Entertainment

စင်္ကာပူနိုင်ငံမှာ ၃ ရက်ကြာ သွားရောက် ပြသမယ့် “ဥပါယ်တံမျဉ်” ရုပ်ရှင်

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ၈ ပတ် မြောက်အဖြစ် JCVG ရုပ်ရှင်ရုံများမှာ ရုံတင်ပြသနေဆဲဖြစ်တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးကို စင်္ကာပူနိုင်ငံမှာ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁ ရက်နေ့ အထိ ၃ ရက်ကြာ သွားရောက် ပြသသွားမယ်လို့ သိရပါတယ်။

စင်္ကာပူနိုင်ငံရဲ့ လာမယ့် ရုံးပိတ်ရက်ရှည် “Good Friday” ဖြစ်တဲ့ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁ ရက် နေ့ အထိ စင်ကာပူနိုင်ငံ၊ “Golden Mile Tower Carnival Cinema” မှာ ပြသသွားမှာ ဖြစ်ပါတယ်။

“စင်္ကာပူက ပရိတ်သတ်တွေနဲ့ တွေ့ဆုံရမှာ တွေးပြီး ရင်တွေ အရမ်း ခုန်နေတယ်နော်။ အားပေးကြမယ့်သူ တဦးတယောက်စီကို ဒီနေရာကနေ ကြိုတင် ကျေးဇူးတင်ပါရစေနော်” လို့ ဥပါယ်တံမျဉ် အဖွဲ့သားများက ဖိတ်ခေါ်စကား ဆိုထားပါတယ်။

အဆိုပါ ရုပ်ရှင်ပွဲ လက်မှတ်များကို ကိုယ်တိုင် ဝယ်ယူချင်သူများ အနေနဲ့ စင်္ကာပူနိုင်ငံမှာရှိတဲ့ City Hall တတိယထပ်မှာ ရောင်းချပေးသွားမှာဖြစ်ပြီး အွန်လိုင်းမှ မှာယူချင်သူများကတော့ မတ်လ ၁၀ ရက်နေ့မှ စတင်ပြီး မှာယူနိုင်ပြီလို့ သိရပါတယ်။

“ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးကို Central Base ထုတ်လုပ်ရေးမှ စီစဉ်ထုတ်လုပ်ပြီး မျက်နှာသစ် အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးကာ သရုပ်ဆောင်များအဖြစ် မင်းသား ဇဏ်ခီ၊ အောင်မြင့်မြတ်၊ သက်မွန်မြင့်နဲ့ ထိုင်းမင်းသမီး ကရာဗီတို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားကိုတော့ မြန်မာ့ရုပ်ရှင်လောကမှ ဝါရင့် အနုပညာရှင်ကြီးများရဲ့ ထောက်ပြ၊ ဝေဖန် ပြောဆိုမှုများကြောင့် ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ထူးခြားတဲ့ အနုပညာ ရိုက်ချက်တွေနဲ့ “ဥပါယ်တံမျဉ်”

Loading