• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အဆိုပြုလွှာမူကြမ်း ထပ်တင်

by ဧရာဝတီ
24 September 2021
in Culture
A A
၂၀၁၉ အောက်တိုဘာလတွင် မြင်တွေ့ရသည့် မြောက်ဦး  / ဧရာဝတီ

၂၀၁၉ အောက်တိုဘာလတွင် မြင်တွေ့ရသည့် မြောက်ဦး / ဧရာဝတီ

90.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် အဆိုပြုလွှာမူကြမ်းကို ၂၀၂၁ စက်တင်ဘာ လဆန်းပိုင်းက ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သို့ ထပ်မံ တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မြောက်ဦးဒေသနှင့် ပတ်သက်သည့် ယင်းအဆိုပြုလွှာမူကြမ်း (Nomination Dossier – Draft) ကို ၂၀၁၉ စက်တင်ဘာ တွင် လည်းကောင်း၊ ၂၀၂၀ ဇန်နဝါရီတွင် အဆိုပြုလွှာမူချော (Nomination Dossier – Complete) ကိုလည်းကောင်း ပထမတကြိမ် တင်သွင်းခဲ့ပြီး ဖြစ်သည်။

RelatedPosts

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
21
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
149
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
176

သို့သော် နယ်မြေမတည်ငြိမ်မှုနှင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါများကြောင့် နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို သတ်မှတ် အချိန်ကာလအတွင်း မလုပ်ဆောင်နိုင်ခဲ့သည့်အတွက် ယခုအခါ အဆိုပြုလွှာမူကြမ်းကို ထပ်မံ တင်သွင်းရခြင်းဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး က ဧရာဝတီကို ပြောသည်။

၎င်းက “တင်ခဲ့တဲ့ဟာကို ကျနော်တို့က Pending (ဆိုင်းငံ့) လုပ်လိုက်ရတယ်။ နိုင်ငံတကာ ပညာရှင်တွေဘက်မှာလည်း ကမ္ဘာ့ ကပ်ရောဂါကိုဗစ် ပြဿနာ ရှိတယ်။ ဒေသတွင်းမှာလည်း၂၀၁၉ ကတည်းကဖြစ်တဲ့ ဖြစ်စဉ်ပေါ်မှာ မူတည်ပြီး ကျနော်တို့ ဘက်ကလည်း တိုးတက် ဆောင်ရွက်ထားရှိမှု မရှိပြန်ဘူး။ အဲဒီ အခြေအနေတွေ အားလုံးက တင်ပြချက်တွေနဲ့အညီ ကျနော်တို့ မလုပ်ဆောင်နိုင်တဲ့သဘော ဖြစ်တာရယ်၊ လာတဲ့သူကို တာဝန်ခံ တာဝန်ယူပြီးတော့ ဆောင်ရွက်ပေးနိုင်တဲ့ အနေအထား မရှိတာရယ်ကြောင့် Pending လုပ်ခဲ့ရတယ်။ အခုမှ ပြန်စလုပ်ရတာပေါ့” ဟု ရှင်းပြသည်။

၂၀၁၉ အောက်တိုဘာလတွင် မြင်တွေ့ရသည့် မြောက်ဦး (ဓာတ်ပုံ/ဧရာဝတီ)

ယခု စက်တင်ဘာ လဆန်းပိုင်းက အဆိုပြုလွှာမူကြမ်းကို တင်လိုက်ပြီး ဖြစ်သည့်အတွက် ၂၀၂၂ တွင် ပြီးပြည့်စုံသည့် မူချော (Nomination Dossier – Complete) ကို တင်ရမည်ဖြစ်ကြောင်း၊ ထို့နောက် ၂၀၂၃ ဇွန်၊ ဇူလိုင်လအတွင်း ပုံမှန် ကျင်းပမည့် UNESCO ၏ အစည်းအဝေးတွင် မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်သင့်၊ မသင့် အဆုံး အဖြတ် ပေးမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် ၂၀၁၇ ခုနှစ်မှ စတင်ကာ မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းပြီး ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးသန်းဇော်ဦးက “၂၀၂၂ ဖေဖော်ဝါရီလ နောက်ဆုံးထားပြီး တင်ရတာကတော့ Complete ခေါ်တဲ့ ပြီးပြည့်စုံတဲ့ မူချောကို တင်ရမှာ ဖြစ်ပါတယ်။ အဲဒါ ပြီးသွားရင် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာမှာ ပညာရှင်တွေ လာပါမယ်။ မြောက်ဦးဒေ သကို လာလေ့လာစုံစမ်းမယ်။ အဲဒါပြီးသွားရင် ၂၀၂၃ မတ်၊ ဧပြီမှာ အကြံပေးအဖွဲ့ အစီရင်ခံစာ တင်ပေးတယ်။ ကမ္ဘာ့အမွေ အနှစ် ကော်မတီထံကို တင်ပြရတယ်။ ၂၀၂၃ ဇွန်၊ ဇူလိုင်မှာ ပုံမှန်ကျင်းပတဲ့ အစည်းအဝေးကနေ မြောက်ဦးကို ကမ္ဘာ့အမွေ အနှစ် ပေးသင့်တယ်၊ သတ်မှတ်သင့်တယ် ဆိုတာကို ဆုံးဖြတ်ပေးမယ်” ဟု ပြောသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် ၂၀၁၇ ခုနှစ်မှ စတင်ကာ မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းပြီး ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ နှစ်ဆန်းပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် စစ်တပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ကြား ဖြစ်ပွားခဲ့ သည့် တိုက်ပွဲများတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ရှေးဟောင်းအမွေအနှစ်တချို့ ထိခိုက်ပျက်စီမှုများ ရှိခဲ့သည်။

