Entertainment

“ဇီးရိုး နှင့် ဟီးရိုး” ရုပ်ရှင်ဇာတ်ကားမှာ ဘာပြောထားလဲ?

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဇာတ်လမ်း/ဇာတ်ညွှန်း သာရေးနာရေး ရန်ပုံငွေအတွက် ရိုက်ကူးမယ့် “ဇီးရိုး နှင့် ဟီးရိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ မိတ်ဆက်ကန်တော့ပွဲကို ယနေ့၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ သာကေတ “ရွှေပုဇွန်” ကိတ်မုန့်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ဇီးရိုး နှင့် ဟီးရိုး” ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ကန်တော့ပွဲ (ဓာတ်ပုံ – ယုဖြူဟန်/ ဧရာဝတီ)

ဒီဇာတ်ကားကို ဇာတ်ညွှန်းအလွှာမှ ညီညီထွန်းလွင်၊ နေစိုးသော်၊ မယ်ခိုင်၊ ရွှေပြည့်တို့က ဇာတ်ညွှန်း ရေးသားထားပြီး ဒါရိုက်တာ သြရသ ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

“ဒီဇာတ်ကားမှာ ကျနော်တို့ တင်ပြချင်တဲ့ အကြောင်းအရာလေးကတော့ လူတိုင်းမှာ အားနည်းချက်၊ အားသာချက်တွေ ရှိကြတယ်။ ထူးချွန်တဲ့ အပိုင်းတွေရှိသလို ညံ့ဖျင်းတဲ့ အပိုင်းတွေ ရှိပါတယ်။ လူတယောက်ကို သူ့ရဲ့ ညံ့ဖျင်းတဲ့အပိုင်းကိုပဲ ကြည့်ပြီးတော့ ဇီးရိုးလို့ မသတ်မှတ်လိုက်ပါနဲ့။ ဥပမာ – သူ့ရဲ့ထူးချွန်တဲ့ အပိုင်းတွေ အားသာချက်တွေကနေ ဟီးရိုး ဖြစ်လာနိုင်ပါတယ်။ အဲဒီ အကြောင်းတွေကို ကျနော်တို့က တင်ပြမှာ ဖြစ်ပါတယ်”လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။

“ဇီးရိုး နှင့် ဟီးရိုး” ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ကန်တော့ပွဲ (ဓာတ်ပုံ – ယုဖြူဟန်/ ဧရာဝတီ)

အဆိုပါ ““ဇီးရိုး နှင့် ဟီးရိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်များအဖြစ် ပြေတီဦး၊ ဇင်ဝိုင်း၊ နေဆန်း၊ ညီထွဋ်ခေါင်၊ ဝတ်မှုံရွှေရည်၊ ဆုမြတ်နိုးဦး၊ သန်းသန်းစိုး၊ အိစိကွေးတို့က အဓိကပါဝင် သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

Loading