တောင်ကိုရီးယားနိုင်ငံရဲ့ ဂီတနယ်ပယ်မှ ထူးချွန်သူများကို နှစ်စဉ် ရွေးချယ်ဆုချီးမြှင့်ပေးနေတဲ့ Sports Seoul မှ တင်ဆက်သော “(၂၇) ကြိမ်မြောက် ဆိုးလ်ဂီတ ဆုပေးပွဲအစီအစဉ်” ကို မြန်မာနိုင်ငံမှ K-Pop ပရိသတ်များအတွက် JOOX Application ကနေ အချိန်နဲ့ တပြေးညီ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။
JOOX ဝန်ဆောင်မှုဆိုတာ အာရှမှ K-Pop ချစ်သူများအတွက် MAMA (Mnet Asian Music Awards)၊ MMA (Melon Music Awards) ဆုပေးပွဲများနဲ့ BIGBANG ဖျော်ဖြေပွဲများကို သီးသန့် တိုက်ရိုက် ထုတ်လွှင့်ပေးနေတဲ့ အခမဲ့ သီချင်း Application နဲ့ Website ဝန်ဆောင်မှု တခုပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ K-Pop ပရိသတ်များအနေနဲ့ အဆိုပါဆုပေးပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့၊ မြန်မာနိုင်ငံ ဒေသစံတော်ချိန် နေ့လည် ၄ နာရီခွဲ (တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ဒေသစံတော်ချိန် ည ၇ နာရီ) မှာ တိုက်ရိုက် ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။
“ဆိုးလ်ဂီတ ဆုပေးပွဲအစီအစဉ်”ကို တိုက်ရိုက်ကြည့်ရှုလိုသူများအနေနဲ့ JOOX Application ရဲ့ တိုက်ရိုက်ထုတ်လွှင့် အချိန်ဇယားပြ စာမျက်နှာမှာ အဆိုပါ အစီအစဉ်ကို ထည့်သွင်းပြီး ကြိုတင်စာရင်းပေးထားဖို့ လိုအပ်ပါတယ်။
အဆိုပါ “(၂၇) ကြိမ်မြောက် ဆိုးလ်ဂီတ ဆုပေးပွဲအစီအစဉ်” ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ Gocheok Sky Dome Stadium မှာ ခမ်းခမ်းနားနား ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ K-Pop ပရိသတ်များအနေနဲ့ မိမိတို့ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်များရဲ့ ဖျော်ဖြေတင်ဆက်မှုများကို Application မှ အချိန်နဲ့တပြေးညီ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ယခုနှစ် ဆိုးလ်ဂီတ ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းဝင်နေတဲ့ နာမည်ကြီး အနုပညာရှင်များက BTS, EXO, IU, MONSTA X, Red Velvet, TWICE, Wanna One နဲ့ WINNER ကိုရီးယား အနုပညာရှင် K-Pop အနုပညာရှင်အဖွဲ့များ ဖြစ်တယ်လို့ သိရပါတယ်။
K-Pop ပရိသတ်များအနေနဲ့ JOOX Application အသုံးပြုပြီး ယခုနှစ် ဆိုးလ်ဂီတဆုပေးပွဲ၏ ဆန်ခါတင် စာရင်းဝင် Playlist များ၊ ၂၀၁၇ ခုနှစ် အကျော်ကြားဆုံး K-Pop သီချင်းများနဲ့ MMA, MAMA စတဲ့ ဆုပေးပွဲများမှ Playlist သီချင်းများကို Discover မှာ ရှာဖွေနားဆင်နိုင်ပါတယ်။
JOOX Application မှာ ကိုရီးယား K-Pop သီချင်းများအပြင် မိမိတို့ ကြိုက်နှစ်သက်တဲ့ ပြည်တွင်း၊ ပြည်ပ၊ နိုင်ငံတကာ အနုပညာရှင်များရဲ့ သီချင်းများစွာကို အမြဲမပြတ် နားဆင်နိုင်တယ်လို့ သိရပါတယ်။
JOOX Music Application ကို Apple App Store နဲ့ Google Play Store တို့မှာ ဒေါင်းလော့ဆွဲ ရယူနိုင်ပြီး JOOX Website စာမျက်နှာ www.joox.com မှလည်း သီချင်းများနဲ့ တိုက်ရိုက်ဖျော်ဖြေမှုများကို အခမဲ့ နားဆင်ခံစား ကြည့်ရှုနိုင်ပါတယ်။
JOOX ဝန်ဆောင်မှုဟာ ဂီတချစ်သူများအတွက် အခမဲ့ Music Application တခုဖြစ်ပြီး ကမ္ဘာအနှံ့မှ လူကြိုက်များတဲ့ သီချင်းများစွာကို စုစည်းပေးထားကာ JOOX မှ တဆင့် မိမိကြိုက်နှစ်သက်တဲ့ အနုပညာရှင်များ၊ သီချင်းများ၊ အယ်လ်ဘမ်များ၊ ကိုယ်ပိုင် ရွေးချယ်စုစည်းထားသော Playlist များ၊ မိမိတို့ ခံစားချက်၊ အကြိုက်နဲ့ ကိုက်ညီတဲ့ ရေဒီယိုထုတ်လွှင့်မှု အစီအစဉ်များကို ခံစားနားဆင်နိုင်တဲ့ ဝန်ဆောင်မှုတခုလို့ သိရပါတယ်။