Entertainment

အချစ်တွေ ခိုင်မြဲဖို့ နည်းလမ်းတခု

Want create site? Find Free WordPress Themes and plugins.

သင့်အနေနဲ့ ချစ်သူဘဝကနေ စတင်ပြီး အိမ်ထောင်သည်ဘ၀ ရောက်တဲ့ထိအောင် မိမိချစ်သူ ကောင်မလေးနဲ့ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေချင်ပါသလား။

အကောင်းဆုံး အကြံပေးချင်တာကတော့ ချစ်သူဘဝမှာလည်း အားလပ်ချိန်တွေ၊ အတူတူ ရှိနေနိုင်ချိန်တွေမှာ ရုပ်ရှင် အတူတူ ကြည့်ပါ။

အိမ်ထောင်သည်ဘ၀ ရောက်ချိန်မှာလည်း အပန်းခြေချိန်တွေမှာ Tv အတူတူကြည့်ပြီး အချိန်တွေကို ဇနီးသည်နဲ့ အတူတူ အ ကောင်းဆုံး ကုန်ဆုံးပါစေ။ သင်လိုချင်တဲ့ သင့်ချစ်သူဆီက နွေးထွေးမှုနဲ့ အတူ ချစ်ခင်မှုတွေကို ရရှိလာပါလိမ့်မယ်။

အရင်ကတော့ လက်မထပ်ခင်အချိန်မှာ အိမ်ထောင်သည်တွေလို လိင်ဆက်ဆံမှု ရှိကြတဲ့၊ Living Togetherလို့ လူသိများတဲ့ အတူတူနေကြတဲ့ ချစ်သူတွေဟာ အိမ်ထောင်သည်အဖြစ်အတူ နေထိုင်ဖြစ်ကြမှု များတယ်လို့ လေ့လာချက်တွေမှာ တွေ့ခဲ့ရပေ မယ့် လိင်စိတ်မပါတဲ့ ပိုမို နွေးထွေး ကြင်နာမှုအပိုင်းအတွက်ကိုတော့ ချစ်သူဘဝမှာတင် ဖြစ်စေ၊ အိမ်ထောင်သည်ဘဝမှာ ဖြစ် စေ လိင်ဆက်ဆံမှုထက် အခုလို ဖျော်ဖြေရေး ရုပ်သံတွေကို အတူတူ ကြည့်မှုက ပိုမို ချစ်ခင်မှုနဲ့ သံယောဇဉ်ကို ဖြစ်စေ၊ ပေးနိုင် တယ်လို့ သိလာရတာပဲ ဖြစ်ပါတယ်။

Tv အစီအစဉ်တွေ၊ ရုပ်ရှင် အတူတူ ကြည့်လေ့ရှိတဲ့ ချစ်သူတွေဟာ အချင်းချင်း တယောက်ကိုတယောက် ကြင်နာမှု သံယော ဇဉ်က အခြားချစ်သူတွေ နေထိုင်သွားလာလေ့ရှိတဲ့ ပုံစံထက် ပိုမို ကောင်းမွန်တာကို အခု နောက်ဆုံးလေ့လာချက်တွေအရ သိ လာရပါတယ်။

အများစုသော ချစ်သူ စုံတွဲတွေက လမ်းအတူတူ လျှောက်ကြတယ်၊ အတူတူ ထိုင်ပြီး စားသောက်တတ်ကြတယ်၊ တချို့ လည်း နှစ်ယေက်တည်း စကားပြောတတ်ကြပေမယ့် အဆိုပါ နေထိုင်မှုတွေကနေ အိမ်ထောင်သည်အဖြစ် ရောက်ရှိမှုနဲ့ သံယောဇဉ် ပို မိုခိုင်မြဲမှုအပိုင်းမှာတော့ ရုပ်ရှင် အတူတူကြည့်လေ့ရှိတဲ့ ချစ်သူတွေရဲ့သံယောဇဉ်က ပိုမို ခိုင်မာပြီး အိမ်ထောင်သည်ဘဝကို အ တည်တကျ ရောက်ရှိတယ်လို့ တွေ့လာရသလို အိမ်ထောင်သည် ဘဝမှာလည်း ပိုမို သစ္စာရှိချစ် ခင်လေ့ရှိတယ်လို့ တွေ့လာ ရ တာပဲ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ အခုခေတ်ထဲမှာ ခြေများတတ်တယ်လို့ နာမည်ကြီးပြီး ကိုယ့်ချစ်သူကို ဝန်တိုတတ်တဲ့၊ မိမိ အပေါ်ကိုပဲ သစ္စာ ရှိစေချင်တယ်ဆိုတဲ့ ချစ်သူ ကောင်လေး၊ ကောင်မလေးတွေအနေနဲ့တော့ မိမိချစ်သူနဲ့ အရင်လို ပန်းခြံမှာ ထိုင်နေကျ၊ စား သောက်ဆိုင်တွေမှာ အတူတူ သွားစားနေကျ၊ လမ်းအတူတူ လျှောက်နေကျ အကျင့်တွေထက် အားလပ်ချိန်မှာ မိမိချစ်သူနဲ့ ရုပ်ရှင်ကြည့်တာတွေ၊ အိမ်ထောင်သည်တွေအနေနဲ့ အိမ်မှာ Tv အတူတူ ကြည့်တာမျိုးတွေ လုပ်ဆောင်ဖို့ လိုအပ်လာပါပြီ။

Journal of Social and Presonal Relationshipsရဲ့ လေ့လာချက်အရ အခုလို ရုပ်ရှင် အတူကြည့်တတ်တဲ့ ချစ်သူတွေမှာ သံယောဇဉ် ပိုမို ခိုင်မာတယ် ဆိုတာကို သိလာရတာ ဖြစ်ပြီး အခုလို ရလဒ်အတွက် စုံတွဲပေါင်း ၂၀၀၀ကျော် အပါအဝင် အိမ် ထောင်သည်တွေကိုပါ လေ့လာစစ်တမ်းကောက်ပြီး ထုတ်ပြန်လာတာလို့ ဆိုပါတယ်။

အထူးသဖြင့်တော့ ရုပ်ရှင်ပဲ ဖြစ်ဖြစ်၊ ရုပ်သံ အစီအစဉ်တခုကိုပဲ ဖြစ်ဖြစ်၊ အတူတူကြည့်နေပြီ ဆိုတာနဲ့ အချိန် ပျမ်းမျှ နာရီ ပိုင်းကာလထိအောင် အတူတူ ရှိနေကြသလို၊ အဆိုပါ ရုပ်သံကနေ ပေးလာတဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ သည်းထိတ်ရင်ဖိုမှု တွေကို အတူတူ ခံစားတတ်လာတာကြောင့် လူချင်းထက် စိတ်ချင်း ပိုမို နီးစပ် သံယောဇဉ်ဖြစ်လာတာလို့ ဆိုပါတယ်။

ကဲ၊ ဒါဆိုရင်တော့ ချစ်သူကို အိမ်ထောင်ဖက်အဖြစ် ရွေးထားပြီ၊ မိမိတယောက်တည်းကိုပဲ ချစ်စေ၊ ကြင်နာစေ၊ သစ္စာရှိစေ ချင်၊ ပိုမိုနွေးထွေးမှုကိုလည်း ရလိုချင်တယ် ဆိုရင်တော့ အတူတူ ရုပ်ရှင်ကြည့်ဖို့ လိုအပ်နေပြီ ဆိုတာပါပဲ။

www.maxim.com

Did you find apk for android? You can find new Free Android Games and apps.
Loading