀၁၁ ခုနှစ်မှာလည်း ဆန်တာကလော့စ် ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသားတယောက်ကို သေဒဏ်ပေးခဲ့ပါတယ်။

          အစ္စလာမ်ဘာသာဝင် အများစု နေထိုင်တဲ့ တာဂျစ်ကစ္စတန်နိုင်ငံမှာဆိုရင်လည်း ခရစ်ယာန်ဘာသာဝင်တွေကို ဖိနှိပ်မှုက ပိုပြီးပြင်းထန်းလာခဲ့သလို ဟောလိုးဝင်းပွဲတော်ကိုလည်း တားမြစ်ထားပါတယ်။

          (၄) မြောက်ကိုရီးယားနိုင်ငံ

          ခရစ္စမတ်ပွဲတော် ကျင်းပတာနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားနိုင်ငံမှာ တရားဝင် တားမြစ်တာမျိုး မရှိပေမယ့် သိပ်လိုလားတဲ့ပုံလည်း မရှိပါဘူး။ ဘုရားမဲ့ဝါဒ စွဲကိုင်ထားတဲ့နိုင်ငံ ဖြစ်တာကြောင့်လည်း မြောက်ကိုရီးယားမှာ ခရစ္စမတ်ပွဲတော် ကျင်းပတာက အန္တရာယ် သိပ်များပါတယ်။

          (၅) ဆော်ဒီအာရေဗျနိုင်ငံ

          ဆော်ဒီအာရေဗျနိုင်ငံမှာဆိုရင်လည်း ခရစ္စမတ်ပွဲတော်ကို ကိုယ့်အိမ်အတွင်းမှာ တိတ်တိတ်ဆိတ်ဆိတ်သာ ကျင်းပခွင့် ရခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ဆော်ဒီအာရေဗျနိုင်ငံမှာ ခရစ္စမတ်ပွဲတော်ကို ပိတ်ပင်ကြောင်း နိုင်ငံပိုင် မီဒီယာတွေကနေ တရားဝင် ကြေညာပေးဖို့ လူတချို့က တောင်းဆိုခဲ့ကြပါသေးတယ်။ ဘာသာရေး အစွန်းရောက်တွေ မရှိတဲ့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ တချို့ဒေသတွေမှာတော့ ခရစ္စမတ် သစ်ပင် စိုက်ပျိုးတာ၊ ခရစ္စမတ်ပွဲတော် ကျင်းပတာတွေကိုတော့ လုပ်ဆောင်နေကြတုန်းပါ။

          (၆) အယ်လ်ဘေးနီးယားနိုင်ငံ

          အယ်လ်ဘေးနီးယားနိုင်ငံအနေနဲ့ ၁၉၆၇ ခုနှစ်ကစပြီး ခရစ္စမတ်ပွဲတော်ကို တားမြစ်ခဲ့ရုံသာမက ကမ္ဘာပေါ်မှာ ပထမဆုံးသော ဘုရားမဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ကွန်မြူနစ်ပါတီ ကျဆုံးတဲ့ ၁၉၇၀ ခုနှစ်ကစလို့ ပိတ်ပင်ထားမှုတွေကို ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

          (၇) အင်္ဂလန်နိုင်ငံ

          ခရစ်ယာန်ဘာသာဝင်တွေ များတဲ့ အင်္ဂလန်နိုင်ငံမှာ ခရစ္စမတ်ပွဲတော် ကျင်းပဖို့ တားမြစ်ခံခဲ့ရဖူးတယ်လို့ ပြောလိုက်ရင် လူတွေအံ့သြသွားမှာတော့ အမှန်ပါ။ ဒါပေမဲ့ အင်္ဂလန်နိုင်ငံမှာလည်း ခရစ္စမတ်ပွဲတော်ကို တားမြစ်ခဲ့ဖူးပါတယ်။ အင်္ဂလန်နိုင်ငံမှာ ဘုရင်စနစ်ကို ဖြုတ်ချတဲ့ ပြည်တွင်းစစ် ပေါ်ပေါက်ခဲ့ဖူးပြီး ဘုရင်ချားလ်စ်ကို ကွပ်မျက် ပြီးနောက်ပိုင်း ၁၆၄၅ ခုနှစ်ကနေ ၁၆၆၀ခုနှစ်အထိ ခရစ္စမတ်နဲ့ စိန့်သူတော်စင်နေ့တွေကို ကျင်းပနိုင်ဖို့အခွင့်အရေး နည်းပါးခဲ့ပါတယ်။

