• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မြန်မာ့ဓလေ့၊ ယဉ်ကျေးမှု သဘာဝအလှတွေကို အသားပေး ရိုက်ကူးထားတဲ့ “မုဒြာရဲ့ခေါ်သံ”

by ဟယ်လ်သင်
13 March 2018
in Entertainment
A A
မုဒြာရဲ့ခေါ်သံ” ရုပ်ရှင် / Mudras Calling Facebook

မုဒြာရဲ့ခေါ်သံ” ရုပ်ရှင် / Mudras Calling Facebook

9.5k
VIEWS
Share on FacebookShare on Twitter

ဒီတပတ်မှာတော့ မြန်မာရုပ်ရှင်ကား ပရိသတ်တွေအတွက် IMDB Rating (9.1) ရရှိထားပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တွေမှာလည်း ဆုတွေရရှိထားတဲ့ “မုဒြာရဲ့ခေါ်သံ” (Mudras Calling) ရုပ်ရှင်ဇာတ်ကားအကြောင်း ညွှန်းပေးချင်ပါတယ်။

“မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကားကို ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးထားပြီး မင်းသား ဇာဏ်ခီ၊ မင်းသမီး လှယဉ်ကျေးနဲ့ သရုပ်ဆောင် နန်းဝေဝေထွန်းတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.1k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
488
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
485

ဇာတ်လမ်း အကျဉ်းကတော့ ဇာတိက မြန်မာပြည်မှာ မွေးဖွားပြီး ငယ်စဉ်ကတည်းက အမေရိကားမှာ နေထိုင် ကြီးပြင်း လာတဲ့ ဂျေဒန်ဝီလျံ (Jaden Willian) ဆိုတဲ့ လူငယ်တယောက်ဟာ သူ စာတမ်းပြုစုနေတဲ့ မြန်မာ့ရိုးရာ တူရိယာဂီတ ပညာတွေအကြောင်း လေ့လာဖို့ မြန်မာနိုင်ငံကို အလည် ရောက်လာပါတယ်။

ဂျေဒန်တယောက် မြန်မာနိုင်ငံကို အလည်ရောက်လာရင်း မြန်မာ့ရှေးဟောင်း သမိုင်းဝင်နယ်မြေ၊ ပုဂံဒေသမှာ မြန်မာ့ရိုးရာ ဂီတပညာတွေ အကြောင်းလေ့လာရင်း ပုဂံခရီးစဉ်က အပြန် သူ့ဇာတိမြို့ မန္တလေးမှာ မြန်မာလူမျိုး သူ့ရဲ့ မိဘအရင်းတွေကို ပြန်လည် ရှာဖွေတဲ့အကြောင်း ရိုက်ကူးထားတာပါ။

ဇာတ်လမ်းက ရိုးစင်းပေမယ့် အဓိကဇာတ်ဆောင် ဇာဏ်ခီရဲ့သရုပ်ဆောင်မှုနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ရိုက်ကူး တင်ပြချက်တွေက ချီးကျူးစရာ ကောင်းလှပါတယ်။ မြန်မာ့ဟန်၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု သဘာဝအလှတွေကို အသားပေး ရိုက်ကူးထားပြီး ဇာတ်ကားမှာ အသံပိုင်းစနစ်ကိုလည်း ဂရုတစိုက် သေချာ ဖန်တီးထားတာ တွေ့ရပါတယ်။

“မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ၉ ခုမှာ ပြသခဲ့ပြီး “Mexico International Film Festival 2017” ပွဲမှာ Silver Palm Award ဆု၊ “International Student Newcomer Woman Film Festival 2017” ပွဲမှာ Platinum Award ဆုနဲ့ စုစုပေါင်း ဆု ၂ ဆု ရရှိထားပါတယ်။

“ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှု တခဲနက် ရရှိထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ပထမဆုံး ပွဲဦးထွက်လက်ရာ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကားဟာ ရုံတင်ပြသဖို့ အချိန် ၄ နှစ်ကျော် ကြန့်ကြာခဲ့တယ်လို့ သိရပါတယ်။ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကားကို မတ်လ ၁၆ ရက်နေ့ကနေစပြီး မြန်မာတနိုင်ငံလုံး၊ JCGV ရုပ်ရှင်ရုံများမှာ ပြသသွားမယ်လို့ သိရပါတယ်။

မြင်တွေ့ရခဲတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အငွေ့အသက် ချစ်စရာ ဓလေ့ထုံးတမ်းတွေနဲ့ မြန်မာ့ အလှရှုခင်းတွေကို သေချာရိုက်ပြထားပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေရရှိထားတဲ့ ရုပ်ရှင်ကားကောင်း တကားမို့ ရုပ်ရှင်ချစ် ပရိသတ်တွေ သွားရောက် ကြည့်ရှုနိုင်အောင် ညွှန်းလိုက်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ပရိသတ်များ စောင့်ဆိုင်းနေကြသည့် “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင် မကြာမီ ရုံတင်တော့မည်

Your Thoughts …
Tags: “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

No Content Available
Next Post
သမ္မတ ရှီကျင့်ဖျင်သည် ၅ နှစ် သက်တမ်း ၂ ခါသာ လုပ်ရမည်ဟူသော ကန့်သတ်ချက်ကို ဖျက်သိမ်းလိုက်သည် / Reuters

သမ္မတသက်တမ်း ကန့်သတ်ချက် တရုတ်ကွန်မြူနစ်ပါတီ ပယ်ဖျက်

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်  အစည်းအဝေးတွင် တွေ့ရစဉ် / MOI

နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး MOU လက်မှတ်ရေးထိုးရန် မြန်မာ သဘောတူ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.2k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate