၂၀၁၇ ခုနှစ် တနှစ်တာလုံးတွင် ရုံတင်ပြသခဲ့သော ဇာတ်ကားများထဲမှ အကယ်ဒမီစာရင်းဝင် ဆန်ခါတင် ဇာတ်ကားများရွေးချယ်ခဲ့ရာ ယခင်နှစ်များထက် ပိုမိုများပြားနေတယ်လို့ သိရပါတယ်။
ယခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ဆန်ခါတင်ဇာတ်ကားများမှာ ၅ဝ ကျော်အထိရှိနေပြီး ယခင်နှစ်များကတော့ ဇာတ်ကားပေါင်း ၂၀ ကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆန်ခါတင်ဇာတ်ကား ၅၀ ကျော်ရဲ့ အကယ်ဒမီ စိစစ်မှုများကိုတော့ မကြာခင်အချိန်မှာ စတင်တော့မှာဖြစ်ပြီး အကယ်ဒမီ စိစစ်ရေးအဖွဲ့ဖွဲ့စည်းပြီးမှသာ အဆိုပါ ဆန်ခါတင်ဇာတ်ကား ၅၀ ထဲမှ ပြန်လည်စိစစ်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ အကယ်ဒမီစာရင်းဝင်ဇာတ်ကားများမှာ တီတီနဲ့ဒိုးနတ်၊ ချန်ပီယံလေး၊ ဘယ်ရည်းစားကိုအချစ်ဆုံးလဲ၊ ဟန်းနီးမွန်း၊ ကြီးကြီးကျယ်ကျယ်၊ သားဘီလူး၊ ငါ့အကယ်ဒမီ၊ မာယာစတိုင်၊ ကွမ်းလုံရက် ၄၀၊ ပထမထပ်ဟန်းနီးမွန်း၊ ဂျုံးဂျုံးဂျက်ဂျက် ၊ ကြိုးဖြင့်ချည်ထားသော ဗာရာဏသီ၊ ခေါက်ထီးကလေး မလုံ့တလုံ၊ အရွယ် သုံးပါးချစ်တတ်သည်၊ လူများကို ခြောက်လှန့်ရန် တစ္ဆေတကောင်အလိုရှိသည်၊ ချိုမြိန်သောလက်စားချေခြင်း၊ အမှောင်မှာ ရွာချတဲ့ မိုးတိမ်(ကျွန်)၊ နေဝင်အိပ်တန်းတက်၊ ဝိညာဉ်ကကြိုး၊ သူငယ်၊ ကပ္ပိယ၊ အော်ရီဂျင်နယ်ဂန်းစတား ၂၊ သူငယ်ချင်း ယောက္ခမ ၂၊ ဘုန်းကညာနှစ်ပါး၊ ည ၊ကြောက် ကြောက် ကြောက်၊ ရာဇဝင်ရိုင်းသူများ၊ ပွဲခံမယ်၊ သိုက်ကလာတယ် စကားမပြောဘူး၊ ဆယ်လီ၊ ဖက်ရှင်၊ နေခြည်မှာရွှေရည်လောင်း၊ သရာစောထိ၊ ဒီမိုရပ်ကွက်၊ တိမ်ပြာသောနေ့၊ ကြီးမြတ်သောမြန်မာ၊ ထဘီကျွတ်၍လွှတ်လိုက်သည်၊ ဇွတ်ကျား၊ အောင်စေပိုင်စေ၊ ပရိုဂျူဆာမကြီးစိုး၊ အော်တိုဘုရင်၊ ရင်ဘတ်ထဲကဓား၊ မယားကြောက်ရွာ၊ အမည်ပေါက်နဲ့ကျူး၊ ပက်ပက်စက်စက်ညှို့၊ ဖေ့စ်ဘုတ်ဘုရင်မ၊ တာတေကြီး၊ ငါက ဗိုလ်အောင်ဒင်၊ ထာဝရအမေ၊ 3 Girls၊ တောကျီးကန်း၊ ငေါ့ချမ်းခသစ္စာ၊ ဆိုင်းကြိုက်တဲ့မောင် ဇာတ်ကားများဖြစ်ပါတယ်။
ယခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုကိုတော့ ပုံမှန်ပေးနေကျဆု ၁၁ ဆုအပြင် တသက်တာ ရုပ်ရှင်ထူးချွန်ဆုကိုလည်း ပေးသွားဖို့ ရှိတယ်လို့သိရပါတယ်။
အဆိုပါ တသက်တာ ရုပ်ရှင်ထူးချွန်ဆုရရှိသူမှာ ယခုနှစ်တွင်မှ ပေးအပ်မည့် အကယ်ဒမီရွှေကြယ် ၅ ကျပ်သားအပြင် ဆုရရှိသူသက်ရှိထင်ရှားရှိနေသည့် ကာလပတ်လုံး တလလျှင် ထောက်ပံ့ကြေးချီးမြှင့်ငွေကျပ် ၅ သိန်းကိုလည်း ချီးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။