• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ရေချိုးရင်း Live လွှင့်ခဲ့လို့ Monsta X အဖွဲ့ဝင်၊ အဆိုတော် Wonho ကို ပရိသတ်များ အံ့အားသင့်ခဲ့

by မစ်ကီ
13 February 2018
in Entertainment
A A
Monsta X အဖွဲ့မှ အဆိုတော် Wonho  / allkpop

Monsta X အဖွဲ့မှ အဆိုတော် Wonho / allkpop

9.1k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယားနိုင်ငံရဲ့ ယောကျာ်းလေး အဆိုတော်အဖွဲ့၊ Monsta X အဖွဲ့ရဲ့ အဖွဲ့ဝင် အဆိုတော် တဦး Wonho (ဝန်းနို) ဟာ ရေချိုးနေတဲ့ အချိန်မှာ Live လွှင့်ပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာကြောင့် သူ့ရဲ့ Live ကို ကြည့်ရှုနေခဲ့ကြတဲ့ ပရိတ်သတ်တွေ အံ့အားသင့်ကုန်ကြပါတယ်။

ကောင်မလေးတွေ သဲသဲလှုပ်ကြိုက်ကြပြီး ခပ်မိုက်မိုက် ဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ အသက် ၂၅ နှစ်အရွယ်၊ ကိုရီးယား အဆိုတော် Wonho ဟာ “V” Application ကနေ တိုက်ရိုက် ထုတ်လွှင့်နေတဲ့ အစပိုင်းမှာပဲ သူနဲ့အတူ ရေချိုးဖို့ ပရိသတ်တွေကို ခေါ်ဆောင်သွားမယ့် အကြောင်း ပြောပြပြီး ပရိသတ်တွေကို အံ့သြသင့်စေခဲ့တာပါ။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
979
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
462
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
465

ဒါပေမယ့် တိုက်ရိုက် ထုတ်လွှင့်ချိန်မှာတော့ ကင်မရာကို ပိတ်ထားပြီး အသံချည်းသာ ထုတ်လွှင့်ပေးခဲ့ပါတယ်။ ပြီးတော့ မျက်နှာသစ်နေတဲ့ အချိန်မှာလည်း “From Zero” သီချင်း သီဆိုနေခဲ့တာကိုလည်း ကြည့်ရှုသူပရိသတ်တွေ နားဆင်ခဲ့ ကြပါတယ်။

Monsta X အဖွဲ့မှ အဆိုတော် Wonho (ဓာတ်ပုံ – allkpop)

တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် လူသိများတဲ့ Wonho ဟာ မကြာခဏဆိုသလို အပေါ်ပိုင်းအဝတ်ကို ချွတ်ပြတဲ့ နေရာမှာလည်း နာမည်ကြီးသူ တယောက်ပါ။ ဖျော်ဖြေပွဲ တခုမှာဆိုရင် လက်တွေကို အသုံးပြုပြီး အသည်းပုံ လုပ်ပြတဲ့နေရာမှာ သူ့ရဲ့တင်းကျပ်တဲ့ ဂျာကင်ကြောင့် အသည်းပုံ လုပ်မရတဲ့ အခါမျိုးလည်း ရှိခဲ့ဖူးပါတယ်။

ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့တဲ့ Wonho က အဲဒီပို့စ် လုပ်လို့ မရတဲ့ အကြောင်းကို အခုလို ရှင်းပြခဲ့ပါသေးတယ်။ “ကျနော့် တံတောင်ဆစ်တွေကို ကွေးလို့မရဘူး။ ဘာကြောင့်လဲ ဆိုတော့ နေသာထိုင်သာမရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားလို့ ဖြစ်ပါတယ်” လို့ Wonho က ပြောပါတယ်။ တခါကလည်း အဝတ်အစား အဆင်မပြေတဲ့အတွက် ဂျာကင် ကွဲခဲ့တဲ့အထိ ဖြစ်ခဲ့ဖူးတယ်လို့ သူက ဆိုပါတယ်။

မကြာသေးခင် ကာလတုန်းက Wonho ရဲ့ အဖွားဖြစ်သူ ကွယ်လွန်စဉ် အချိန်မှာလည်း အဲဒီနေ့မှာရှိတဲ့ အချိန်ဇယား အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း Twitter မှာ ပရိသတ်ကို အသိပေးခဲ့ ပါသေးတယ်။ အဲဒီပို့စ်မှာ ” Monsta X အဖွဲ့ဝင် Wonho ရဲ့ အဖွား ရုတ်တရက် ဆုံးပါးသွားတဲ့အတွက် တိုက်ရိုက်ထုတ်လွှင့်ဖို့ စီစဉ်ထားတဲ့ V Live အစီအစဉ်ကို ယနေ့မှာ ဖျက်သိမ်းလိုက်ပါတယ်။ နားလည်ပေးကြပါလို့ တောင်းဆိုလိုပါတယ်” လို့ ရေးသားထားပါတယ်။

Ref ; aceshowbiz

Your Thoughts …
Tags: Monsta Xအဆိုတော် Wonho
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

No Content Available
Next Post
ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး တနေရာ / ဧရာဝတီ

အမြန်လမ်း၌ ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သူ ၄ထောင်ကျော်အရေးယူထား

ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Detox Water  / detoxdiy

ကျန်းမာရေးအတွက် Detox Water သောက်သုံးသင့်တဲ့ အချက် ၃ ချက်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.1k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate