အခုခေတ်လို Facebook အသုံးပြုမှု များလာချိန်မှာ မိမိရဲ့ အကောင့်မှာ သုံးမယ့် Profile ပုံကို ကိုယ်တိုင် မရွေးဘဲ အနီးစပ်ဆုံး အရင်းနှီးဆုံး သူငယ်ချင်းကို ရွေးခိုင်းပြီး သူ ပြောတဲ့ပုံကို Profile အဖြစ် ထားရှိ အသုံးပြုတာ အ ကောင်းဆုံး ဖြစ်တယ်လို့ လေ့လာချက်များအရ သိလာရပါတယ်။
ဒီလို အကောင်းဆုံး ပုံဖြစ်လာတယ်ဆိုတာကလည်း တခြားတော့ မဟုတ်ပါဘူး။
မိမိရဲ့အကောင့်ကို တခြားသူက Wall ထဲထိအောင် ဝင်မကြည့်ခင် အရင်ဆုံး မြင်မှာက ကိုယ့်ရဲ့ပုံဖြစ်လို့ ဒီပုံဟာ ကြည့် ကောင်းဖို့၊ မိမိ စိတ်နေစိတ်ထား၊ ပုံစံ၊ အဆင့်အတန်း အားလုံးကို ကိုယ်စားပြုနိုင်တာကြောင့် အခုလို သေချာတဲ့ ရွေးချယ်မှု လုပ်ပြီးမှ ပုံတင်ဖို့ ကောင်းသလို ပုံကောင်းကောင်းကိုလည်း ရွေးချယ်နိုင်ဖို့ လိုအပ်လာတာပါ။
လေ့လာချက်အရတော့ အကောင့်ပိုင်ရှင်အနေနဲ့ မိမိရဲ့ စိတ်ကြိုက် Profile ပုံကို တင်ရာမှာ အကောင်းဆုံး ရွေးချယ်မှု မရ ရှိဘဲနဲ့ အရင်းနှီးဆုံး သူငယ်ချင်း မိတ်ဆွေက ရွေးချယ်ပေးမှ အကောင်းဆုံး ရရှိတယ်လို့ စစ်တမ်းများအရ သိလာရတာပါ။
ဆစ်ဒနီမှာရှိတဲ့ နယူဆောက်ဝေး တက္ကသိုလ်က ဆေးပညာလေ့လာသူ David White က အခုလို Profile ပုံ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး Facebook သုံးသူပေါင်း တက္ကသိုလ်ကျောင်းသား ၁၀၀ ကျော်ကို ကိုယ်တိုင် Profile ပုံ ရွေးချယ်စေမှုနဲ့ သူ ငယ်ချင်းတွေဆီကနေ Profile ပုံ ရွေးချယ်စေမှု အကြိမ်ကြိမ် လုပ်ဆောင်စေခဲ့ပြီး အခုလို ရလဒ် ထွက်လာတာလည်း ဖြစ် ပါတယ်။
ဒီလို စစ်ဆေးလေ့လာချက်တွေအရ အကောင့်ပိုင်ရှင်က သူကိုယ်တိုင် ရွေးချယ်တဲ့ပုံတွေထက် သူ့ရဲ့သူငယ်ချင်းတွေကနေ ရွေး ချယ်ပေးတဲ့ ပုံတွေက ပိုမို လေးနက်ကောင်းမွန်တာ တွေ့လာရတာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ Like ရရှိမှုနဲ့ လူအများ စိတ်ဝင်စားခံရမှုအပိုင်းမှာလည်း သူငယ်ချင်းတွေ ရွေးချယ်ပေးတဲ့ ပုံကို Profile အဖြစ် သုံးချိန်မှာ ပိုမို စိတ်ဝင်စား Like များတာ တွေ့ရတယ်လို့ သိရပါတယ်။
David White ကတော့ အခုလို ဘေးလူကနေ ရွေးချယ်ပေးတဲ့ ပုံတွေက ပိုမို စိတ်ဝင်စားစရာ ကောင်းနေခြင်းဟာ ဓာတ်ပုံ ပိုင်ရှင်တွေအနေနဲ့ ဘယ်လိုပဲ ရင့်ကျက်မှု ရှိနေပါစေ ကိုယ်တိုင်အမြင်မှာ မသိစိတ်ရဲ့ဖုံးကွယ်မှု တခုခုကြောင့် ကောင်းမွန် မှန် ကန်တဲ့ ပုံကောင်းကို ရွေးချယ်နိုင်မှု အားနည်းခြင်း ဖြစ်တယ်လို့ ဆိုသလို ဘေးလူအနေနဲ့ကတော့ ဓာတ်ပုံကိုမှ မဟုတ်ဘဲ လူကိုယ်တိုင်ကိုပဲ မြင်လိုက်တာနဲ့ ဘယ်လို အနေအထား၊ ပုံစံ၊ အဆင့်အတန်းဆိုတာ ခွဲခြားစိတ် ရှိနေပြီး ဖြစ်လို့ အခုလို ပုံ ကောင်းကို ရွေးချယ်နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် တဆက်တည်းအနေနဲ့ သူကပဲ အခုလို Profile အဖြစ် ထားမယ့်ပုံကို သူငယ်ချင်း ရွေးချယ်ခိုင်းပြီး ထားရှိ အသုံး ပြုတာ အကောင်းဆုံးလို့ ဆိုပါတယ်။
အဆိုပါ ပုံမရခင် Profile ပုံအတွက် ရိုက်ကူးမယ်ဆိုရင်လည်း ဘယ်နေရာမှာ၊ ဘယ်လို အနေအထား၊ ဘယ်လိုပုံစံနဲ့ ရိုက်ကူး သင့်တယ်ဆိုတာ သူငယ်ချင်းကို တိုင်ပင်ပြီး သူ့ရဲ့အကူအညီနဲ့ ရိုက်ကူး အသုံးပြုတာ ပိုမို ကောင်းမွန်လိမ့်မယ်လို့ ပြောပါ တယ်။
ကဲ… ဒါဆို ကျနော်တို့လည်း Profile အတွက် သူငယ်ချင်းကို ပုံရွေးခိုင်းပြီး ပြောင်းလဲ အသုံးပြုရအောင်။
Ref: www.rd.com