“A Frozen Flower” ၊ “Jumong” (ဂျူမုံ) ၊ “Princess Hour” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးတဲ့ ကိုရီးယားမင်းသမီး Song Ji Hyo (ဆောင်းဂျီဟို) ကို တောင်ကိုရီးယားနိုင်ငံ၊ အလှအပရေးရာ အစီအစဉ်တခုရဲ့ အစီအစဉ် တင်ဆက်သူအဖြစ် ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။
စတူဒီယို တခုထဲမှာ မိတ်ကပ်လိမ်းခြယ် နည်းလမ်းတွေ၊ အလှအပနဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကို ဝေမျှတဲ့ အခြားအလှအပ အစီအစဉ်တွေနဲ့ မတူတာက “Song Ji Hyo’s Beautiful Life” အစီအစဉ်ဟာ မင်းသမီးဆောင်းက အပြင်ထွက်ပြီး အမျိုးမျိုးသော Mission တွေကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရင်းနဲ့ ပရိသတ်ကိုပျော်ရွှ့င်စေပြီး အလှအပရေးရာ ဗဟုသုတတွေ ရရှိစေမှာ ဖြစ်ပါတယ်။
မင်းသမီး Song က “ကျမက စိတ်ထားအလှနဲ့ ကျန်းမာတဲ့ အလှအပကို တကယ်ပဲ စိတ်ဝင်စားပါတယ်။ ဒါကြောင့် “Beautiful Life” အစီအစဉ်မှာ တင်ဆက်သူအနေနဲ့ အရွေးခံရတာကို ပျော်ရွှင်မိပါတယ်။ လူတွေ၊ တက်ကြွဖွယ် အတွေ့အကြုံရမယ့် Mission တွေနဲ့ ဆက်သွယ်နိုင်တယ် ဆိုတဲ့အချက်က တော်တော်လန်းတဲ့ အတွေးဖြစ်ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ အလှအပ လေ့လာနေသူတွေ နဲ့ ဆက်သွယ်ပျော်ရွှင်နိုင်စေဖို့ ကျမ အကောင်းဆုံး ကြိုးစားသွားပါ့မယ်” လို့ မှတ်ချက်ပေးထားပါတယ်။
အာရှရဲ့အလှဘုရင်မလို့ တင်စားခေါ်ကြတဲ့ မင်းသမီး Song ဟာ လူသုံးကုန် အလှကုန်ပစ္စည်း အမှတ်တံဆိပ် တော်တော်များများနဲ့ တက်တက်ကြွကြွ အလုပ်အတူ တွဲလုပ်ခဲ့ပြီး “Get It Beauty Con” ဆိုတဲ့ အလှအပရေးရာပွဲမှာ ကောက်ယူထားတဲ့ စစ်တမ်းအရ “K-Beauty Muse” နံပါတ် ၁ အနေနဲ့ ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။
မင်းသမီး Song ဟာ မကြာသေးမီကပဲ “29gram” ဆိုတဲ့ Web Drama ဇာတ်လမ်းတွဲတခုမှာ စာရေးသူ တယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး JTBC 2 ရုပ်သံလိုင်းရဲ့ “Song Ji Hyo’s Beauty View” အစီအစဉ်မှာလည်း တင်ဆက်သူအဖြစ် ဆောင်ရွက်ထားပါတယ်။
“Song Ji Hyo’s Beautiful Life” အစီအစဉ်ကို OnStyle နဲ့ Olive ရုပ်သံလိုင်းတွေကနေ ဧပြီလ ၅ ရက်နေ့၊ ကိုရီးယား စံတော်ချိန် ည ၇ နာရီ ၅၀ မိနစ်မှာ စတင်ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။
Ref; soompi