ထို့ပြင် စစ်တပ်က စေတီပုထိုးများ တည်ထားကိုးကွယ်သည့် နေရာများတွင် ပစ်ကျင်းများ၊ ဗန်ကာများ တူးပြီး တပ်စွဲနေထိုင် ခဲ့သည့်အတွက် ရှေးဟောင်းအမွေအနှစ်တချို့ ပျက်စီးမှု ရှိခဲ့ကြောင်းလည်း မြောက်ဦးမြို့ခံများက ပြောသည်။

လက်ရှိ အချိန်တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ထားပြီး စစ်အေးကာလ ရောက်ချိန်၌လည်း မြောက်ဦးမြို့နယ် ရှေးဟောင်း ဇုန် နယ်နိမိတ်အတွင်း ကျူးကျော်အိမ်များ ဝင်ရောက် ဆောက်လုပ်ခြင်း၊ ဇုန်နယ်မြေအတွင်းရှိ တောင်များကို ဖြိုချပြီး ကျုံး များအား မြေဖို့ခြင်းများ လုပ်ဆောင်နေခြင်းတို့ကြောင့် မြောက်ဦး ရှေးဟောင်းအမွေအနှစ်များမှာ အန္တရာယ် ကျရောက်နေ ကြောင်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

၂၀၁၉ အောက်တိုဘာလတွင် မြင်တွေ့ရသည့် မြောက်ဦး (ဓာတ်ပုံ/ဧရာဝတီ)

၎င်းက “တောင်တွေကို တူးတယ်၊ ကျုံးတွေကို မြေဖို့တယ်။ ကျူးကျော်အိမ်တွေ ဆောက်တယ်။ ကျူးကျော်အိမ် ဆိုတာတွေကို ဘူ ဒိုဇာနဲ့ ထိုးလိုက်ရင် ရသေးတယ်။ တောင်တွေ တူးလိုက်တာတွေက ကော်နဲ့ ပြန်ကပ်လို့လည်း မရတော့ဘူး။ ဖားကန့်မှာ တူးသလိုမျိုး မြောက်ဦးမှာ အခုအဲဒီလို မျိုးဖြစ်နေတယ်။ အရင်တုန်းက တောင်တတောင်ကို ဖြိုရင် ပေါက်တူးနဲ့ တူးရတာ ဆိုတော့ ၁/၂ လလောက်တော့ ကြာတယ်။ အခု မြေတူးစက်နဲ့ တူးလိုက်ရင် တမနက်နဲ့ ပြီးသွားတယ်။ မြောက်ဦး ရှေး  ဟောင်းအမွေအနှစ်တွေက အခု တော်တော် အန္တရာယ် များနေတယ်” ဟု သတိပေးပြောဆိုသည်။

ဆက်လက်၍ ၎င်းက မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေး အပါအဝင် ရှေးဟောင်းအမွေအနှစ်များ ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် မြောက်ဦးရှေးဟောင်းသုတေသန ဦးစီးဌာနတွင် ဝန်ထမ်း အင်အား အလုံအလောက် ခန့်အပ်ရန် လိုအပ်ကြောင်း၊ ခန့်အပ်မည့် ဝန်ထမ်းများကိုလည်း ဒေသခံလူငယ်များအား ခန့်အပ် တာ ဝန်ပေးပြီး ရှေးဟောင်းအမွေအနှစ်နှင့် ပတ်သက်သည့် ပညာရပ်များကိုလည်း လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း အကြံပြု ထောက်ပြသည်။

UNESCO သို့ တင်သွင်းသည့် အဆိုပြုလွှာတွင် မြောက်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်း ကျုံး၊ မြောင်း၊ ခံတပ်၊ နန်းတော်ရာ ကုန်း၊ နန်းဓလေ့၊ ညီလာခံ ကျင်းပခဲ့သော နေရာ၊ ရခိုင်ဘုရင်များ ကိုးကွယ်ခဲ့သော ဘုရား ပုထိုးစေတီများ၊ မြောက်ဦးခေတ် က ပေါ်တူဂီ၊ ဒတ်ချ် နိုင်ငံများနှင့် ကူးသန်းရောင်းဝယ်မှု ပြုလုပ်ခဲ့သည့် ကုန်တိုက်များ၊ ဒင်္ဂါးများ၊ သင်္ဘောကျင်းများ၊ စပါးကျီ စသည့် ရှေးဟောင်းသမိုင်းဆိုင်ရာ အထောက်အထားများ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပျူရှေးဟောင်းမြို့များ ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းများကို ၂၀၁၄ ဇွန် ၂၂ ရက် တွင် လည်းကောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသကို၂၀၁၉ ဇူလိုင် ၆ ရက်တွင် လည်းကောင်း ကမ္ဘာ့ အမွေ အနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရပြီး ဖြစ်သလို မြောက်ဦးဒေသကိုလည်း မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် မျှော်မှန်းထားကြသည်။

You may also like these stories:

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး အဟန့်အတားများရှိနေ

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး နောက်ဆုံး အဆိုပြုလွှာတင်

Your Thoughts …
Tags: UNESCOကမ္ဘာ့အမွေအနှစ်မြောက်ဦးအဆိုပြုလွှာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြောက်ဦးတွင် အချုပ်သား ၇ ဦးကို ပစ်သတ်ရန် အမိန့်ပေးခဲ့ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝန်ခံ

မြောက်ဦးတွင် အချုပ်သား ၇ ဦးကို ပစ်သတ်ရန် အမိန့်ပေးခဲ့ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝန်ခံ

by ဧရာဝတီ
29 February 2024
8.2k

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၇၈ တပ်ရင်းအတွင်း ကိုဖိုးလပြည့်နှင့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် ဖမ်းဆီးထားသည့် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အမိန့်ပေးစေခိုင်းသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝန်ခံထားသော ဗီဒီယိုဖိုင်များအား ရက္ခိုင့်တပ်တော် (AA)...

ရခိုင် “ပုံမှန်အခြေအနေသစ်”

ရခိုင် “ပုံမှန်အခြေအနေသစ်”

by ဇေယျ (အညာ)
14 May 2024
6.9k

"အေးအခုတော့ မြောက်ဦးကို ငါတို့ ရခိုင်တွေကိုယ်တိုင် အုပ်ချုပ်နေပြီကွ"

စစ်တွေမြို့

စစ်တွေမြို့

by ဧရာဝတီ
16 March 2025
3.1k

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ၁၈၂၆ ခုနှစ်က အင်္ဂလိပ်နဲ့ ချုပ်ဆိုခဲ့တဲ့ ရန္တပိုစာချုပ် မတိုင်ခင်က ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဟာ မြောက်ဦးမြို့ ဖြစ်ကြောင်း သိရပါတယ်။

မင်းပြားတိုက်ပွဲ လက်နက်ကြီးနှင့် လေကြောင်းကြောင့် အရပ်သားထိခိုက်မှုရှိ

မင်းပြားတိုက်ပွဲ လက်နက်ကြီးနှင့် လေကြောင်းကြောင့် အရပ်သားထိခိုက်မှုရှိ

by ဧရာဝတီ
11 January 2024
2.4k

လက်နက်ကြီးကျည်ဆန်များ မင်းပြားမြို့ပေါ် ရပ်ကွက်များသို့ ကျရောက် ပေါက်ကွဲမှုကြောင့် မြို့ခံများ ထိခိုက်ဒဏ်ရာများရရှိသလို မြို့မဈေးကြီးရှိ ဆိုင်ခန်းများမှာလည်း မီးလောင်မှုဖြစ်ပွားနေကြောင်း

မြောက်ဦးမြို့တွင်း တိုက်ပွဲပြင်းထန်နေ

မြောက်ဦးမြို့တွင်း တိုက်ပွဲပြင်းထန်နေ

by ဧရာဝတီ
10 January 2024
2.4k

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲကြောင့် မြောက်ဦးမြို့လုံးကျွတ် ထွက်ပြေး

တိုက်ပွဲကြောင့် မြောက်ဦးမြို့လုံးကျွတ် ထွက်ပြေး

by ဧရာဝတီ
26 December 2023
1.6k

မြောက်ဦးမြို့ မြတန်ဆောင် စစ်ရှောင်စခန်းမှ စစ်ရှောင် ၂ ဦး အပါအဝင် မြို့ခံ ၉ ဦး ကိုလည်း စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း

Next Post
စစ်အာဏာရှင်အောက်မှာ ကြီးထွားလာမယ့် ခရိုနီလက်သစ်များ (ရုပ်/သံ)

စစ်အာဏာရှင်အောက်မှာ ကြီးထွားလာမယ့် ခရိုနီလက်သစ်များ (ရုပ်/သံ)

လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို၂၀၁၉ ခုနှစ်အတွင်း အတူတကွ မြင်ရစဉ်

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.6k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate