• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အိန္ဒိယနိုင်ငံမှ ထင်ရှားကျော်ကြားတဲ့ လေးစားအားကျဖွယ် ဘောလိဝုဒ် မင်းသမီး ၇ ဦး

by မစ်ကီ
9 March 2018
in Entertainment
A A
အိန္ဒိယနိုင်ငံမှ ထင်ရှားကျော်ကြားတဲ့ ဘောလိဝုဒ် မင်းသမီးများ

အိန္ဒိယနိုင်ငံမှ ထင်ရှားကျော်ကြားတဲ့ ဘောလိဝုဒ် မင်းသမီးများ

15.4k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယလိုမျိုး နိုင်ငံတခုမှာ အနုပညာရှင်၊ သရုပ်ဆောင်တွေကို ဒုတိယ ဘုရားသခင် နေရာမှာ ထားလေ့ရှိကြပြီး လူတွေရဲ့ အသက်ရှင် နေထိုင်မှု နေ့စဉ်ဘဝတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ ထင်မြင်ကြပါတယ်။

အဲဒီ အနုပညာရှင်၊ သရုပ်ဆောင်များဟာ လူသားတဦး ဖြစ်ပေမယ့်လည်း သာမန်လူတွေထက် ထင်ရှားကျော်ကြားတဲ့ ကြယ်ပွင့်အဖြစ် လူသန်းပေါင်းများစွာက သူတို့ရဲ ဦးဆောင်မှု နောက်ကို လိုက်ဖို့ စိတ်အားထက်သန်ကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူ့အသိုက်အဝန်းကိုလည်း အိန္ဒိယ အနုပညာရှင်များက ရိုက်ခတ်မှုရှိအောင် လုပ်နိုင်ကြပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.3k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
427
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

အရည်အချင်း ရှိတဲ့သူတွေ အပြည့်ရှိတဲ့ အိန္ဒိယရုပ်ရှင်လုပ်ငန်းမှာ လေးစားအားကျရတဲ့ ဇာတ်လမ်းတွေ အများကြီးရှိပြီး အနုပညာရှင်တွေကိုယ်စီမှာ သူတို့ ပရိသတ်တွေကို အိပ်မက်တွေ အောင်မြင်စေဖို့၊ အခက်အခဲတွေ အားလုံးကို ကျော်လွှား စေနိုင်ဖို့ တွန်းအားပေးနိုင်ကြပါတယ်။

အဲဒီထဲကမှ အိန္ဒိယနိုင်ငံ ရုပ်ရှင်လောကရဲ့ ထင်ရှားကျော်ကြားတဲ့ လေးစားအားကျဖွယ် ဘောလိဝုဒ် မင်းသမီး ၇ ဦး အကြောင်း ဧရာဝတီ စာဖတ်ပရိသတ်တွေ ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) Sushmita Sen

ဘောလိဝုဒ် မင်းသမီး Sushmita Sen ဟာ မယ်စကြာဝဠာဆုကို ရရှိခဲ့တဲ့ ပထမဆုံးအိန္ဒိယ အမျိုးသမီး ဖြစ်ပါတယ်။ Sushmita ဟာ ၁၉၉၄ ခုနှစ်၊ အလှမယ်ရွေးပွဲ တခုမှာ အနိုင်ရရှိခဲ့ပြီး အဲဒီအချိန်ကစလို့ သူဟာ “စိတ်သာရှိမယ်ဆိုရင် အရာခပ်သိမ်း ပြီးမြောက်နိုင်တယ်” လို့ မိန်းကလေးတွေ အားလုံးကို ပြသနိုင်ခဲ့ပါတယ်။

ဘောလိဝုဒ် အနုပညာလုပ်ငန်းမှာ အောင်မြင်တဲ့ အနုပညာလုပ်ငန်းအပြင် သူဟာ လှပတဲ့ မိန်းကလေး နှစ်ယောက်ရဲ့ Single မိခင်တဦးလည်း ဖြစ်ပါတယ်။

(၂) Kangana Ranaut

Kangana Ranaut ဆိုတဲ့ နာမည်ကို ခေါ်လိုက်ချိန်တိုင်း ကျနော်တို့ နားထဲမှာ “လုပ်ပိုင်ခွင့်” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရ သလိုပါပဲ။ Kangana ဟာ နိုင်ငံတော်အဆင့်မှာ “Queen” ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသမီးဆု၊ “Tanu Weds Manu Returns” ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသမီးဆု၊ “Fashion” ရုပ်ရှင်နဲ့ အကောင်းဆုံး ဇာတ်ပို့ဆု တို့လိုမျိုး ဆု ၃ ခုကို ရရှိပိုင်ဆိုင်နိုင်တဲ့ အမျိုးသမီးဟာ အိန္ဒိယနိုင်ငံမှာ သူတယောက်ပဲ ရှိပါတယ်။

သူဟာ “Gangster” ရုပ်ရှင်နဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး A အဆင့်ရှိတဲ့ ဒါရိုက်တာတွေရဲ့ မျက်စိကျလောက်တဲ့ အကြည့်တွေ၊ သရုပ်ဆောင်မှုတွေကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူ့ အနုပညာသက်တမ်း ၁၂ နှစ်အတွင်းမှာ အမျိုးမျိုးသော ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ရပါတယ်။

မင်းသမီးဟာ အင်အားကောင်းကောင်းနဲ့ ဖျော်ဖြေမှုတွေကို ပေးနိုင်တယ်လို့ နာမည်ရှိရုံသာမက တချို့သော အငြင်းပွားမှု တွေမှာတောင် ရိုးသားတဲ့ အမြင်လည်းရှိသူ တယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူရပ်တည်နေတဲ့နေရာကို ယိမ်းယိုင် မသွားစေခဲ့ဘဲ လုပ်ပိုင်ခွင့်တွေ ရရှိခဲ့သူတယောက် ဖြစ်လာခဲ့ပါတယ်။

(၃) Aishwarya Rai Bachchan

Sushmita Sen နဲ့ တနှစ်တည်းမှာပဲ ဘောလိဝုဒ် မင်းသမီး Aishwarya Rai Bachchan ဟာ မယ်ကမ္ဘာဆုကို ရရှိခဲ့ပါတယ်။ ဘောလိဝုဒ် လောကကို ဝင်လာခဲ့ပြီးနောက် သူဟာ နောက်ဆုတ်ခဲ့ခြင်း မရှိခဲ့ဘဲ ဘောလိဝုဒ်ရဲ့ နာမည်အကျော်ကြားဆုံးနဲ့ လွှမ်းမိုးနိုင်မှု အရှိဆုံး နာမည်ကျော်ကြားသူ တယောက်အဖြစ် ထူထောင်နိုင်ခဲ့ပါတယ်။

သူ့နာမည်နဲ့ ဆုတွေ အောင်မြင်မှုတွေလည်း အများကြီး ရရှိထားပါတယ်။ ၂၀၀၃ ခုနှစ်မှာ သူဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဂျူရီ အဖွဲ့ဝင်ဖြစ်လာတဲ့ ပထမဆုံး အိန္ဒိယမင်းသမီး ဖြစ်ခဲ့ပါတယ်။ သူဟာ UNAIDS အဖွဲ့ရဲ့ Goodwill Ambassador လည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ သူဟာ အိန္ဒိယ အစိုးရက ချီးမြှင့်တဲ့ စတုတ္တအမြင့်ဆုံး အိန္ဒိယပြည်သူ့ဆု ဖြစ်တဲ့ Padma Shri ဆုကိုလည်း ရရှိခဲ့ပါတယ်။ သူ့ရဲ့ ပရဟိတလုပ်ငန်းတွေနဲ့ အနုပညာလုပ်ငန်းတွေကြောင့် အိန္ဒိယကို ဂုဏ်တက်အောင် လုပ်နိုင်ရုံသာမက ကမ္ဘာတဝန်းက အမျိုးသမီးတွေရဲ့ လေးစားအားကျဖွယ် ပုဂ္ဂိုလ်တယောက်လည်း ဖြစ်ပါတယ်။

