Entertainment

မြောက်ကိုရီးယား အနုပညာအဖွဲ့ တောင်ကိုရီးယားမှာ နာမည်ကျော် K-pop သီချင်းများဖြင့် ဖျော်ဖြေမည်

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယားနိုင်ငံ၊ ပင်လယ်ကမ်းခြေမြို့တခုဖြစ်တဲ့ Gangneung (ဂန်နောင်) မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ နောက်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ Samjiyon သံစုံတီးဝိုင်းကနေ ဖျော်ဖြေမယ့် သီချင်းတွေထဲမှာ နာမည်ကျော် K-pop သီချင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

အမျိုးသမီးများအားလုံးအတွက် Moranbong တီးဝိုင်း ခေါင်းဆောင် Hyon Song-wol (ဟွန်ဆောင်ဝူး) ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ဝ ဦးပါ အနုပညာကိုယ်စားလှယ်အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ Samjiyon သံစုံတီးဝိုင်း (ဓာတ်ပုံ- AFP)

ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ သူတို့အဖွဲ့ဟာ ၂၀၁၈ ခုနှစ်၊ PyeongChang ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပမယ့်နေရာမှာ ဖျော်ဖြေပွဲ ကျင်းပဖို့ Gangneung ယဉ်ကျေးမှု စင်တာမှာ အစမ်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

သူတို့ဖျော်ဖြေမယ့် သီချင်းစာရင်းထဲမှာ အဆိုတော် Lee Sun-hee ရဲ့ “To J” နဲ့ အဆိုတော် Shim Soo-bong ရဲ့ “Man is Ship, Woman is Port” တို့ အပါအဝင် နာမည်ကျော် K-pop သီချင်းများနဲ့အတူ လူကြိုက်များတဲ့ အနောက်တိုင်း သီချင်းတွေလည်း ပါဝင်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ Samjiyon သံစုံတီးဝိုင်း (ဓာတ်ပုံ- AFP)

အဲဒီ သံစုံတီးဝိုင်းမှာဆိုရင် နာမည်ကျော် မြောက်ကိုရီးယားဂီတအဖွဲ့တွေဖြစ်တဲ့ “Samjiyon” ,“Moranbon” “Chongbong”, “Mansudae အနုပညာအဖွဲ့”၊ “ကိုရီးယားပြည်သူ့ ဒီမိုကရက်တစ်တပ်မတော် သံပြိုင်အဖွဲ့”နဲ့ “နိုင်ငံတော်သံစုံတီးဝိုင်းအဖွဲ့” တို့လိုမျိုး အဖွဲ့ ၆ ဖွဲ့ကနေ ၇ ဖွဲ့အထိ ပါဝင်တယ်လို့ သိရပါတယ်။

“Samjiyon တီးဝိုင်း”ကတော့ ဂီတပညာရှင် အယောက် ၅ဝ ကနေ ၈၀ အထိ ပါရှိတဲ့ ဂန္တဝင်ဂီတ သံစုံတီးဝိုင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ၊ East Pyongyang Grand Theatre မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ “Beauty and the Beast” , “The Little Mermaid” နဲ့ “The Lion King” တို့လိုမျိုး နာမည်ကျော် အမေရိကန် Animation ရုပ်ရှင်တွေထဲက သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။

K-pop Idol တွေနဲ့ ဆင်တူတဲ့ အသွင်အပြင်၊ အရောင်အသွေးစုံတဲ့ ဖျော်ဖြေမှုတွေကြောင့် K-pop အမျိုးသမီး အဖွဲ့တွေနဲ့ မကြာခဏ နှိုင်းယှဉ်ခံရတဲ့ “Moranbong” တီးဝိုင်းမှာတော့ အရည်အချင်းရှိတဲ့ ဂီတပညာရှင်နဲ့ အဆိုတော် ၁၀ ဦး ပါဝင်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ Samjiyon သံစုံတီးဝိုင်း (ဓာတ်ပုံ- AFP)

Gangneung မှာပြုလုပ်မယ့် ဖျော်ဖြေပွဲဟာ ၁ နာရီခွဲလောက် ကြာမြင့်မယ်လို့ ခန့်မှန်းထားပေမယ့် ပရိသတ်တွေရဲ့ တုန့်ပြန်ချက်အပေါ် မူတည်ပြီး အချိန်ကို ထပ်တိုးနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့ဟာ သီးသန့် တင်ဆက်မှုတွေ တောင်းဆိုလာခဲ့ရင် ထပ်ဆောင်း ဖျော်ဖြေမှုတွေကို တင်ဆက်ပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။

သူတို့အဖွဲ့ရဲ့ နောက်ဆုံး ဖျော်ဖြေမှုကိုတော့ ဆိုးလ်မြို့မှာရှိတဲ့ ကိုရီးယား အမျိုးသားကဇာတ်ရုံမှာ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၇ နာရီမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref ; Yonhap

Did you find apk for android? You can find new Free Android Games and apps.
Loading