Entertainment

ဖိုက်တင်မင်းသား“ရဲမင်းပိုင်” သရုပ်ဆောင် ပြန်လုပ်တော့မည်

တခေတ်တခါက နာမည်ကြီး ဖိုက်တင်မင်းသား ရဲမင်းပိုင်ဟာ မကြာသေးမီက အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ယနေ့၊ ဖေဖော်ဝါရီလ ၇ ရက် နေ့မှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ထုတ်ပေးတဲ့ “သရုပ်ဆောင် ပြန်လည်လုပ်ကိုင်ခွင့် ကတ်ပြား” ရရှိခဲ့တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာ သရုပ်ဆောင်အလုပ်ကို ပြန်လည် လုပ်ဆောင်ဖို့ အတွက် ခွင့်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အကြီးအကဲများနဲ့ ဦးဇင်ဝိုင်း တာဝန်ရှိသူအပေါင်းကို အထူး ကျေးဇူးတင်ပါတယ်” လို့ ရဲမင်းပိုင်က သူ့ Facebook အကောင့်မှာ ရေးသားပြီး ကျေးဇူးတင်စကား ဆိုထားပါတယ်။

သရုပ်ဆောင် ရဲမင်းပိုင်က လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာ တခေတ်တခါက မြန်မာဗီဒိယိုလောကရဲ့ ဖိုက်တင်မင်းသားအဖြစ် ပရိသတ် အားပေးမှု တခဲနက် ရရှိခဲ့ပြီးနောက်ပိုင်း အနုပညာလောကမှ ခေတ္တ ပျောက်သွားကာ ပြည်ပမှာ အချိန် အကြာကြီး နေထိုင်ခဲ့ပါတယ်။

ပရိသတ်တွေ အားပေးနေဆဲဖြစ်တဲ့ ဖိုက်တင်မင်းသား ရဲမင်းပိုင်က မြန်မာနိုင်ငံက ထွက်ခွာပြီးနောက်ပိုင်း ၁၄ နှစ် အကြာ ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး မြန်မာနိုင်ငံမှာ အနုပညာ အလုပ်များ ပြန်လည် လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ဖိုက်တင်မင်းသား ရဲမင်းပိုင် မြန်မာနိုင်ငံကို ပြန်လာမည် 

Loading