အကယ်ဒမီလူမင်းက ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြုလုပ်ကျင်းပတဲ့ လူကြီးလူကောင်းများ ရုပ်ရှင် ကန်တော့ပွဲနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲတွင် တက်ရောက်သတင်းယူကြတဲ့ မီဒီယာသမားများကို သူ့ရဲ့ အသက်အရွယ် နဲ့ဝါအရ ဆုံးမစကားပြောလို့ရပြီဟုဆိုတာ ဆုံးမစကားပြောဆိုခဲ့ပါတယ်။
“ကျနော်တို့ အနုပညာရှင်တွေအနေနဲ့လည်း မီဒီယာတွေများလာတာနဲ့အမျှ တချို့ကသူများ Logo မပါစေချင်တာတွေရှိတယ်။ တယောက်တည်းက အကုန်လုံးကိုဖြေနေရရင် သေပြီပေါ့။ စည်းကမ်းတကျ လေးနဲ့ နောက်ပွဲတွေလုပ်မယ်ဆို ပိုများကောင်းသွားမလားလို့ပေါ့။ နှစ်ဖက်လုံးလည်း စိတ်ထဲခုစရာ မရှိတော့ဘူးပေါ့။ ကျနော်ဒီလိုပြောတယ်ဆိုတာ မိသားစုလို တချိန်လုံး လက်တွဲလျှောက်လာကြတဲ့လူတွေ ကျနော် ဒီအသက်အရွယ် ဒီဝါအရဆိုရင် ဒီလောက် ဆုံးမစကားလေးပြောလို့ရပါပြီ။ ဆံပင်တွေလည်း ဖြူနေပြီဆိုတော့” လို့ အကယ်ဒမီလူမင်းက ပြောခဲ့ပါတယ်။
ဒီဘက်ခေတ်တွင် မီဒီယာသမားများ များလာတာနဲ့အမျှ အနုပညာရှင်များအနေနဲ့ စာနယ်ဇင်းပွဲများ ပြုလုပ်ရာတွင် မီဒီယာတခုချင်းစီကို အင်တာဗျူးများဖြေနေရခြင်းမှာ အဆင်မပြေတဲ့အကြောင်းနဲ့ ပွဲမစခင် အင်တာဗျူးများမေးမြန်းထားခြင်းကြောင့် အခမ်းအနားစတင်ရာတွင် ဖြေစရာမရှိတော့တဲ့အကြောင်းများကို ပြောဆိုလိုက်ခြင်းလည်း ဖြစ်ပါတယ်။
“စာနယ်ဇင်းပွဲကို အစီအစဉ်တကျလေးပေါ့။ အခုဆိုရင် မီဒီယာတွေမေးစရာကို မလိုတော့ဘူး။ အကုန်ဖြေပြီးသွားပြီ။ ပွဲကြီးကမစခင်ပြီးသွားပြီ။ အခမ်းအနားအစီအစဉ်ရဲ့နောက်ဆုံးစားသောက်ခြင်းကို နံပါတ် ၁ ကနေစပြီး စားသောက်ပြီးတော့ ဝင်လာတယ်။ နောက်ကို အစီအစဉ်တကျလေး ဖြစ်သွားရင် မကောင်းဘူးလားပေါ့” လို့ အကယ်ဒမီလူမင်းက အဆိုပါ စာနယ်ဇင်းပွဲတွင် ပြောဆိုခဲ့ပါတယ်။