(၄) Deepika Padukone

ဘောလိဝုဒ် မင်းသမီး Deepika Padukone ကတော့ မင်းသား Shah Rukh Khan နဲ့အတူ “Om Shanti Om” ဆိုတဲ့ ရုပ်ရှင်မှာ သရုပ်ဆောင် ပွဲထွက်လိုတဲ့ အိပ်မက်ရှိသူတွေထဲက ကံကောင်းသူတယောက် ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်နဲ့ပဲ ၂၀၀၇ ခုနှစ်မှာ Filmfare Best Female Debut ဆုကို ရရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီဆုဟာ သူ့ရဲ့ အောင်မြင်မှု ပထမဆုံး အသီးအပွင့်တင် မဟုတ်ပါဘူး။ Padukone ဟာ အမျိုးသားအဆင့် ကြက်တောင် အားကစားသမား Prakash Padukone ရဲ့ သမီး တဦးလည်းဖြစ်ပြီး အနုပညာလုပ်ငန်းထဲ မရောက်ခင် အမျိုးသားအဆင့် အားကစားသမားတယောက် ဖြစ်ခဲ့သူပါ။

သူဟာ “Cocktail” ရုပ်ရှင်မှာ အချစ်ဇာတ်လမ်းထက် ပိုလုပ်နိုင်ပြနိုင်ခဲ့ပါတယ်။ ရုပ်ရှင်ဒါရိုက်တာတိုင်းက လိုချင်ကြတဲ့ မင်းသမီးတလက် ဖြစ်လာခဲ့တဲ့သူဟာ အိန္ဒိယနိုင်ငံမှာ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ကူညီမှုတွေ ပေးဖို့ ၂၀၁၅ ခုနှစ်မှာ ဖောင်ဒေးရှင်းတခုကို ထူထောင်ခဲ့ပါတယ်။

(၅) Priyanka Chopra

၂၀၀၀ ပြည့်နှစ်မှာ ဘောလိဝုဒ် မင်းသမီး Priyanka Chopra ဟာ Aishwarya Rai Bachchan ပြီးတဲ့နောက် မယ်ကမ္ဘာသရဖူကို အိန္ဒိယနိုင်ငံဆီ သယ်ဆောင်နိုင်ခဲ့သူ တဦး ဖြစ်ပါတယ်။ အဲဒီနောက် ဘောလိဝုဒ် အနုပညာလောကဘက်ကို ခြေဦးလှည့်ခဲ့ပြီး နာမည်ကျော် တယောက် ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ရုပ်ရှင်တွေဟာ နှလုံးသားတွေကို ဖမ်းစားနိုင်ရုံသာ မကဘဲ သူ့ရဲ့ ပရဟိတလုပ်ငန်းတွေလည်း အားကျဖွယ်ရာ ဖြစ်ပါတယ်။ ရုပ်ရှင်လုပ်ငန်းမှာ လိင်ကွဲပြားမှုကို တံတားထိုးပေးနိုင်တဲ့ သူတယောက်ဖြစ်ပြီးတော့ အနုပညာကြေး အမြင့်ဆုံး မင်းသမီး တလက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ဂီတလုပ်ငန်းဖက် ခြေဦးလှည့်ခဲ့ပြီး နိုင်ငံတကာ အဆိုတော်တွေနဲ့အတူ သီချင်း ၃ ပုဒ် ဖြန့်ချိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သူဟာ အိန္ဒိယအစိုးရက ချီးမြှင့်တဲ့ “အမြင့်ဆုံး ပြည်သူ့ဆု” Padma Shri ကို ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ အနောက်နိုင်ငံ ရုပ်ရှင်လောကမှာ ကျင်လည်နေပြီး အမေရိကန်နိုင်ငံက ရုပ်သံ ဒရာမာဇာတ်လမ်းတွဲ တခုမှာ ပါဝင်တဲ့ ပထမဆုံး ဘောလိဝုဒ်မင်းသမီး ဖြစ်လာခဲ့ပါပြီ။

