• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မူရင်း The Joker ရုပ်ရှင်မှာ မင်းသား Joaquin Phoenix ပါဝင်မည်ဟု သတင်းများထွက်ပေါ်

by မစ်ကီ
13 February 2018
in Entertainment
A A
ရုပ်ရှင်မင်းသား Joaquin Phoenix / WENN

ရုပ်ရှင်မင်းသား Joaquin Phoenix / WENN

3.1k
VIEWS
Share on FacebookShare on Twitter

Variety မီဒီယာရဲ့ အဆိုအရ Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ မပြီးဆုံးသေးပေမယ့် မင်းသား Joaquin Phoenix က မူရင်း The Joker ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။

“The Hangover” ရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာက “Her” ရုပ်ရှင်မင်းသား Phoenix နဲ့ ပြီးခဲ့တဲ့ နှစ်နှောင်းပိုင်းလောက်မှာ တွေ့ဆုံခဲ့ပြီး စတူဒီယိုရဲ့ အတည်ပြုမှုကို စောင့်ဆိုင်းနေခဲ့ကြတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
480
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
481

မူရင်း The Joker ရုပ်ရှင်ဟာ Warner Bros. နဲ့ DC Entertainment တို့ကနေ ထုတ်လုပ်မယ့် ရုပ်ရှင် Project တခုဖြစ်ပြီး “Wonder Woman”, “Justice League”, “Batman v Superman: Dawn of Justice” နဲ့ “Man of Steel” တို့ပါဝင်တဲ့ ရုပ်ရှင်အုပ်စုထဲ ပါဝင်လာတော့မှာလည်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Suicide Squad” ရုပ်ရှင်မှာဆိုရင် မင်းသား Jared Leto က ဂျိုကာအဖြစ် သရုပ်ဆောင်ခဲ့ပြီး “Suicide Squad 2” ရုပ်ရှင်အသစ်မှာလည်း ပါဝင်သရုပ်ဆောင်မယ့်အပြင် အမည် မသတ်မှတ်ရသေးတဲ့ Joker နဲ့ Harley Quinn ရုပ်ရှင်မှာလည်း မင်းသမီး Margot Robbie နဲ့အတူ ပါဝင်ဖို့ ရှိနေပါတယ်။

ဒါရိုက်တာ Todd Phillips ဟာ ၁၉၈၀ အစောပိုင်းကာလများက ဂိုသမ်မြို့မှာ ဇာတ်အိမ်တည်မယ့် မူရင်းဂျိုကာ ရုပ်ရှင် အတွက် ဇာတ်ညွှန်းကို ရေးသားဖို့ ဇာတ်ညွှန်းရေးဆရာ Scott Silver နဲ့ အဖွဲ့ဖွဲ့ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မူရင်း ကာတွန်းစာအုပ်ကနေ ရိုက်ကူးမယ့် ရုပ်ရှင်ဆိုတာထက် မှုခင်း Drama အမျိုးအစား ပုံစံမျိုး ရိုက်ကူးမှာဖြစ်တယ်လို့ ဆိုပါတယ်။

မကြာသေးခင်တုန်းကလည်း မင်းသား Leonardo DiCaprio က ဂျိုကာ အနေနဲ့ ပါဝင်သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ လက်ရှိ ဂျိုကာ သရုပ်ဆောင် Jared Leto ကလည်း ဂျိုကာဇာတ်ကောင်အခြေပြု အခြားရုပ်ရှင်တခုမှာ ပါဝင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလေး စိတ်ရှုပ်ထွေးနေရတယ်လို့ ပြောထားပါတယ်။

ရုပ်ရှင်မင်းသား Joaquin Phoenix (ဓာတ်ပုံ – WENN)

သူက “ကျနော် ဂျိုကာ ကိုချစ်ပါတယ်၊ သူဟာ တော်တော်လေးကောင်းတဲ့ ဇာတ်ကောင်ပါ။ သရုပ်ဆောင်ဖို့လည်း ပျော်ဖို့ကောင်းမယ့် ဇာတ်ကောင်ဖြစ်ပါတယ်၊ ဒါပေမယ့် စကြာဝဠာကြီးက အရမ်းကြီးတော့ ဂျိုကာအနေနဲ့ သရုပ်ဆောင်တဲ့အခါ ပိုင်ဆိုင်ခွင့်ရယ်လို့တော့ မရှိပါဘူး။ ခဏလေး ဆုပ်ကိုင်ထားပြီးတဲ့နောက် လက်လွှတ်ပေး လိုက်ရတာလည်း ဂုဏ်ယူစရာ ဖြစ်ပါတယ်။ တခြား ရုပ်ရှင်တွေအဖြစ် ဖန်တီးကြမယ်ဆိုရင်တော့ ဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ဖို့ ကျနော် စိတ်လှုပ်ရှားနေပါတယ်” လို့ The Hollywood Reporter မီဒီယာကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြောဆိုထားပါတယ်။

မင်းသား Phoenix အနေနဲ့ လင်းနို့လူသားရဲ့ ဗီလိန်ကြီး Lex Luthor အဖြစ် “Batman v. Superman” ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်း ခံခဲ့ရဖူးတဲ့အပြင် Marvel ရုပ်ရှင်ထုတ်လုပ်ရေးအတွက် Doctor Strange ရုပ်ရှင်မှာ ပါဝင်ဖို့ ဆွေးနွေးခဲ့ဖူးပေမယ့်လည်း အခွင့်အရေးတွေကို လက်လွတ်ခဲ့ရပါတယ်။

Amazon ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “You Were Never Really Here” မှာ သူ့ကို နောက်ဆုံးမြင်တွေ့ခဲ့ကြရပြီး ကွယ်လွန်သူ ကာတွန်းပညာရှင် John Callahan ရဲ့ ဇာတ်ကြောင်းကို အခြေခံထားတဲ့ “Don’t Worry, He Won’t Get Far on Foot” ရုပ်ရှင်မှာ သူ့ကို ထပ်မံမြင်တွေ့ ကြရဦးမှာပါ။ Jesus အဖြစ်သရုပ်ဆောင်ထားတဲ့ “Mary Magdalene” ရုပ်ရှင်ရိုက်ကူးရေးဟာလည်း မကြာသေးခင်ကပဲ ပြီးဆုံးခဲ့တာပါ။

Ref:aceshowbiz

Your Thoughts …
Tags: Joaquin PhoenixThe Joker
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

“Joker” မင်းသား Joaquin Phoenix

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြပွဲမှာ “Joker” မင်းသား Joaquin Phoenix အဖမ်းခံရ

by မစ်ကီ
13 January 2020
3.4k

Capitol ရဲတပ်ဖွဲ့ကတော့ လူစုလူဝေးဖြစ်ပေါ်စေမှု၊ ပိတ်ဆို့မှု၊ နှောင့်ယှက်ပေးမှုတို့နဲ့ လူ ၁၄၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက် ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူအားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

Next Post
အဆိုတော် ရေဗက္ကာဝင်း  / ယုဖြူဟန် / ဧရာဝတီ

တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ရေဗက္ကာဝင်းရဲ့ ကချင်သီချင်းခွေ “Maka”

အလွတ်ကျက်ထားတယ်

အလွတ်ကျက်ထားတယ်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.2k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate