Entertainment

အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂျက်စတင်ဘီဘာရဲ့ သီချင်းသစ်

Want create site? Find Free WordPress Themes and plugins.

အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် ဂျက်စတင်ဘီဘာဟာ ကမ္ဘာလှည့်ဖျော်ဖြေမှုများကို မကြာသေးမီက ရပ်နားခဲ့တာပါ။

သို့သော်လည်း သြဂုတ်လ ၁၇ ရက်နေ့မှာတော့ သူ့ရဲ့ Friends ဆိုတဲ့ “သူငယ်ချင်း” လို့ အမည်ရတဲ့ တေးအယ်လ်ဘမ် အသစ်ထွက်ရှိခဲ့တာပါ။ ဒါဟာ Purpose လို့ အမည်ရတဲ့ တေးအယ်လ်ဘမ် ထွက်ပြီး ၂ နှစ်အကြာမှာ ထွက်ရှိခဲ့တာပါ။

အဆိုပါ Friends သီချင်းနဲ့ပတ်သက်ပြီး ဂျက်စတင်ဘီဘာဟာ သူရဲ့ကိုယ်ပိုင်အကောင့်တခုဖြစ်တဲ့ တွစ်တာမှလည်း “ငါတို့တွေ သူယ်ချင်းလိုမျိုးနေနိုင်ဦးမလား” ဆိုတဲ့ သီချင်းထဲမှာ ပါဝင်တဲ့ စာသားကို ရေးသားခဲ့ပါတယ်။

အဆိုပါ စာသားရေးသားပြီး မိနစ်ပိုင်းအတွင်းမှာဘဲ ပြန်ရှယ်ကြသူပေါင်း ၁၅၀၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ ဂျက်စတင်ရဲ့သီချင်းသစ်ကို ယူကျု့မှာ တင်ထားပြီး ယခုချိန်ထိ ကြည့်သူပေါင်း ၈ သောင်းကျော် ရှိနေပါပြီ။ ဒီ တေးသီချင်းဟာ ဂျက်စတင် ပရိသတ်တွေအတွက် ရည်းစားဟောင်းဖြစ်သူ ဆယ်လီနာကိုများ စောင်းမြောင်း ရေးသားထားသလားဆိုတဲ့ သံသယတွေလည်း ရှိလို့နေပါတယ်။

“ငါနင့်ကို အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ ခေါ်နေမိတာ နင်မအံ့သြဘူးလား၊ ငါတို့တွေ တယောက်နဲ့ တယောက် အေးတိအေးစက်ပုံစံမျိုး နေသွားကြတော့မှာလား၊ ငါတို့နှစ်ယောက်ကြားမှာ တကယ့်ကို ကောင်းတဲ့အရာတွေ ရှိခဲ့ကြတယ်ဆိုတာ နင်သိတယ်မလား၊ ငါ နားလည်ပါတယ်၊ ငါတို့တွေ သူငယ်ချင်းအနေနဲ့ ရှိနေဦးမယ်မလား” စတဲ့ သီချင်းစာသားတွေနဲ့ ရေးဖွဲ့ထားတာပါ။

လက်ရှိအချိန်မှာတော့ ပရိသတ်တွေအားလုံး သိထားကြတဲ့အတိုင်း ဂျက်စတင်နဲ့ ရည်းစားဟောင်းဖြစ်သူ ဆယ်လီနာတို့ရဲ့ ဆက်ဆံရေးဟာ မရှိသလောက်ကို နည်းတာပါ။ သို့သော်လည်း ဂျက်စတင်ရဲ့ သီချင်းစာသား တွေဟာ အရင်ကရှိခဲ့ဖူးတဲ့ သံယောဇဉ်တွေကို ထောက်ထားပြီး သူငယ်ချင်းမိတ်ဆွေအနေနဲ့ ပြန်လည်ပြီး သင့်သင့်မြတ်မြတ်နေထိုင်ချင်တဲ့သဘောနဲ့ ရေးသားထားတာလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

www.hollywoodlife.com တွင် ဖော်ပြထားသည့် Is Justin Bieber Begging Ex Selena Gomez To Be ‘Friends’ On Catchy New Single? Listen ဆိုတဲ့ သတင်းကို ငြိမ်းချမ်းစိုးက ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading