၉၀ ကြိမ်မြောက် အော်စကာဆုအတွက် ဆန်ခါတင်စာရင်းများ ထွက်ပေါ်
၉၀ ကြိမ်မြောက် အော်စကာဆုပေးပွဲကို လာမယ့် မတ်လ ၄ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မျာရှိတဲ့ Dolby Theatre မှာ ကျင်းပ ပြုလုပ် တော့မှာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် အကယ်ဒမီ အော်စကာဆုအတွက် ဆန်ခါတင် အမည်စာရင်းများကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါပြီ။
ဒီနှစ် ဆန်ခါတင်အမည်စာရင်းထဲမှာ တစ်ဖနီဟားဒစ်ရှ် နဲ့အန်ဒီစာကီစ်တို့ ပါဝင်လာကြပါတယ်။ The Shape of Water ဇာတ်ကားကတော့ ဆု ၁၃ ဆုနဲ့ ရှေ့ဆုံးက ဦးဆောင်နေပြီး Dunkirk ကတော့ ဆု ၈ ဆု၊ Three Billboards Outside Ebbing, Missouri က ဆု ၇ ဆုတို့နဲ့ အသီးသီး တစ်ပြေး နေကြပါတယ်။ Lady Bird က ဆု ၅ ဆု ဝင်နေပြီး Get Out ဇာတ်ကားကတော့ ဆု ၄ ဆု ပါဝင်နေတယ်လို့ သိရပါတယ်။
ဂျင်မီကင်မဲလ်က အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပေးမယ့် ၂၀၁၈ ခုနှစ် အော်စကာဆုပေးပွဲကို ABC ရုပ်သံကနေ မတ်လ ၄ ရက်၊ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၈ နာရီမှာ တိုက်ရိုက်ထုတ်လွှင့် ပြသမှာဖြစ်ပါတယ်။
လက်ရှိ ဆန်ခါတင်စာရင်းဝင်နေတဲ့ ရုပ်ရှင်ဇာတ်ကားများ စာရင်းကို ဖော်ပြလိုက်ပါတယ်။
အကောင်ဆုံး ဇာတ်ကားဆုအတွက် တစ်ပြေးနေသည့် ဇာတ်ကားများ
Call Me by Your Name
Darkest Hour
Dunkirk
Get Out
Lady Bird
Phantom Thread
The Post
The Shape of Water
Three Billboards Outside Ebbing, Missouri
အကောင်းဆုံးဓာတ်ပုံဆုအတွက် တစ်ပြေးနေသည့်ဇာတ်ကားများ
Call Me by Your Name
Darkest Hour
Dunkirk
Get Out
Lady Bird
Phantom Thread
The Post
The Shape of Water
Three Billboards Outside Ebbing, Missouri
အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် တစ်ပြေးနေသည့် သရုပ်ဆောင်များ
တင်မိုသီချာလမတ် (Call Me by Your Name ဇာတ်ကား)
ဒန်နီရယ်ဒေးလဲဝစ် (Phantom Thread ဇာတ်ကား)
ဒန်နီရယ်ကာလုယ (Get Out ဇာတ်ကား)
ဂရေးအိုးမင်း (Darkest Hour ဇာတ်ကား)
ဒန်ဇယ်ဝါရှင်တန် (Roman J. Israel, Esq. ဇာတ်ကား)
အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက် တစ်ပြေးနေသည့် သရုပ်ဆောင်များ
ဆယ်လီဟော့ကင်း (The Shape of Water ဇာတ်ကား)
ဖရန်ဆက်မက်ဒေါမန် (Three Billboards Outside Ebbing, Missouri ဇာတ်ကား)
မာဂေါ့ရော်ဘီ (I, Tonya)
ဆာနိုရာရိုနန် (Lady Bird ဇာတ်ကား)
မာလင်းစရတ် (The Post ဇာတ်ကား)
အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုအတွက် ဆန်ခါတင်သရုပ်ဆောင်များ
ဝီလန်ဒီဖိုး (The Florida Project ဇာတ်ကား)
ဝူဒီဟာရယ်ဆင် (Three Billboards Outside Ebbing, Missouri ဇာတ်ကား)
ရစ်ချက်ဂျန်ကင် (The Shape of Water ဇာတ်ကား)
ခရစ္စတိုဖာပလန်မာ (All the Money in the World ဇာတ်ကား)
ဆမ်ရော့ခ်ဝဲ (Three Billboards Outside Ebbing, Missouri ဇာတ်ကား)
အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုအတွက် ဆန်ခါတင်စာရင်းဝင်သူများ
မာရီဂျေဘရစ် (Mudbound ဇာတ်ကား)
အဲလစ်ဆင်ဂျန်နေး (I, Tonya ဇာတ်ကား)
လက်စ်လေးမန်းဗီလီ (Phantom Thread ဇာတ်ကား)
လော်ရီမတ်ကပ်ဖ် (Lady Bird ဇာတ်ကား)
အောက်တာဗီးယာစပင်ဆာ (The Shape of Water ဇာတ်ကား)
အကောင်းဆုံးဒါရိုက်တာဆုအတွက် ဆန်ခါတင် စာရင်းဝင်သူများ
ခရစ္စတိုဖာနိုလန် (Dunkirk ဇာတ်ကား)
ဂျော်ဒန်ပီးလီ (Get Out ဇာတ်ကား)
ဂရီတာဂျာဝစ် (Lady Bird ဇာတ်ကား)
ပေါလ်သောမတ်အန်ဒါဆင် (Phantom Thread ဇာတ်ကား)
ဂူလာမို ဒဲ တိုရို (The Shape of Water ဇာတ်ကား)
အကောင်းဆုံးဇာတ်ညွှန်းဆုအတွက် ဆန်ခါတင်စာရင်းဝင် ဇာတ်ကားများ
The Big Sick
Get Out
Lady Bird
The Shape of Water
Three Billboards Outside Ebbing, Missouri
အကောင်းဆုံးနိုင်ငံခြားဘာသာစကားရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဇာတ်ကားများ
A Fantastic Woman
The Insult
Loveless
On Body and Soul
The Square
စတဲ့ ဆုများအပါအဝင် စုစုပေါင်း ဆု ၂၅ ဆု ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။