Entertainment

လီယိုနာဒို ဒီကာပရီယိုရဲ့ လက်ရှိချစ်သူ ဘယ်သူလဲ

ကမ္ဘာကျော် တိုက်တန်းနစ် ရုပ်ရှင်ဇာတ်ကားနဲ့ မြန်မာရော ကမ္ဘာက ပရိသတ်တွေရင်ထဲ တိုးဖောက်ဝင်ရောက်လာခဲ့တဲ့ ဟောလီးဝုဒ်အကျော်အမော် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် သရုပ်ဆောင် မင်းသား လီယိုနာဒို ဒီကာပရီယိုဟာ လက်ရှိမှာတော့ မီယာမီသူ မော်ဒယ်လ်မလေး တဦးနဲ့ တွဲခုတ်နေတယ်လို့ တိကျတဲ့ သတင်းရင်းမြစ်တခုက ယူအက်စ် ဝီးကလီးကို ဆိုလိုက်ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အော်စကာဆုရှင် လီယိုနာဒိုဟာ အသက် ၂၀ အရွယ် မော်ဒယ်လ်မလေး ကာမီမိုရုန်းနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ စနေနေ့က မိုရုန်းနေအိမ်တည်ရှိရာ နယူးယောက်မြို့ကို အတူထွက်ခွာသွားကြတယ်လို့ သတင်းက ဆိုပါတယ်။ သူတို့နဲ့ နီးစပ်သူများရဲ့ပြောကြားချက်အရ သူတို့စုံတွဲဟာ အဲဒီနေ့မှာ အတူတူရှိနေကြပြီး လော့စ်အိန်ဂျလိစ်က ဘာနေးမှ ဈေးဝယ်ထွက်ကြတယ်လို့လည်း သိရပါတယ်။

လီယိုနာဒိုရဲ့ လက်ရှိချစ်သူ မော်ဒယ်လ် ကာမီမိုရုန်း

လီယိုနာဒို လက်ရှိတွဲခုတ်နေတဲ့ မော်ဒယ်လ်မလေး မိုရုန်းရဲ့အကြောင်းကို ပြောရမယ်ဆိုရင်တော့ သူမဟာ IMG ဆိုတဲ့ နိုင်ငံတကာ မော်ဒယ်လ်ကုမ္ပဏီတခုရဲ့ ပင်တိုင် မော်ဒယ်လ်တဦးဖြစ်ပြီး Act 1 မဂ္ဂဇင်းရဲ့မျက်နှာဖုံးမော်ဒယ်လ်အဖြစ် ဖော်ပြခံခဲ့ရစဉ်မှာလည်း ဆံပင်ကို ခေါင်းအနောက်ဘက်မှာ ခင်မြင့်မြင့်စုစည်းကာ ဂျက်ကက်အင်္ကျီအနက်နဲ့ လိုက်ဖက်တဲ့ ဘောင်းဘီကို ဝတ်ဆင်ထားပြီး စလွယ်သိုင်းအိတ်ကိုလွယ်ကာ ဝတ်ဆင်ခဲ့တဲ့ သူမရဲ့စတိုင်ကျလှတဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့် ချက်ချင်းဆိုသလို နာမည်ကြီးလာခဲ့တာဖြစ်တယ်လို့ သတင်းက ဆိုထားပါတယ်။

The Revenant ရုပ်ရှင်ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့တဲ့ သရုပ်ဆောင် လီယိုနာဒို ဒီကာပရီယိုဟာ ပြီးခဲ့တဲ့ မေလကပဲ မော်ဒလ်မလေး နီနာအက်ဒယ် နဲ့ လမ်းခွဲခဲ့တာပါ။ အဲဒီလို လမ်းခွဲတယ်ဆိုပေမယ့်လည်း အဆက်အသွယ် ရှိနေတုန်းပါပဲ။ သူတို့နှစ်ဦးရဲ့ ပတ်သက်ဆက်နွယ်မှုကို နှစ်ယောက်စလုံးက တန်ဖိုးထားခံစားနေတုန်းပါပဲလို့ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ယူအက်စ်ဝီးကလီးကို လတ်တလော ပြောကြားထားပါတယ်။

လီယိုနာဒိုရဲ့ လက်ရှိချစ်သူ မော်ဒယ်လ် ကာမီမိုရုန်း

“နီနာနဲ့က သင့်သင့်မြတ်မြတ်ပါပဲ။ စကားပြောလိုက်ဆိုလိုက်နဲ့ မိတ်ဆွေတွေအဆင့်ပေါ့” လို့ အဲဒီအသိုင်းအဝိုင်းက ဆိုပါတယ်။

လီယိုနာဒိုနဲ့ နီနာအက်ဒယ်တို့ဟာ ၂၀၁၆ ခုနှစ် မေလမှာ စတင်တွေ့ဆုံခဲ့ကြပြီး အဲဒီနှစ် ဇူလိုင်လမှာ တွဲခဲ့ကြတာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ ဒါ့အပြင် လီယိုနာဒိုဟာ သဘာဝပတ်ဝန်းကျင်ရေးရာလှုပ်ရှားသူ ဘားရီဖယ်လီနဲ့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တွဲခဲ့ကြပြီးနောက်၂၀၀၀ ကနေ ၂၀၀၅ ခုနှစ် အထိကတော့ ဂျီစီလီဘန်ဂျန်နဲ့ တွဲခဲ့တယ်လို့ သိရပါတယ်။

Ref:usmagazine

Loading