Entertainment

Taylor Swift မြှောက်ပေးလို့ Fifth Harmony အဖွဲ့က နုတ်ထွက်တာ မဟုတ်ကြောင်း Camila Cabello ရှင်းလင်း

Want create site? Find Free WordPress Themes and plugins.

“Havana” သီချင်းအဆိုတော် Camila Cabello က သူ Fifth Harmony အဖွဲ့ကနေ နုတ်ထွက်လိုက်ရတဲ့ ဆုံးဖြတ်ချက် နောက်ကွယ်မှာ Taylor Swift မရှိပါဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ်၊ အဆိုတော် Camila Cabello ဟာ နာမည်ကျော် အမျိုးသမီးအဖွဲ့ကနေ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ နုတ်ထွက်ခဲ့ပြီး သူရဲ့ သူငယ်ချင်း Taylor Swift က အဖွဲ့ကနေ နုတ်ထွက်ရေး ဆုံးဖြတ်ချက်ချဖို့ မြှောက်ပေးခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

“သူ(Taylor) က ကျမကို မြှောက်ပေးတယ်လို့ လူတွေက ပြောနေကြပြီး သူလည်းအဲဒါနဲ့ ပတ်သက်လို့ တော်တော်လေး မကောင်းမြင် ဝေဖန်ခံနေရတယ်ဆိုတာ ကျမသိပါတယ်။ တကယ်တော့ ကျမကို တခုခုလုပ်ဖို့ ဘယ်သူကမှ မြှောက်ပေးလို့ မရပါဘူး။ ကမ္ဘာကြီးက ကျမကို လုပ်ပါလို့ ပြောရင် ကျမ မလုပ်ချင်တဲ့ အရာဆို မလုပ်ပါဘူး။ မလုပ်ပါလို့ ပြောတဲ့ အရာကို ကျမလုပ်ချင်ပြီဆိုလည်း ကျမ လုပ်မှာပါ။ ကျမက အမြဲတမ်း အဲဒီလိုပါပဲ”လို့ Camila Cabello က ပြောပါတယ်။

ဒါ့အပြင် Taylor ဟာ သူ့ကိုနုတ်ထွက်ပါလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူးလို့ ဆိုပါတယ်။ တကယ်တမ်းဆိုရင် သူနဲ့ Taylor ဟာ တယောက်နဲ့တယောက် အလုပ်အကြောင်း ဘယ်တုန်းကမှ မဆွေးနွေးဖြစ်ကြဘူးလို့ Camila က ဆိုပါတယ်။ The Dan Wootton Interview မှာတော့ Camila က “အရမ်းရယ်ဖို့ ကောင်းပါတယ်။ Taylor နဲ့ ကျမ စကားပြောတဲ့ အချိန်တိုင်း အပြင်ထွက်ကြတဲ့ အချိန်တိုင်း အချစ်နဲ့ ကောင်လေးတွေ အကြောင်းပဲ ပြောကြတာပါ” လို့ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် Camila ဟာ အဖွဲ့ကနေ နုတ်ထွက်ခဲ့ရတဲ့ ခါးသီးတဲ့ အခြေအနေတွေ ရှိခဲ့ပေမယ့် သူရဲ့အဖွဲ့ဟောင်းက လုပ်ဖော်ကိုင်ဖက်တွေ အပေါ်မှာလည်း ခါးခါးသီးသီး မုန်းတီးနေတာမျိုး မရှိပါဘူးလို့ ဝန်ခံပြောကြားထားပါတယ်။

“အဲဒီလိုမျိုးစကားတွေ ပြောတာကနေ ကောင်းမွန်တာဘာမှ ထွက်မလာဘူးလို့ ခံစားနေရပါတယ်။ ကျမ ဘဝမှာ အရမ်းပျော်ခဲ့ရတာမျိုး မခံစားခဲ့ရပါဘူး။ ကျမမှာ လူတွေနဲ့ ဆိုးရွားတဲ့ခံစားချက်တွေကို ဝေမျှဖို့ နေရာရော ဆန္ဒရော မရှိပါဘူး။ အဲဒီလိုပြောဆိုဖို့ ကျမ မကြိုက်တဲ့ အကြောင်းပြချက် ကျမ ရန်မဖြစ်ချင်ဘူး။ ဆိုးရွားတဲ့ ခံစားချက်တွေ မရချင်တာကြောင့်ပါ။ သူတို့တွေ အကောင်းဆုံး အဆင်ပြေကြပါစေလို့ ကျမ ဆုတောင်းပါတယ်။ ကျမ သူတို့ကို ချစ်ပါတယ်။ ကျမတို့ ခရီးရှည် တခုလုံးကို အတူသွားခဲ့ကြပါတယ်။ တနှစ်လောက် ရှိခဲ့ပေမယ့် အဲဒီအမှတ်တရတွေ ရှိနေပါတယ်။ အဲဒါတွေကို မလေးမစား မလုပ်ချင်ပါဘူး” လို့ Camila Cabello က ပြောပါတယ်။

Ref ; contactmusic

Did you find apk for android? You can find new Free Android Games and apps.
Loading