လူတိုင်းကြိုက်နှစ်သက်တဲ့ ကာတွန်းကားတွေ ဒီနေ့မှာတော့ ဇာတ်ကောင်ပေါင်းများစွာနဲ့ ထွက်ရှိနေပြီ ဖြစ်ပြီး တချို့လည်း အောင်မြင်မှု ကောင်းကောင်းရကြသလို တချို့လည်း တကား၊ နှစ်ကား ထွက်ရှိပြီး ပျောက်ကွယ်သွားတတ်ကြပါတယ်။
အခုလည်း ကလေးတိုင်း နှစ်သက်ကြသလို ကျနော်တို့လည်း ပျော်ရွှင်ခဲ့ကြဖူးတဲ့ ကာတွန်းကားတွေရဲ့ မူလအစ Animation ဆိုတဲ့ ရုပ်လုံးဖော် ဇာတ်ကား (ကာတွန်း)တွေထဲက သက်တမ်း အရင့်ဆုံးပါဆိုတဲ့ ကာတွန်းဇာတ်ကောင်တွေအကြောင်းကို နည်းနည်းလောက် ပြောပြချင်ပါတယ်။
(၁) Felix The Cat
၁၉၁၉ ခုနှစ်မှာ ကာတွန်းဆရာ Otto Messmer နဲ့ Pat တို့နှစ်ဦးရဲ့ပူးပေါင်းဖန်တီးမှု ဖြစ်ပါတယ်။ အသံတိတ်ခေတ်လည်း ဖြစ်တယ်၊ အဖြူ၊ အမည်းအနေနဲ့ပဲ ပြသ ရုံတင်နိုင်သေးတဲ့ အဆိုပါ အချိန်အတွက်ကတော့ Felix လောက်အောင် ကောင်းမွန် လူကြိုက်များတဲ့ဇာတ်ကောင် မရှိခဲ့ပါဘူး။
အနက်ရောင် ခန္ဓာကိုယ်၊ မျက်လုံးပြူးပြူး၊ မှော်လက်ဆွဲအိတ်နဲ့ သူက လိုချင်တာ ဖြစ်နိုင်သူပါ။ သူရဲ့ ပထမဆုံး ရုပ်ပြဇာတ် လမ်းတိုက Feline Follies ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ၂၆၄ မိနစ်စာ ရုပ်သံတွေ ထုတ်လုပ်အောင်မြင်မှု ရခဲ့ပါတယ်။
(၂) Mickey Mouse
ကာတွန်းဇာတ်ကောင်တွေထဲက ရှေးအကျဆုံး ဇာတ်ရုပ်တခုပါ။ ၁၉၂၈ ခုနှစ်ကတည်းက ဇာတ်ကောင်က ဖန်တီးပြီး ဖြစ်နေ ပါပြီ။
အစပိုင်းမှာ သူ့ရဲ့ အမည်က Mortimer Mouse ဖြစ်ပါတယ်။ နောက်တော့ Walt Disneyရဲ့ဇနီးသည် Lillian Disney က အမည်ပြောင်းပေးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ အစ၊ အဆုံး ပါရှိတဲ့ ပထမဆုံး ဇာတ်ကားကတော့ Plane Crazy ဖြစ်ပြီး လူ မ ကြိုက်ခဲ့ကြပါဘူး၊ နောက်တကား The Gallopin Gaucho ထပ် ထွက်ပါတယ်၊ ဘယ်သူကမှ လက်မခံ၊ မနှစ်သက်ကြပါ ဘူး။
နောက်ပိုင်း Steamboat Willie ထွက်လာမှ အောင်မြင်မှု ရပါတော့တယ်။ သူ့ရဲ့စကားလုံး Hot dogs ရဲ့အသံက Walt Disney အသံဖြစ်ပါတယ်။
(၃) Donald Duck
နာမည်အပြည့်အစုံက Donald Fauntleroy Duck ဖြစ်ပါတယ်။ သူ့ကို သင်္ဘောသားဝတ်စုံနဲ့ အတူ ဘောင်းဘီးမပါဘူး၊ ဦး ထုပ်တော့ ဆောင်းထားတဲ့ပုံစံနဲ့ လူတိုင်း သိကြပါတယ်။ စိတ်လည်း တိုတတ်သေးတယ်၊ တခါတလေ တိုက်ခိုက်လိုက်ချင် သေးတယ်၊ အရမ်းလည်း ရယ်ရပါတယ်။
သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားအမည်က The Wise Little Hen ဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ် ဇွန်လ ၉ ရက်မှာ ရုံတင်ပါ တယ်။ အဆိုပါ နှစ်ကနေ ၁၉၅၉ ခုနှစ်ထိအောင် သူ့ရဲ့ဇာတ်လမ်းတွဲပေါင်း ၁၅၂ ပိုင်း ထိအောင် ထွက်ရှိခဲ့တာလည်း တွေ့ရပါ တယ်။
(၄) Benzo the Dog
ကလေးတွေရော အရွယ်ရောက်သူတွေပါ သူ့ကို ချစ်ကြပါတယ်။ ၁၉၂၂ ခုနှစ်ကတည်းက George Studdy ကနေ ဖန်တီး ထားတာ ဖြစ်ပါတယ်။
သူ့ ထူးခြားချက်က သူ့ရဲ့ နားပါ၊ တဖက် အနက်၊ တဖက်က အဖြူ အနားကွပ်တွေနဲ့ပါ၊ မျက်လုံးက အပြာရောင် ပြူးပြူး လေး၊ အမြီးဖျားမှာ အနက်လေး ဆွတ်နေတော့ ချစ်စရာကောင်းလှပါတယ်။ ရုပ်သံအဖြစ်နဲ့ရော စင်တင် သရုပ်ပြဖျော်ဖြေမှု တွေမှာပါတွေ့ရပါတယ်။
၁၉၂၀ ပြည့်နှစ်တွေက ဆိုရင် စာအုပ်ဆိုင်၊ အရုပ်ဆိုင်စတဲ့ ဆိုင်အားလုံးက Benzo နဲ့ ပတ်သက်ရင် အကုန်တင်ရောင်းရတဲ့ ထိအောင် လူကြိုက်များခဲ့ပါတယ်။
(၅) Fred Flintstone
နာမည်အရှည်က Frederick Joseph Flintstone ဖြစ်ပြီး ၁၉၆၀ ခုနှစ်မှာ ပထမဆုံး ဇာတ်ကောင်အဖြစ် ပွဲထွက်လာသလို သူ့ကိုလည်း William Hannaနဲ့ Joseph Barbera တို့ကပဲ ဖန်တီးထားတာ ဖြစ်ပါတယ်။
သူက ဇာတ်ကောင်ထဲမှာ Wilma Flintstone ကို လက်ထပ်ထားတယ်၊ သမီးလေး Pebbles လည်း ရှိတယ်။ ဘေးအိမ်က သူငယ်ချင်းကောင်းလင်မယားတွေ ဖြစ်တဲ့ Barneyနဲ့ Betty Rubble တို့လည်း ပါသေးတယ်။ သူ့ကို ဆံပင်အနက်၊ နှာ ခေါင်းကြီးကြီး၊ လိမ္မော်ရောင် အခံပေါ်မှာ အနက်ရောင် အစက်အကျီ ၤနဲ့၊ ပြီးတော့ လည်စီးလေးပါ ဝတ်ဆင်ထားပြီး မှတ်မိ လွယ် လူကြိုက်များတာ တွေ့ရပါတယ်။
(၆) Scooby Doo
၁၉၆၉ ခုနှစ်မှာ Tom and Jerry ကို ဖန်တီးသူတွေ ဖြစ်တဲ့ William Hanna နဲ့ Joseph Barbera တို့ရဲ့အောင်မြင်တဲ့ နောက်ထပ်ဇာတ်ကောင် ဖြစ်ပါတယ်။
သူနဲ့အတူ Fred, Velma, Daphne နဲ့ Shaggy တို့လည်း ဇာတ်ကောင်တွေအဖြစ် ပါရှိပါတယ်။ သူတို့ရဲ့တွဲဖက်သရုပ် ဆောင်မှုတွေက လူကြိုက်များပြီး ကာတွန်းရုပ်တွေအဖြစ်ပါ ထုတ်လုပ်ရောင်းချ အောင်မြင်မှု ရနေတာ တွေ့ရပါတယ်။
