“Tree of Heaven” ၊ “Princess Hour” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ မြန်မာပရိသတ်တွေ ကြားမှာ ရေပန်းစားတဲ့ မင်းသမီး Park Shin Hye ဟာ အနေအထိုင်အေးဆေးတာကြောင့် ပရိသတ်ရဲ့ ချစ်ခြင်းကို ရရှိထားသူပါ။
ပရဟိတလုပ်ငန်းတွေ အမြဲလုပ်သလို ရိုးရိုးရှင်းရှင်း နေတတ်တာကြောင့် ကိုရီးယားအနုပညာရှင်တွေထဲမှာ အနေအထိုင် တည်ငြိမ်အေးချမ်းပြီး လူချစ်လူခင် ပေါသူလေးပါ။
Park Shin Hye တယောက် အရင်ကလဲ Dating ကောလာဟလတွေ ထွက်နေတာမို့ ပရိသတ်တွေက အခု တခါလည်း ကောလာဟလလို့ပဲ ထင်နေကြတာပါ။ မင်းသမီး Park Shin Hye ရဲ့ အေဂျင်စီက အစက ဒီကိစ္စကို ငြင်းထားပေမယ့် ကိုရီးယားနာမည်ကြီး သတင်းဌာန Dispatch က ဓာတ်ပုံတွေနဲ့တကွ ပရိသတ်ရှေ့ကို ချပြခဲ့ပါတယ်။
Shin Hye နဲ့ သတင်းထွက်နေသူကတော့ မင်းသား Choi Tae Joon ပါ။ အတွင်းသတင်းတွေအရ သူတို့ နှစ်ယောက်ဟာ Joongang University မှာ စာအတူတူ လေ့လာရင်း ပိုရင်းနှီးသွားကြတယ်လို့ ဆိုပါတယ်။
Tae Joon နဲ့ Shin Hye ဟာ ဒိတ်လာတာ ၁ နှစ်နီးပါးရှိပြီလို့လည်း သိရပါတယ်။ Shin Hye ရဲ့ တိုက်ခန်းနားက ပတ်ဝန်းကျင် အနီးတဝိုက်မှာ နှစ်ဦးသား ချိန်းတွေ့လေ့ရှိတယ်လို့ အရင်းနှီးဆုံးသူတွေကပြောပါတယ်။
အစက ငြင်းပေမယ့် Tae Joon ရဲ့အေဂျင်စီကတော့ ဝန်ခံလိုက်ပါပြီ။ အသက်၂၈ နှစ်ရှိပြီး ပရိသတ်တွေက ချစ်စနိုးနဲ့ အပျိုကြီးလို့ခေါ်တဲ့ Park Shin Hye တယောက် အချစ်ရေးမှာ ပျော်ရွှင်မှုတွေရစေဖို့ မျှော်လင့်ပါတယ်။
မင်းသမီး Park Shin Hye ကို “အချစ် လှေကားထစ်လေးများ” (Stairway to Heaven) ဇာတ်လမ်းတွဲမှာ စပြီး မြန်မာပရိသတ်တွေကသတိထားမိခဲ့တာဖြစ်ပြီး သူမ သရုပ်ဆောင်ထားတဲ့ “Tree of Heaven” , “Princess Hour”, “You’re beautiful”, “Pinocchio”, “Doctors” စတဲ့ ဇာတ်လမ်းတွဲများက ပရိသတ်တွေကြားမှာ အထူး ရေပန်းစားပါတယ်။
Ref ; dispatch.co.kr