          အကြောင်းကတော့ ပရိုတက်စတင့်နဲ့ ရိုမန်ကက်သလစ်တွေ အကြား အငြင်းပွားမှုတွေ ပြင်းထန်နေတဲ့အတွက်ကြောင့်ဖြစ်သလို အဲဒီကာလမှာ အာဏာရှိတဲ့ အိုလီဗာကရွမ်းဝဲလ်ကလည်း ခရစ္စမတ်ပွဲတော် ကျင်းပတာနဲ့ ပတ်သက်ပြီး အင်တိုက်အားတိုက် မရှိတဲ့အတွက်ကြောင့်ပါ။

          ဒါကြောင့်လည်း ဒေါသထွက်နေတဲ့ လန်ဒန်မြို့သားတွေက လန်ဒန် လမ်းမကြီးတွေပေါ် ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီကာလတွေမှာဆိုရင် အင်္ဂလန်နိုင်ငံမှာ ခရစ္စမတ်ပွဲတော် ဆိတ်သုဉ်းခဲ့ရပါတယ်။ ကရွမ်းဝဲလ် ကွယ်လွန်ပြီး ၁၆၅၈ ခုနှစ်နောက်ပိုင်း ၂ နှစ်အကြာ ၁၆၆၀ မှာတော့ ခရစ္စမတ်ပွဲတော်က အင်္ဂလန်နိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။

          (၈) အမေရိကန်ပြည်ထောင်စု

          အမေရိကန်ပြည်ထောင်စုကို ပြူရီတန်တွေအုပ်ချုပ်စဉ်ကာလ ၁၆၂၀ခုနှစ်စပြီး ခရစ္စမတ်ပွဲတော်ကို တားမြစ်ခဲ့ကြပေမယ့် ၁၆၈၉ ခုနှစ်မှာတော့ တားမြစ်မှုကို ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

          (၉) ကျူးဘားနိုင်ငံ

          ဖီဒယ်ကတ်စထရို အုပ်ချုပ်စဉ်ကာလ ၁၉၅၉ ခုနှစ်မှာ ကျူးဘားအစိုးရကို ဘုရားမဲ့ဝါဒ ကိုင်စွဲထားတဲ့ အစိုးရအဖြစ် ကမ္ဘာကိုကြေညာခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်ကစလို့ ကွန်မြူနစ်ခေါင်းဆောင်က ခရစ္စမတ်ကို တားမြစ်ခဲ့ပြီး ခရစ္စမတ်ပါတီတွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ် ပုပ်ဂျွန်ပေါလ် ၂ ကျူးဘားကို အလည်သွားရောက်စဉ်မှာတော့ ပိတ်ပင်ချက်ကို ရုတ်သိမ်းခဲ့ပြီး နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် ကတ်စထရိုက ကြေညာခဲ့ပါတယ်။

          (၁၀) တရုတ်နိုင်ငံ

          တရုတ်နိုင်ငံမှာ ခရစ္စမတ်ပွဲတော်ကို တားမြစ်လာခဲ့တာကတော့ ၁၉၄၉ ခုနှစ်ကတည်းပါ။ တရုတ်နိုင်ငံအတွက်တော့ ခရစ္စမတ်ကာလဟာ အစိုးရရုံးပိတ်ရက် မဟုတ်ပေမယ့် ခရစ်ယာန်ဘာသာဝင်တွေကတော့ ခရစ္စမတ်ပွဲတော်ကို ကိုယ့်ပုံစံနဲ့ကိုယ် ကျင်းပလေ့ ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ လမ်းမတွေမှာ ဓမ္မသီချင်းလိုက်ဆိုတာကိုလည်း တားမြစ်ထားပါတယ်။

          (၁၁) ဆိုမာလီယာနိုင်ငံ

          ၂၀၁၃ ခုနှစ်မှာတော့ မွတ်ဆလင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ဆိုမာလီယာနိုင်ငံကလည်း ခရစ္စမတ်ပွဲတော်ကို ပိတ်ပင်ခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာတော့ နှစ်သစ်ကူးပွဲတော် ကျင်းပတာကိုပါ ပိတ်ပင်ခဲ့ပါတယ်။

          Ref: indiatoday

          Your Thoughts …
          Tags: ခရစ္စမတ်ပွဲတော်ဘာသာရေး
          ညီညီသူ

          ညီညီသူ

          Similar Picks:

          စပိန်နိုင်ငံက ခရမ်းချဉ်သီးပွဲတော်

          စပိန်နိုင်ငံက ပျော်စရာကောင်းတဲ့ ခရမ်းချဉ်သီးပွဲတော်

          by ညီညီသူ
          29 August 2019
          4.2k

          နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိတဲ့ ခရမ်းချဉ်သီးပွဲတော်ဟာ စပိန်နိုင်ငံကို နိုင်ငံခြားဝင်ငွေ ရအောင် ရှာပေးနေတဲ့ ပွဲတော်လည်း ဖြစ်လာခဲ့ပါတယ်။