(၆) Anushka Sharma

အသက် ၂၉ နှစ်အရွယ်၊ ဘောလိဝုဒ် မင်းသမီး Anushka Sharma ဟာ သူ ငယ်စဉ်ဘဝကတည်းက ရုပ်ရှင်မျိုးစုံမှာ ပါဝင်ခဲ့ပြီး အဲဒီအထဲက ရုပ်ရှင် ၃ ခုကို သူ့ကိုယ်ပိုင် ထုတ်လုပ်ရေး ကုမ္ပဏီက ထုတ်လုပ်ခဲ့တာပါ။ Deepika လိုပဲ Anushka ဟာ “Rab Ne Bana Di Jodi” ရုပ်ရှင်မှာ Shah Rukh Khan နဲ့ အတူ ပွဲဦးထွက်ခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ အလုပ်တခုကို နောက်ဆံ မတင်းဘဲ လုပ်တတ်တဲ့ မင်းသမီးတဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့ အနုပညာ သက်တမ်းတလျှောက်မှာ မအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေ ရှိခဲ့ပေမယ့်လည်း မင်းသမီးဟာ ကြယ်တပွင့်လို တောက်ပနေဆဲ ဖြစ်ပါတယ်။ အိန္ဒိယ ခရစ်ကတ်အသင်း ခေါင်းဆောင် Virat Kohil နဲ့ သူ့အရှိန်အဝါ အကြီးဆုံး အချိန်မှာ လက်ထပ်ခဲ့ပြီးနောက် Anushka က လက်ထပ်ခြင်းဟာ ဘောလိဝုဒ် အနုပညာရှင်တယောက်ရဲ့ အဆုံးသတ် မဟုတ်ဘူး ဆိုတာ သက်သေပြခဲ့ပါတယ်။

(၇) Sunny Leone

မင်းသမီး Sunny Leone ကတော့ အိန္ဒိယ လူမှုအသိုက်အဝန်းမှာ လက်ခံလောက်ဖွယ် မရှိတဲ့ မိသားစု နောက်ခံကနေ မွေးဖွား လာခဲ့သူလို့ ဆိုပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ အခွင့်အရေးအတွက် အကင်းပါးမှုတို့ ပိုင်ဆိုင်ထားပါတယ်။ သူဟာ “Bigg Boss Season 5” ကနေ တဆင့် အိန္ဒိယအနုပညာ ရပ်ဝန်းထဲကို ပထမဆုံး ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

အရွယ်ရောက်တဲ့ စတားတယောက်ရဲ့ ပုံရိပ်ကို ပြောင်းလဲဖို့ ဆိုတာထက် သူ့အတိတ်က အလုပ်အကိုင်ကို လက်ခံဖို့ ဘယ်တုန်းကမှ ရှက်ရွံ့ခြင်း မရှိခဲ့ပါဘူး။ ၂၀၁၂ ခုနှစ်မှာ Sunny ဟာ ဘောလိဝုဒ် အနုပညာလောကထဲကို “Jism 2” ရုပ်ရှင်နဲ့ ဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်ခံတေးတွေအထိ ဝင်ဆိုခဲ့တဲ့ “Ragini MMS”, “Jackpot” နဲ့ “Raees” ရုပ်ရှင်တွေ အထိ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် Sunny နဲ့ သူ့ခင်ပွန်းဖြစ်သူ Daniel တို့ဟာ ကိုယ်ရေးကိုယ်တာ သမိုင်းမှတ်တိုင်တွေလည်း ဖြတ်ကျော်နိုင်ခဲ့ ကြပါတယ်။ သူတို့ နှစ်ယောက်ဟာ Latur ဆီကနေ မွေးစားထားတဲ့ Nisha Kaur Weber ဆိုတဲ့ မိန်းကလေးတဦးရဲ့ မိဘတွေလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ သွေးသားဖြစ်တဲ့ အမြွှာရင်သွေးလေး ၂ ဦးကိုလည်း ရရှိခဲ့ပါတယ်။ မြီးကောင်ပေါက် စတား တယောက်ကနေ မင်းသမီးတလက် အဲဒီကနေ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး၊ ပြီးတော့ ဇနီးတဦး၊ အဲဒီကနေ ကလေး ၃ ဦး မိခင် အဖြစ် လေးစားကျစရာ အမျိုးသမီးတဦး ဖြစ်ပါတယ်။

Ref ; indiatimes

Your Thoughts …
Tags: ဘောလိဝုဒ်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မြန်မာပြည်ဖွား အိန္ဒိယ အကမင်းသမီး ဟယ်လင်

မြန်မာပြည်ဖွား အိန္ဒိယ အကမင်းသမီး ဟယ်လင်

by ဧရာဝတီ
23 November 2024
1.6k

မြန်မာတွင် ၎င်းတို့၏ဘဝသည် “ရပ်တည် မရနိုင်လောက်အောင်ဖြစ်ကြောင်း” ဟယ်လင်က ပြောပြသည်။

အိန္ဒိယရဲ့ စူပါမော်ဒယ်အဖြစ် သတ်မှတ်ခံရတဲ့ Sonam Kapoor

ဘောလိဝုဒ် အနုပညာရှင်တွေရဲ့ ကိုယ်အလေးချိန် လျှော့ချနည်း လျှို့ဝှက်ချက်များ

by ဟယ်လ်သင်
20 December 2018
39.8k

မင်းသမီး Karenna Kapoor ရဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းနည်းကတော့ ယောဂကို မနက်တိုင်း ပုံမှန်လေ့ကျင့်ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။

မင်းသား ရှရွတ်ခန်နဲ့ မင်းသမီး Deepika Padukone

Deepika Padukone နဲ့အတူ အက်ရှင်ရုပ်ရှင်မှာ ပါဝင်လာမယ့် ရှရွတ်ခန်

by မစ်ကီ
19 January 2021
2.8k

မင်းသားဟာ ဒါရိုက်တာ Siddharth Anand ရဲ့ “Pathan” ရုပ်ရှင်မှာ ပါဝင်မယ်လို့ မင်းသမီး Deepika Padukone က အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

မင်းသား Sushant Singh

မင်းသား ဆူရှန့်ဟာ စိတ်ကျရောဂါ ခံစားခဲ့ရကြောင်း ဆရာဝန်တွေ ပြော

by မစ်ကီ
21 July 2020
19k

အသက် ၃၄ နှစ်အရွယ် မင်းသားကို ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့တုန်းက Bandra အရပ်မှာရှိတဲ့ သူ့ရဲ့ တိုက်ခန်းထဲမှာ သေဆုံးလျက်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

လက်ထပ်လိုက်တဲ့ ဘောလိဝုဒ်မင်းသမီး Sonam Kapoor ရဲ့ မင်္ဂလာပွဲ

စီးပွားရေး လုပ်ငန်းရှင်တဦးနဲ့ လက်ထပ်လိုက်တဲ့ ဘောလိဝုဒ်မင်းသမီး Sonam Kapoor

by မစ်ကီ
10 May 2018
14.3k

လက်ထပ်ပွဲကိုတော့ ဆစ်ခ်ဓလေ့ထုံးတမ်းအတိုင်း ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ဘောလိဝုဒ် မင်းသမီး Rhea Chakraborty

မင်းသား Sushant Singh ရဲ့ချစ်သူ မင်းသမီး Rhea Chakraborty အဖမ်းခံရ

by မစ်ကီ
9 September 2020
26.6k

မင်းသား Sushant ကွယ်လွန်ခဲ့မှုနဲ့ အဲ့ဒီကိစ္စ အကြောင်းအခြေအနေတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အိန္ဒိယသတင်းမီဒီယာတွေမှာ တော်တော်လေး လူပြောများခဲ့ပါတယ်။

Next Post
ဟန်းနီးမွန်း

ဟန်းနီးမွန်း

ကင်မရာ အကောင်းဆုံး ဖုန်းတွေ အကြောင်း

ကင်မရာ အကောင်းဆုံး ဖုန်းတွေ အကြောင်း

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate