မင်းသမီး ဒိုင်ယာနာကို သိပါသလား။ တကယ်လို့ သူမသာ အခုချိန်ထိအောင် အသက် ရှိနေဦးမယ် ဆိုရင် ၅၇ နှစ် လောက်ပဲ ရှိမှာပါ။ ဒဏ္ဍာရီ ပုံပြင်သဖွယ် ဖြတ်သန်းသွားခဲ့တဲ့ ဒိုင်ယာနာရဲ့ ရှားပါး ဓာတ်ပုံ တချို့ကို တင်ပြလိုက်ပါတယ်။ မင်းသမီး ဒိုင်ယာနာကို သိပါသလား။ တကယ်လို့ သူမသာ အခုချိန်ထိအောင် အသက် ရှိနေဦးမယ် ဆိုရင် ၅၇ နှစ် လောက်ပဲ ရှိမှာပါ။ ဒဏ္ဍာရီ ပုံပြင်သဖွယ် ဖြတ်သန်းသွားခဲ့တဲ့ ဒိုင်ယာနာရဲ့ ရှားပါး ဓာတ်ပုံ တချို့ကို တင်ပြလိုက်ပါတယ်။
(၁) ၁၉၉၅ ခုနှစ်က မင်းသမီးဟာ အိမ်ဖြူတော်ကို အလည်အပတ် ရောက်ရှိခဲ့ပြီး နက်ပြာရောင် ဝတ်စုံနဲ့ သူမဟာ နာမည်ကျော် အဆိုတော်မင်းသား John Travolta နဲ့ တွဲ က,ခဲ့ပါတယ်။ ဧည့်ခံပွဲ တခုလုံးရဲ့ အာရုံကို ရယူ သိမ်းသွင်းနိုင်ခဲ့သူပါ။
(၂) ဒိုင်ယာနာ အနေနဲ့ သူ့ရဲ့ သား William နဲ့ Harry ကို ဘယ်လောက်ချစ်မယ် ဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး။ ခရီးက ပြန်လာတိုင်း သားတွေကို အလွမ်းသယ်လေ့ ရှိတဲ့ မင်းသမီးရဲ့ မျက်နှာကို မြင်နိုင်ပါတယ်။
(၃) ၁၉၉၃ ခုနှစ်မှာ မင်းသမီးဟာ တော်ဝင်မိသားစုနဲ့ အတူ Thorpe ပန်းခြံကို လည်ပတ်ခဲ့ပါတယ်။ မင်းသမီးဟာ သူ့မရဲ့ သားတွေနဲ့ အတူတူ ပန်းခြံကို လည်ပတ်ခဲ့သလို သူမ သေလွန်ပြီး ၂၅ နှစ် အကြာမှာ မင်းသား ဟင်နရီက သူ့အမေကို ဘယ်လောက်ထိအောင် လွမ်းဆွတ်ကြောင်း ပြန်လည် ပြောဆိုချက်ထဲမှာ အခု Thrope ကို အလည်သွားခဲ့တဲ့ အကြောင်း ပါခဲ့ပါတယ်။
(၄) မင်းသမီး ဒိုင်ယာနာဟာ အဲလိဇဘက် ဘုရင်မကြီးရဲ့ အမတော် မာဂရက်နဲ့ အတူ အီတလီ သမ္မတလာရောက် လည်ပတ်မှုကို ကြိုဆိုခဲ့ဖူးပြီး အဆိုပါ ပွဲတက်စဉ်က မင်းသမီးဝတ်ဆင်ခဲ့တဲ့ ဖက်ရှင် ဒီဇိုင်းဟာ အခုချိန်ထိအောင် လူကြိုက်များနေဆဲ ဖြစ်ပါတယ်။
(၅) ၁၉၉၅ ခုနှစ် အတွင်းက တော်ဝင် မိသားစုအတွက် တေးဂီတ ဖျော်ဖြေပွဲက အပြန် မင်းသမီးရဲ့ လွတ်လပ်တဲ့ အပြူံးကို မှတ်တမ်းတင် ထားတာ တွေ့ရပါတယ်။ သူမရဲ့ အမတော်တွေ ဖြစ်တဲ့ Sarah McCorquodale နဲ့ Jane Fellows Tuck တွေနဲ့ အတူ ဟာသပြောရင်း ရယ်မောနေတာ ဖြစ်ပါတယ်။
(၆) ၁၉၉၂ ခုနှစ်က တော်ဝင်မိသားစုဝင် အမျိုးသမီး အားလုံးဟာ နှစ်စဉ် ကျင်းပမြဲ ဖြစ်တဲ့ နိုင်ငံတော် အလံတင်ပွဲကို စုဝေး တက်ရောက်ခဲ့ပါတယ်။ အခု ဓာတ်ပုံကတော့ ဗြိတိသျှ ရေတပ်မတော် အလံတင်ချိန်မှာ အားလုံး ကြည့်ရှုနေပုံ ဖြစ်ပါတယ်။
(၇) ၁၉၈၈ ခုနှစ် အတွင်းက တော်ဝင်မိသားစုရဲ့ သြစတြေးလျခရီးစဉ်မှာ ညစာစားပွဲ တခု အတွင်း အဖြူနဲ့ ပန်းရောင်ခံ အပြာစင်း ဝတ်စုံနဲ့ သူမကို မင်းသားချားလ် အကြည့်မလွှဲနိုင်လောက်အောင် သဘောကျနေတာ သိသာစေခဲ့ပါတယ်။
(၈) အားလပ်ရက် အတွင်း Scilly Isles မှာ မိသားစုတွေ အတူတူ စက်ဘီးစီးနေကြတာပါ။ ဒီလို မိသားစုလိုက် အပျော်ခရီး ထွက်ချိန် ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံဟာ အလွန်ရှားပါးပြီး အဆိုပါ အချိန်က မင်းသမီးဟာ သူမရဲ့ ချစ်သူနဲ့ အချိန်အများကြီး ပေးခဲ့တဲ့ ကာလလည်း ဖြစ်နိုင်ပါတယ်။
(၉) မင်းသား ဟင်နရီ နဲ့ ဝီလီယံတို့ဟာ သူတို့ သဘောအကျဆုံး ရဲသား ဝတ်စုံတွေကို ၁ ရက်တာ ဝတ်ဆင်ခဲ့ကြဖူးပါတယ်။ မင်းသမီးကတော့ သူ့သားတွေ နောက်မှာ နေရင်း ဒီပုံကို မှတ်တမ်းတင်ထားတာပါ။ ဆိုင်ကယ်နဲ့ တကယ် တာဝန် ထမ်းဆောင် စီးနင်းနေတဲ့ ပုံစံဖြစ်အောင် မှတ်တမ်းတင်ထားတာပါ။
(၁၀) ၁၉၉၀ ခုနှစ်က ကင်မရွန်းကို သွားရောက် လည်ပတ်စဉ် မင်းသားချားလ်နဲ့ အတူ မင်းသမီးဟာ ဝါဖျော့ဖျော့ အရောင် ဝတ်စုံကို ဆင်တူ ဝတ်ဆင်ခဲ့ကြပါတယ်။ ဒါဟာ သိပ်တော့ နန်းမဆန်စေဘူး ဖြစ်စေခဲ့ပါတယ်။ ။
Ref: www.rd.com