နာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့တခုဖြစ်တဲ့ “Fifth Harmony” အဖွဲ့ရဲ့ လက်ရှိအခြေအနေဟာ အဖွဲ့ဝင် Camila Cabello ၂၀၁၆ ခုနှစ်ကုန်ပိုင်း လောက်ပိုင်းမှာ နုတ်ထွက်ခဲ့ပြီးနောက် လှုပ်ရှားမှု မရှိတော့တာ တွေ့ရပါတယ်။
အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Brooke, Normani, Dinah Jane နဲ့ Lauren Jauregui တို့ ပါဝင်ကြတဲ့ အဖွဲ့ဟာ မတ်လ ၁၉ ရက်နေ့မှာပဲ သူတို့ဟာ တကိုယ်တော်အလုပ်တွေ လုပ်ဖို့ အဖွဲ့အနေနဲ့ လှုပ်ရှားမှုကို ခေတ္တရပ်နားလိုက်ကြောင်း ကြေညာခဲ့ပေမယ့် အတွင်းသတင်းတခုရဲ့ အဆိုအရကတော့ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ Camila နုတ်ထွက်ပြီးတဲ့ နောက်ပိုင်း ဆုံးဖြတ်ချက် ရေရေရာရာ မချနိုင်ခဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းရင်းမြစ် တခုက “သူတို့တွေဟာ နေ့တိုင်းတော့ ကြိုးကြိုးစားစား လုပ်လုပ်နေတာ ၆ နှစ်လောက် မရပ်မနားပါပဲ။ သူတို့အတွက် အချိန်လိုအပ် နေပါသေးတယ်။ သူတို့ဟာ ဆယ်ကျော်သက်ဘဝကို နယ်လှည့်ဖျော်ဖြေတာ၊ အသံ သွင်းတာနဲ့ သူတို့ပရောဂျက်တွေအတွက် ပရိုမိုးရှင်းလုပ်တာအတွက် အချိန်ကုန်ဆုံးခဲ့ကြပါတယ်။ သူတို့ တယောက် ချင်းစီကို ပြန်လည်ရှာဖွေ ချင်ကြပါတယ်။ သူတို့ဟာ ဒီနယ်လှည့် ဖျော်ဖြေပွဲရဲ့ အဆုံးသတ်မှာ သဘာဝကျကျ ခဏနားပြီး အယ်လ်ဘမ်နဲ့ တခြားအရာတွေ လုပ်ကိုင်ဖု့ိ တကိုယ်တော် ပရောဂျက်လိုမျိုး လုပ်ဖို့ အချိန်ကို သုံးနိုင်ပါတယ်”
“သူတို့က ပျော်ပျော်ရွှင်ရွှင်နဲ့ တဦးကို တဦးအားပေးကြတယ်။ သူတို့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒရာမာ ခင်းစရာ အကြောင်းလည်း မရှိပါဘူး။ The X Factor စတင်ခဲ့ကတည်းက သူတို့ဟာ Fifth Harmony အဖွဲ့ကလွဲလို့ တခြား တခုခု လုပ်ဖို့ အခွင့်အရေး မရခဲ့ပါဘူး။ Camila Cabello အဖွဲ့ကနေ ထွက်သွားတာလည်း ဒီခဏနားတာနဲ့ ဘာမှမဆိုင်ပါဘူး။ သူထွက်သွားပြီးတဲ့နောက်ပိုင်းမှာ နံပါတ် ၁ အယ်လ်ဘမ်တောင် ရခဲ့ပါသေးတယ်။ တကိုယ်တော် တွေအတွက် သူတို့ အချိန်ယူကြမှာပါ” လို့ ပြောပါတယ်။
“Work From Home” သီချင်းအဆိုရှင်တွေဟာ အဲဒီသတင်းကို မတ်လ ၁၉ ရက်နေ့ အစောပိုင်းမှာ ဆိုရှယ်မီဒီယာတွေ ပေါ်မှာတင်တဲ့ ထုတ်ပြန်ချက်တွေထဲကနေ တဆင့် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ “‘X Factor’ စတင်ခဲ့ပြီး ၆ နှစ်ကြာကာလတွင်းမှာ မရပ်မနား လုပ်ကိုင်ခဲ့ပြီး ဖြစ်တဲ့အတွက် တကိုယ်တော် လှုပ်ရှားမှု လမ်းဖောက်ဖို့ Fifth Harmony အဖြစ်ကနေ ခေတ္တရပ်နားဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
ဆက်စပ် သတင်းလင့်ခ် – Taylor Swift မြှောက်ပေးလို့ Fifth Harmony အဖွဲ့က နုတ်ထွက်တာ မဟုတ်ကြောင်း Camila Cabello ရှင်းလင်း
Ref : contactmusic