          ၂၀၂၁ ရဲ့ မြန်မာပြည်က ခရစ်စမတ်သည် သွေးစွန်းခဲ့ရပြီဖြစ်သည် 

          ၂၀၂၁ ရဲ့ သွေးစွန်း ခရစ္စမတ်

          by ဧရာဝတီ
          26 December 2021
          20k

          ကျနော်တို့ရဲ့ ပျော်ရွှင်မှုနဲ့ လွတ်လပ်ခွင့်တွေအတွက်၊ ကျနော်တို့ရဲ့ ကယ်တင်ခြင်းအတွက် ကိုယ့်ဟာကိုယ် တိုက်ပွဲဝင် ရယူရမယ့် ခရစ္စမတ်ပဲ ဖြစ်မှာပါ

          တရုတ်စတိုင် ခေါက်ဆွဲကြော် (Chow Mein)

          ကံကောင်းခြင်းတွေ ယူဆောင်လာမယ်ဆိုတဲ့ အယူနဲ့ စားလေ့ရှိတဲ့ တရုတ်စတိုင် ခေါက်ဆွဲကြော်

          by Aurora
          22 December 2019
          6.2k

          ခရစ္စမတ်ညမှာ ပြင်ဆင်ချက်ပြုတ် စားလေ့ရှိတဲ့ထဲက ကံကောင်းခြင်း အယူအဆတွေ လွှမ်းမိုးထားတဲ့ တရုတ်စတိုင်ခေါက်ဆွဲကြော် (Chow Mein) ကို ညွှန်းဆိုပေးချင်ပါတယ်။

          ၂၀၁၆ ခုနှစ်က မန္တလေးမြို့အတွင်းရှိ ဘုရားကျောင်းတခုတွင် ခရစ္စမတ်ပွဲတော် ကျင်းပနေစဉ်  / ဧရာဝတီ

          စာနာမှုများဖြင့် ခရစ္စမတ်ပျော်ရွှင်ပွဲ မလုပ်ရန် မန္တလေးကက်သလစ်ဂိုဏ်းချုပ် ညွှန်ကြား

          by ဧရာဝတီ
          16 November 2022
          7.8k

          ခရစ္စမတ်ပွဲ မကျင်းပရန် တားမြစ်ခြင်း မဟုတ်ဘဲ မီးရောင်စုံထွန်းကာ သီဆိုပျော်ပါးဖြုန်းတီးမှုများ မလုပ်ကြဘဲ စာနာမှုကိုယ်ချင်းစာတရား၊ နားလည်ဖေးမမှုများနှင့် လူသားချင်းစာနာ ထောက်ထားသည့် အကူ အညီများ ရနိုင်သလောက် ပေးနိုင်ရန် တိုက်တွန်းထားသည်ဟု နားလည်ကြောင်း

          စာရေးဆရာမ မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့် အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာ ပွဲတော် / မျိုးမင်းစိုး / ဧရာဝတီ

          မိုးမိုး(အင်းလျား)၇၅နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံ နှုတ်ခွန်းဆက် စကားပို့

          by လဲ့လဲ့
          25 October 2019
          9.2k

          “မသုဓမ္မစာရီ ဝတ္ထု”ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ကြည်စိုးထွန်းကလည်း မိုးမိုး (အင်းလျား)က မိခင်ဆန်သော မိန်းမ၊ မြန်မာမိန်းမနှင့်တူသောမိန်းမဟု မှတ်ချက်ပြုခဲ့သည်။

          ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Loy Krathong ပွဲတော်

          ထိုင်းနိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ Loy Krathong ပွဲတော်

          by ညီညီသူ
          8 November 2019
          6.2k

          ဒီပွဲတော်ကို နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲတော်ဟာ ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ပွဲတော်ဖြစ်ပြီး မိသားစုတွေအနေနဲ့လည်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်တဲ့ပွဲလည်း ဖြစ်ပါတယ်။

          Next Post
          မိဘကို သက်ဆုံးထိ လုပ်ကျွေးတော့မယ်ဆိုတဲ့ ကိုအောင်ကြီး  / ထက်နိုင်ဇော် / ဧရာဝတီ

          ကလေး အတွက် အမှန်တရား အမြန်ဆုံး ပေါ်ပေါက်ပါစေလို့ ကျနော် ဆုတောင်းပါတယ်

          အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့

          တိုးတက်မှု မြန်ဆန်လာတဲ့ ဂျေရုဆလင် ခရီးသွားလုပ်ငန်း

          No Result
          View All Result

          Recommended

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          2 days ago
          11.9k
          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          1 week ago
          24.3k

          Most Read

          • မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            shares
            Share 0 Tweet 0
          • မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

            shares
            Share 0 Tweet 0
          • ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

            shares
            Share 0 Tweet 0
          • နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

            shares
            Share 0 Tweet 0
          • CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved