Entertainment

အဆိုတော် ကျားပေါက်ရဲ့ ၁၈ နှစ်အောက်မဖတ်ရ ကာတွန်းစာအုပ် ထွက်ရှိ

Want create site? Find Free WordPress Themes and plugins.

Big Bag အဖွဲ့ရဲ့ပင်တိုင်အဆိုတော် ကျားပေါက် ကိုယ်တိုင်ရေးဆွဲထားတဲ့ #Knott Funni ဆိုတဲ့ ၁၈ နှစ်နဲ့အထက် အသက်အရွယ်များသာ ဖတ်ရှုရန် သတ်မှတ်ထားသော ကာတွန်းစာအုပ်ကို ကာတွန်းချစ်သူများအတွက် မိတ်ဆက်ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ။

အဆိုပါ ကာတွန်းစာအုပ်ကို ငါတို့စာပေက ဖြန့်ချိကာ မြန်မာဘာသာ၊ စာမဲ့များနဲ့ သရုပ်ဖော်ထားတဲ့ ကာတွန်းများ စတာတွေအပြင် အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲဖော်ပြထားတဲ့ ကာတွန်းများလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဆိုတော် ကျားပေါက်ရဲ့ #Knott Funni ကာတွန်းစာအုပ် မျက်နှာဖုံး

“ကျနော့် ကာတွန်းစာအုပ်ကို ကျနော်ဘာသာတော့ ထုတ်လို့ရတယ်။ ဒါပေမယ့် မထုတ်ချင်ဘူး။ ကျနော့်ကို Publisher တယောက်က ကမ်းလှမ်းပြီးတော့ ထုတ်ပေးတာမျိုးကို ဖြစ်ချင်တယ်။ အဲဒီအတွက်လည်း စောင့်ခဲ့တယ်။ စောင့်ရကျိုးလည်း နပ်ခဲ့တယ်” လို့ ကျားပေါက်က ပြောပါတယ်။

ကျားပေါက်ရဲ့ #Knott Funni စာအုပ်ကို တအုပ်လျှင် ငွေကျပ် ၄၀၀၀ နှုန်းဖြင့် ဒီဇင်ဘာ ၁၈ ရက်နေ့စတင်ပြီး ငါတို့စာပေ မှ ဖြန့်ချိရောင်းချပေးလျက်ရှိကာ အွန်လိုင်းမှတဆင့် ဝယ်ယူချင်သူများအနေဖြင့် We Distribution မှ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုဖြင့် ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။

တေးရေး တေးဆိုတဦးလည်းဖြစ်တဲ့ အဆိုတော် ကျားပေါက်ဟာ ယခုထွက်ရှိထားတဲ့ #Knott Funni ကာတွန်းစာအုပ်အပါအဝင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားတဲ့ “The Strange Old Man” ၊ “ပစ်မှတ်အပြင်က စကားလုံးများ” စတဲ့ စာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading