Entertainment

လွတ်လပ်ရေးနေ့မှာ မင်္ဂလာဆောင်တော့မယ့် ယွန်းဝတီလွင်မိုး

Want create site? Find Free WordPress Themes and plugins.

အကယ်ဒမီလွင်မိုးရဲ့ သမီးကြီးဖြစ်တဲ့ မော်ဒယ်လ်သရုပ်ဆောင် ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာဆောင်ဖိတ်စာဟာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေပြီး မကြာခင်မှာ မင်္ဂလာဆောင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာဆောင်အခမ်းအနားကိုတော့ ဇန်နဝါရီ ၄ ရက်နေ့၊ ရန်ကုန်မြို့ရှိ Melia Hotel တွင် ပြုလုပ်သွားမှာဖြစ်တယ်လို့ မင်္ဂလာဆောင်ဖိတ်စာတွင် ဖော်ပြထားတာကို တွေ့ရပါတယ်။

မော်ဒယ်လ်သရုပ်ဆောင် ယွန်းဝတီလွင်မိုးနဲ့သူ့ချစ်သူတို့ရဲ့ ဓာတ်ပုံများဟာ သိပ်မကြာသေးခင်ကာလလောက်က လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာများပေါ်တွင် တွေ့မြင်လာခဲ့ရပြီး သိပ်မကြာခင်မှာ အခုလို သူတို့ရဲ့မင်္ဂလာဖိတ်စာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပေါ်ပေါက်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာဆောင် ဖိတ်စာ

မော်ဒယ်လ်သရုပ်ဆောင် ယွန်းဝတီလွင်မိုးဟာ အောက်တိုဘာလ ၂၁ ရက်နေ့က အသက် ၁၉ နှစ်ပြည့်ခဲ့ပြီး သြစတြေးလျနိုင်ငံတွင် ပညာသင်ကြားလျက်ရှိပါတယ်။

ယွန်းဝတီလွင်မိုးဟာ သရုပ်ဆောင် အကယ်ဒမီလွင်မိုးရဲ့ သမီးဖြစ်ခြင်းကြောင့် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကိုခံရသလို သူမရဲ့ ချောမောလှပမှုကြောင့်လည်း ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိထားပြီး အမ်တီဗီများ၊ ဓာတ်ပုံများ ၊ ကြော်ငြာအများအပြားတွင် ပါဝင်သရုပ်ဆောင် ရိုက်ကူးထားသူပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading