ဒီနေ့ခေတ် ကမ္ဘာ့အလှဆုံးအမျိုးသမီးတွေက ဘယ်သူတွေများ ဖြစ်ကြမလဲ။ ကမ္ဘာ့အလှဆုံး အမျိုးသမီးတွေဟာ ဘယ်ခေါင်းစဉ်အောက်ကနေ ဖြစ်ထိုက်တယ်လို့ ထင်ပါသလဲ။ တကယ်တော့ အမျိုးသမီးအားလုံးဟာ သူတို့နည်း သူတို့ဟန်နဲ့ လှနေကြတာချည်းပါပဲဆိုတာတော့ မမေ့လိုက်ပါနဲ့။ အခုဖော်ပြပေးမယ်၂၀၁၇-၁၈ အတွက် ကမ္ဘာ့အလှဆုံး အမျိုးသမီးတွေစာရင်းဟာ အင်တာနက်ပေါ်ကနေ မဲပေး၊ သုတေသနလုပ် survey ကောက်ထားတဲ့ စာရင်းပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလှအပကို တိုင်းတာစရာ စံပေတံမရှိလို့ပါပဲ။
ဒီစာရင်းမှာဖော်ပြထားတဲ့အမျိုးသမီးတွေကတော့ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြတယ်။ ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ကြတယ်။ စွဲမက်စရာကောင်းတယ်။ အမြဲသက်ဝင်လှုပ်ရှားနေပြီးတော့ သူတို့အလုပ်မှာပဲ ဘဝကို နှစ်မြှုပ်ထားသူ တွေပါ။
အမြဲတမ်းမှန်ကန်တဲ့အချက်တခုရှိပါတယ်။ အလှအပဆိုတာ ကြည့်ရှုသူရဲ့မျက်စိမှာ တည်ပါသတဲ့။ ဒါပေမယ့်လို့ လူတယောက်ရဲ့အလှအပနဲ့ အဆင့်အတန်းကို သရုပ်ခွဲမယ်ဆိုရင်တော့ အပြင်ပန်းအလှရော အတွင်းအလှပါ ထည့်သွင်း တွက်ချက်ဖို့လိုမှာပါ။ အပြင်ပန်းအလှ (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာအလှဆိုတာ အသက်အရွယ်နဲ့ အချိန်ပိုင်းပေါ်မှာ မူတည်ပါတယ်။ တခြားအချက်တွေကတော့ အသက်အရွယ်မရွေး လူတယောက်ရဲ့ဘဝကို ပြဌာန်းထားတာပါ။
၁၀။ အဆိုတော် တေလာဆွဖ် – အမေရိကန်ပြည်ထောင်စု
လူကြိုက်အများဆုံးဖြစ်နေတဲ့ ခေတ်ပြိုင်အမျိုးသမီးအဆိုအနုပညာရှင်ဖြစ်တဲ့ တေလာဆွဖ်ကတော့ အဆင်းရော အချင်းပါ ပြည့်စုံတဲ့သူလို့ ဆိုရမှာပါ။ ဆွဖ်ဟာ သူ့ကိုယ်သူ ကမ္ဘာ့ပရိသတ်က ချစ်တဲ့အနုပညာရှင်တယောက်ဖြစ်အောင် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သူပါ။ ဒါ့အပြင် ကမ္ဘာမှာ ကြေးအမြင့်ဆုံးပေးရတဲ့အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။
၉။ သရုပ်ဆောင် အဆိုတော် စလီနာဂိုမက်ဇ် – အမေရိကန်ပြည်ထောင်စု
ငယ်ရွယ်ပြီး အချောမောဆုံးဖြစ်တဲ့အမေရိကန်မင်းသမီးလေး ကမ္ဘာ့အလှဆုံးအမျိုးသမီးများစာရင်းမှာ နောက်တကြိမ်ထပ်မံဖော်ပြခံရပြန်ပြီဖြစ်ပါတယ်။ သူမဟာ ၂၀၁၇ ခုနှစ်ရဲ့ကမ္ဘာ့အလှဆုံး မိန်းကလေးများစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့သလို ကမ္ဘာ့အလှဆုံးအမျိုးသမီးစာရင်းမှာလည်း ထည့်သွင်းခံရသူပါ။ အင်တာစတာဂရမ်မှာ ပုံမှန်ပရိသတ် (follower) ပေါင်း ၁၃၂ သန်းကျော်ရှိတဲ့အတွက် follower အများဆုံးအနုပညာရှင်တွေက တယောက်လည်းဖြစ်ပါတယ်။
အလှအပနဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ အမျိုးမျိုးအငြင်းပွားကြပေမယ့် ပြိုင်ဘက်ကင်းတဲ့သူရယ်လို့ ဘယ်တုန်းကမှ ထွက်ပေါ်လာခဲ့ခြင်းမရှိပါဘူး။ တခေတ်တခါမှာ အလှဆုံးသတ်မှတ်ခံရသူလည်း နောက်တခေတ်မှာ အလှဆုံးဆိုတဲ့ သူ့နေရာကို ဖယ်ပေးရတာချည်းပါပဲ။ သာမန်အားဖြင့်တော့ အမျိုးသမီးတွေဟာ ဟော့ဖို့နဲ့ညှို့ချက်ပြင်းဖို့စတဲ့ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေဆီ ဦးတည်ကြတာများပါတယ်။ ဒါပေမယ့် အနုပညာရှင်အဆင့်၊ မိမိကိုယ်ကိုယုံကြည်စိတ်ချမှု၊ ဉာဏ်ရည်၊ လူကြိုက်များမှုနဲ့ မိမိနယ်ပယ်အလိုက် ကျွမ်းကျင်မှု စံနှုန်းကတော့ အင်မတန်မှနည်းပါးလှတဲ့ အရည်အချင်းတွေအဖြစ် တွေ့နေရပါတယ်။
၈။ မော်ဒယ်လ် သရုပ်ဆောင် လီဇာဆိုဘာရာနို – ဖိလစ်ပိုင်
ဖိလစ်ပိုင်-အမေရိကန်ကပြား မင်းသမီးနဲ့မော်ဒယ်လ်ဖြစ်တဲ့ သူမဟာ အခုချိန်မှာတော့ ဒီစာရင်းထဲ နံပါတ် ၈ နေရာမှာရောက်နေပါတယ်။ အရင်နှစ်ကဆိုရင် ကမ္ဘာ့အလှဆုံးအမျိုးသမီးစာရင်းမှာ သူမက ဒုတိယနေရာတောင် ဆွတ်ခူးနိုင်ခဲ့သူပါ။ ဒါ့အပြင် သူမရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အနေနဲ့ သရုပ်ဆောင်ရာမှာ သူမရဲ့ရုပ်သွင်ကို Maybelline အလှကုန်ကြော်ငြာနဲ့ တကမ္ဘာလုံး သိခဲ့ကြပါတယ်။ ဖိလစ်ပိုင်က အလှဆုံးကောင်မလေးပေါ့။ သူမရဲ့ချစ်စရာကောင်းတဲ့အပြုံးနဲ့ဆွဲဆောင်မှုရှိတဲ့အကြည့်တွေကြောင့် နာမည်ကျော်ခဲ့တာပါ။ ဒါကြောင့် လီဇာဟာ ကမ္ဘာ့အလှဆုံးမျက်နှာပိုင်ရှင်ဖြစ်လာတာလို့ ဆိုရမှာပါ။
၇။ သရုပ်ဆောင် အမ်မာဝပ်ဆင် – ယူကေ(ဗြိတိန်)
နံပါတ် ၇ နေရာမှာ ရှိနေတဲ့အလှဆုံးအမျိုးသမီးကတော့ အင်္ဂလန်နိုင်ငံက အမ်မာဝပ်ဆင်ပဲဖြစ်ပါတယ်။ အသက် ၂၇ နှစ်ရှိနေပြီဖြစ်တဲ့ ဗြိတိသျှမင်းသမီး၊ မော်ဒယ်လ်နဲ့ လူမှုရေးရာတက်ကြွလှုပ်ရှားသူဖြစ်တဲ့ သူမဟာ ၁၁ နှစ်သမီးကတည်းက “ဟယ်ရီပေါ်တာ” ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ထင်ရှားလာခဲ့ပါတယ်။ ဒီလို သရုပ်ဆောင်အနုပညာဘက်မှာ အစဉ်အလာရှိခဲ့တဲ့သူမဟာ အခုဆိုရင် လူငယ်တွေကြားမှာ အထင်ကရ icon တခုအနေနဲ့ ရေပန်းစားနေပြီဖြစ်ပါတယ်။ Beauty and the Beast ရုပ်ရှင်ဇာတ်ကားထွက်ရှိပြီးတဲ့အချိန်မှာတော့ ဝပ်ဆင်ဟာ ထိပ်ဆုံးရပ်တည်နိုင်တဲ့အထိ အောင်မြင်သွားခဲ့ပါတယ်။ သူမကို အင်္ဂလိပ်လူမျိုးရှေ့နေတွေဖြစ်ကြတဲ့ ဂျက်ကွာလိုင်းလက်စဘိုင်နဲ့ ခရစ္စဝပ်ဆင်တို့ကနေ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ မွေးဖွားခဲ့ပြီးတော့ အင်္ဂလန်ကိုပြောင်းလာခဲ့ပါတယ်။ ဝပ်ဆင်ဟာ ပါရီမှာ ၅ နှစ်သမီးအထိ နေခဲ့ဖူးပါတယ်။
၆။ ပရီယန်ကာ ချိုပရာ – အိန္ဒိယ
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဘောလီးဝုဒ်မင်းသမီးအကျော်အမော် ပရီယန်ကာချိုပရာကတော့ ကမ္ဘာ့အလှဆုံးစာရင်းထဲမှာ နံပါတ် ၆ နေရာရှိနေတာမို့ သူ့ရှေ့မှာ အလှဆုံး ၅ ယောက်ရှိသေးတယ်လို့ ဆိုရမှာပါ။ သူမဟာ အိန္ဒိယ အမျိုးသမီး တွေထဲမှာ ၂၀၁၇ ခုနှစ်အတွက် အလှဆုံးစာရင်းဝင်ပါ။ သူမရဲ့ကျက်သရေရှိတဲ့အလှကြောင့် အင်စတာဂရမ် လူမှုကွန်ရက်မှာ ပုံမှန်ကြည့်သူ follower ၂၁ သန်းရရှိထားပါတယ်။ ဒါ့အပြင် အိန္ဒိယမှာ လူကြိုက်များတဲ့ အနုပညာရှင်တွေထဲ ဖေ့စ်ဘုတ်ရော တွစ်တာမှာပါ သူမက follow အများဆုံးရထားသူတယောက်ပါ။ ဒါ့အပြင် သူမဟာ အိန္ဒိယမှာ ကြေးအမြင့်ဆုံးရတဲ့ မင်းသမီးလည်းဖြစ်ပါတယ်။
၅။ သရုပ်ဆောင် အဆိုတော် အင်ဂျင်နာ – တောင်ကိုရီးယား
ချစ်စနိုးကို သူမကို “ နာနာ” လို့ ခေါ်ကြပါတယ်။ အင်ဂျင်နာဟာ ၂၀၁၇ ခုနှစ်အတွက် အလှဆုံးအမျိုးသမီးစာရင်းမှာ နံပါတ် ၅ နေရာချိတ်သူပါ။ တောင်ကိုရီးယားအဆိုတော်နဲ့သရုပ်ဆောင်မင်းသမီးဖြစ်ပြီး တရုတ်ရုပ်ရှင်တော်တော်များများနဲ့ အားပေးမှုရခဲ့သူပါ။ သူမရဲ့အလှ၊ ဆွဲဆောင်မှုနဲ့အပြစ်ကင်းတဲ့အကြည့်တွေကြောင့် ကမ္ဘာ့အလှဆုံးမျက်နှာပိုင်ရှင်အဖြစ် နာမည်ရလာသူဆိုလည်း မမှားပါဘူး။ ကိုရီးယားအမျိုးသမီးတွေထဲ အလှပဆုံးစာရင်းထဲမှာ နေရာရထားသူလည်း ဖြစ်ပါတယ်။
၄။ သရုပ်ဆောင် အလက်ဇန္ဒရားဒက်ဒါရီယို – အမေရိကန်ပြည်ထောင်စု
အလက်ဇန္ဒရားဒက်ဒါရီယိုဟာ မျက်လုံးပြာပြာလေးနဲ့ ကမ္ဘာ့အံ့မခန်းလှပလွန်းသူပါ။ တနေ့တခြားရေပန်းစားလာတဲ့ သူမဟာ ကမ္ဘာ့အလှဆုံးအမျိုးသမီးစာရင်းမှာ နံပါတ် ၄ နေရာရနေသူပါ။ ဒီလိုလှပတဲ့အမေရိကန်မင်းသမီးလေးဟာ အီတလီ၊ အိုင်းရစ်၊ ဟန်ဂေရီ၊ ဂျာမန်၊ အင်္ဂလိပ်စတဲ့ ဥရောပမျိုးနွယ်မှ ဆင်းသက်လာသူပါ။ အင်စတာဂရမ်လူမှုကွန်ရက်မှာ သူမဟာ follower ပေါင်း ၅ ဒသမ ၆ သန်းရရှိထားပြီး အဲဒီလိုရွေးချယ်အားပေးဖို့လည်း ထိုက်တန်သူတယောက်ပါ။ သူမရဲ့ညှို့ဓာတ်က လိင်ဆွဲဆောင်တဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဒက်ဒါရီယိုကို လူကြိုက်များတဲ့အကြောင်းအချက်တခု တော့ ကမ္ဘာ့မျက်လုံးအလှဆုံးအနုပညာရှင်တဦးအနေနဲ့ပဲဖြစ်ပါတယ်။
၃။ သရုပ်ဆောင် ဖယ်ရီးအိစံ – တူရကီ
ဆွဲဆောင်မှုအကောင်းဆုံးမင်းသမီးတလက်ဖြစ်တဲ့ ဖယ်ရီးဟာ ဒီစာရင်းမှာ နံပါတ် ၃ နေရာချိတ်ပါတယ်။ ဖယ်ရီးကို သူမရဲ့အလှပဆုံးမျက်ဝန်းအိမ်နဲ့ ပိပိရိရိသွယ်လျတဲ့မေးစေ့တို့က ဒီစာရင်းထဲ ပို့ပေးလိုက်တာပါ။ သူမရဲ့အပြုံးတပွင့်ဟာ တဖက်သူအရည်ပျော်သွားစေနိုင်ပါတယ်။ တူရကီနဲ့ဂျာမန်နွယ်ဖွား မိဘနှစ်ပါးက ဆင်းသက်လာသူဖြစ်ပြီး အောင်မြင်သော သရဖူဆောင်းထားနိုင်သူလည်း ဖြစ်ပါတယ်။ တူရကီ၊ ဂျာမန်၊ အင်္ဂလိပ်နဲ့စပိန်စတဲ့ ဘာသာစကားလေးမျိုးကို မွှတ်နေအောင် ပြောဆိုတတ်သူလည်း ဖြစ်ပါတယ်။
၂။ တေလာဟေး – အမေရိကန်ပြည်ထောင်စု
အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ အမေရိကန်ဖက်ရှင်မော်ဒယ်လ်မလေးဖြစ်တဲ့ တေလာဟေး ဟာ Victoria’s Secret အလှကုန်ပစ္စည်းရဲ့ လှနတ်သမီးအဖြစ် ပရိသတ်အားပေးခံရဆုံးစာရင်းမှာ ဒုတိယနေရာချိတ်သွားပါတယ်။ အင်စတာ ဂရမ်မှာ follower ၉ ဒသမ ၇ သန်းကျော်ရရှိထားပြီး ဒီစာရင်းမှာလည်း ထိပ်တန်းက ရှိနေသူပါ။ ဖက်ရှင်လောကမှာတော့ သူမဟာ ဆွဲဆောင်မှုအကောင်းဆုံးနဲ့ ညှို့ချက်အပြင်းဆုံး၊ အပေါက်ဆုံးလို့ ဆိုရမှာပါ။
၁။ အဆိုတော် ဘီယွန်ဆေး – အမေရိကန်ပြည်ထောင်စု
အသက် ၃၅ နှစ်ရှိပြီဖြစ်ပေမယ့်လည်း အသားညိုတဲ့သူမဟာ ကမ္ဘာ့အလှဆုံးစာရင်းမှာ နံပါတ် ၁ နေရာရသွားပါတယ်။ ဘီယွန်ဆေးဟာ အမ်မာဝပ်ဆင်၊ အင်ဂျလီနာဂျိုလီနဲ့ တခြားနာမည်ကျော်အနုပညာရှင်တွေအားလုံးရဲ့ရှေ့ကို ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ သူမကို နာမည်ကျော်စေတဲ့အကြောင်းတွေထဲမှာ သူမတူအောင် ဝတ်စားဆင်ယင်တတ်တဲ့ ဖက်ရှင်စတိုင်နဲ့အကြည့်တွေလည်း ပါဝင်ပါတယ်။ သူမဟာ တကယ့်ကိုပဲ ကမ္ဘာ့ညှို့ချက်အပြင်းဆုံးအမျိုးသမီးအဖြစ် အခုအခါမှာ သတ်မှတ်ခံလိုက်ရပါပြီ။
www.wonderlists.com မှ ဖော်ပြထားတဲ့ Top 10 Most Beautiful Women in the World (2017-2018) ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။