Entertainment

“မြင့်မြတ်ကို သရုပ်ဆောင် ထူးချွန်လို့ အကယ်ဒမီ ရစေချင်တယ်”လို့ ပြောတဲ့ ယုန်လေး

Want create site? Find Free WordPress Themes and plugins.

အဆိုတော် ယုန်လေးက ယခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ ရုပ်ရှင်မင်းသား မြင့်မြတ်ကို သရုပ်ဆောင် ထူးချွန်တာကြောင့် အကယ်ဒမီရစေချင်တယ်လို့ ပြောပါတယ်။

“သူ့အတွက်ကတော့ ဒီနှစ် အကယ်ဒမီ ရစေချင်ပါတယ်။ ဒါပေမယ့်လည်း ဟာသကားတွေ များနေတယ်။ အကယ်ဒမီ ဆိုတာကို ကျနော် နားလည်တာ သရုပ်ဆောင် ထူးချွန်ဆုပေါ့။ ဟာသဖြစ်ဖြစ် အက်ရှင်ဖြစ်ဖြစ် ၊ ဒရာမာဖြစ်ဖြစ် ထူးချွန်ရင် ပေးရမယ် ထင်တယ်။ ငိုမှရမယ်ဆို ရုပ်ရှင်ထူးချွန်ဆုကနေ ရုပ်ရှင်ဇာတ်နာဆု ဖြစ်တော့မှာပေါ့”လို့ အဆိုတော်ယုန်လေးက မြင့်မြတ်နဲ့ပတ်သက်ပြီး သူ့ရဲ့ Facebook မှာ ရေးသား တင်ထားပါတယ်။

ဆက်လက်ပြီးတော့ ယုန်လေးက “ကြီးကြီးကျယ်ကျယ်က သာမန်ဇာတ်ပါ၊ “ပရမ်းပတာတွေပါဟယ်”ဆိုတဲ့ သူ့အိုက်တင်က ထူးချွန်လို့ ကျနော်တို့ ရယ်ခဲ့ကြပါတယ်။ ဇွတ်ကျား သာမန်ဇာတ် ၊ ဘုန်းကညာ သာမန်ဇာတ် သူ့အိုက်တင် ထူးချွန်လို့ လူကြိုက်များခဲ့ပါတယ်” လို့ ဆိုပါတယ်။

မြင့်မြတ်ပါဝင် သရုပ်ဆောင်ထားတဲ့ “အမှောင်ရွာချတဲ့ မိုးတိမ်”(ကျွန်) ရုပ်ရှင်ဇာတ်ကားနဲပ အကယ်ဒမီ ရမယ်ဆိုပါက တခြားဇာတ်ပို့ နေရာများမှာ သရုပ်ဆောင်တဲ့ သရုပ်ဆောင်များဖြစ်တဲ့ ဇာတ်ပို့စစ်စစ်များ အတွက် နေရာပျောက် သွားမှာကို မြင့်မြတ်ကိုယ်တိုင်ကလည်း စိုးရိမ်လျက်ရှိပြီး ဒီနှစ်အကယ်ဒမီ မရရှိ ပါကလည်း နောင်နှစ်များမှာရမှာ ဖြစ်တဲ့အတွက် ဇာတ်ပို့ဆုနဲ့ အကယ်ဒမီမရပါစေနဲ့ လို့ ဆုတောင်းပေးနေတယ်လို့ ယုန်လေးက ပြောပါတယ်။

ရုပ်ရှင်မင်းသား မြင့်မြတ်ဟာ ယခုနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကားများထဲမှာ ဟာသရုပ်ရှင်ကားများ အရေအတွက်က များနေပြီး ဒရာမာဇာတ်ကားအနေနဲ့ “အမှောင်ရွာချတဲ့မိုးတိမ်”(ကျွန်) ဇာတ်ကား တကားသာ ပါရှိနေပြီး အဆိုပါ ဇာတ်ကားနဲ့ ဇာတ်ပို့နေရာအတွက် ပရိသတ်ရဲ့ အကယ်ဒမီ တစ်ကြိုပေးခြင်း ခံနေရပါတယ်။

ဆက်စပ် သတင်းလင့်ခ်“၂၀၁၇ ခုနှစ်၊ အကယ်ဒမီ” ပရိသတ် အကြိုက်နဲ့ ထပ်တူကျနိုင်မလား 

Did you find apk for android? You can find new Free Android Games and apps.
Loading