(၇) Popeye
Thimble ပြဇာတ်ရုံအတွက် အခု ဇာတ်ကောင်ကို ၁၉၂၉ ခုနှစ်ကတည်းက Elzie Crisler Segar အဖြစ် ဖန်တီးထားတာ ဖြစ်ပေမယ့် နောက်ပိုင်း အမည်ပြောင်းလိုက်တာ တွေ့ရပါတယ်။
ပထမဆုံး ရုပ်သံအဖြစ်နဲ့တော့ ၁၉၃၃ခုနှစ်မှာ Max Fleischer Studios ကနေ ဖြန့်ချိခဲ့ပြီး နောက်ပိုင် Paramount Studios ကနေ ထွက်ရှိခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့လက်မောင်းကြီးတွေနဲ့ ကျောက်ဆူးပုံ တက်တူးတွေ၊ ဇာတ်ကောင်သရုပ်ဆောင် ကွက်တွေကို လူကြိုက်များတာ တွေ့ရပါတယ်။
(၈) Tom and Jerry
Metro-Goldwyn-Mayer ကုမ္ပဏီ အတွက် William Hannaနဲ့ Joseph Barbera တို့က ပူးပေါင်း ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပြီး ပထမဆုံး ဇာတ်ကားက ၁၉၄၀ မှာ ထွက်ရှိခဲ့ပါတယ်။
အပြင် လက်တွေ့ လောကမှာ ကြွက်တွေက ကြောင်တွေကို ကြောက်ရပေမယ့် ကာတွန်းမှာတော့ ကြွက်နဲ့ကြောင်က သူတ ပြန် ကိုယ်တပြန် တိုက်ခိုက်ခန်းလေးတွေနဲ့ ဟာသမြောက်အောင် ဖန်တီးထားလို့ လူကြိုက်များပါတယ်။ အကောင်းဆုံး သရုပ် ဖော် ရုပ်ရှင်ဆုနဲ့ ပတ်သက်ပြီး အကယ်ဒမီဆု ၇ ဆု ထိအောင် ရဖူးပါတယ်။
(၉) Bugs Bunny
ဖန်တီးခဲ့သမျှ ဇာတ်ကောင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့ မှတ်မိအလွယ်ဆုံး ဇာတ်ကောင်တခုပါ။ ၁၉၄၀ ခုနှစ်ထွက် Wild Hare ဇာတ်ကားမှာ ပထမဆုံး ပွဲဦးထွက်ပါရှိခဲ့တာပါ။ ဒါရိုက်တာ Tex Aceryရဲ့လက်ရာပဲ ဖြစ်ပါတယ်။
Bunnyရဲ့ပုံကို စိတ်ကူးဖန်တီးသူကတော့ Leon Schlersinger ဖြစ်ပြီး အသံသရုပ်ဆောင်အဖြစ် Mel Blanc က ပါဝင်ခဲ့ ပါတယ်။ နောက်ပိုင်း ကာတွန်းကားတွေ အပြင် ကာတွန်းစာအုပ်တွေပါ ထွက်ရှိအောင်မြင်ခဲ့ပါတယ်။
(၁၀) Daffy Duck
၁၉၃၇ ခုနှစ်မှာ ရုပ်ပြဇာတ်လမ်းတိုလေးအဖြစ် ထွက်ရှိချိန်မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်ပါ၊ ဇာတ်လမ်းလေးအမည်က Porky Duck Hunt ဖြစ်ပါတယ်။ ဒါရိုက်တာ Tex Averyရဲ့ စိတ်ကူးကို Bob Clampett က သရုပ်ဖော်ပေးထားတာပါ။ အဆိုပါ ပထမဆုံး ရုပ်သံကနေ စပြီး နောက်ပိုင်း ဇာတ်လမ်းတွဲပေါင်း ၁၃၀လောက် ထပ်ထွက်ခဲ့ပါသေးတယ်။
www.wonderslist.com