Entertainment

အော်စကာ ဆုပေးပွဲမှ လူသိရှင်ကြား ကမ္ဘာကျော် အလွဲများ

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော်ကြားသူတွေဟာ အော်စကာဆုပေးပွဲအတွက် သူတို့လိုအပ်တာတွေ အားလုံးကို ကြိုတင်ပြင်ဆင်နိုင်ပေမယ့် ပွဲကြီးက တကယ်ရောက်လာပြီး ကင်မရာတွေ စတင်ရိုက်ကူးချိန်မှာတော့ ဘယ်သူကမှ အပြည့်အစုံ ပြင်ဆင်ပြီးသား မဖြစ်နိုင်တော့ပါဘူး။ ဆုကြေညာမယ့်သူတွေက သတ်မှတ်ထားတဲ့နေရာမှာ အဆင်သင့်ရပ်နေပြီး အစီအစဉ် တင်ဆက်သူတွေက မိနစ်တော်တော်များများ ကြာတ ဲ့မိန့်ခွန်းအရှည်ကြီးတွေကို အလွတ်ကျက်ရတယ်။

ဖျော်ဖြေသူတွေက စတိတ်စင်ရဲ့ ဘယ်နေရာမှာ ရပ်ရမယ်ဆိုတာ အတိအကျသိကြတယ်။ ဒါပေမယ့် အဲဒါဟာ အစီအစဉ် အတိုင်း ဖြစ်လိမ့်မယ်လို့တော့ မဆိုလိုပါဘူး။ အနည်းဆုံးတော့ သမိုင်းဖြစ်ရပ်တွေက ကျနော်တို့ကို သင်ကြားပေး နေတာပါပဲ။

အကယ်ဒမီ အော်စကာဆုပေးပွဲမှာလည်း နှစ်တော်တော်များများ ကမောက်ကမဖြစ်ခဲ့ရတဲ့ ကမ္ဘာကျော်အလွဲတွေ ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ဆုပေးပွဲမှာ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရတဲ့ စာအိတ်မှားပြီး ဆုရရှိသူကို မှားယွင်းကြေညာခဲ့မှုနဲ့ ၁၉၇၄ ခုနှစ် မှာတော့ စတိတ်စင်ပေါ် ဝတ်လစ်စလစ် အမျိုးသားတဦး ဖြတ်ပြေးသွားတာတို့လိုမျိုး အထင်ကရ အလွဲတွေလည်း ဖြစ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် အကောင်းဆုံး ဇာတ်ကားဆု လွဲမှားကြေညာမှု

ဆုကြေညာသူ Faye Dunaway ဟာ ၈၉ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆု ရရှိသူမှာ “Moonlight” ရုပ်ရှင်လို့ ကြေညာရမယ့်အစား “La La Land” ရုပ်ရှင်ဆိုပြီး လွဲမှား ကြေညာခဲ့ပြီး အကြီးမားဆုံး အမှား တခုကို ပြုလုပ်ခဲ့ပါတယ်။

“La La Land” ရုပ်ရှင်ထုတ်လုပ်သူ Jordan Horowitz က သူ့ရဲ့ ကျေးဇူးတင်စကား ပြောကြားနေတာကို ကြားဖြတ်ပြီး အမှန်တကယ် ဆုရရှိသူမှာ “Moonlight” ရုပ်ရှင်လို့ ကြေညာလိုက်တဲ့အခါ ဆုပေးပွဲခန်းမ တခုလုံး တိတ်ဆိတ်သွားခဲ့ ပါတယ်။

အော်စကာဆုပေးပွဲ တာဝန်ရှိသူတဦး ဖြစ်သူ PriceWaterhouseCoopers က ဆုကြေညာမယ့်မင်းသားကြီး Dunaway ကို စာအိတ်မှားပြီး ပေးလိုက်တာ ဖြစ်တဲ့အကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ် အော်စကာ ဆုပေးပွဲမှာလည်း Beatty နဲ့ Dunaway တို့ပဲ ဆုကို ဒုတိယအကြိမ်မြောက် ကြေညာခွင့် ရပါတယ်။ ဒီတကြိမ်မှာတော့ ဆုရရှိသူ ရေးသားထားတဲ့စာကို အနက်ရောင်နဲ့ဘယ် ၊ညာနှစ်ဖက်လုံးမှာ ရေးသား ဖန်တီး ထားပါတယ်။

၂၀၁၄ ခုနှစ် : John Travolta က Idina Menzel ရဲ့နာမည်ကို မှားယွင်းခေါ်ဆိုမှု

၂၀၁၄ခုနှစ် အော်စကာဆုပေးပွဲမှာတော့ မင်းသား JohnTravolta က”Let It Go” သီချင်းကို သီဆိုဖျော်ဖြေမယ့် မင်းသမီး Idina Menzel ကို မိတ်ဆက်ပေးတဲ့ နေရာမှာ နာမည်ကို အသံထွက် မှားယွင်းခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။ မင်းသား Travolta က”တယောက်ဆို တယောက် ဆိုသလောက် အရည်အချင်းအပြည့်ရှိတဲ့ Adele Dazeemကို ကျေးဇူးပြုပြီး ကြိုဆိုပေးပါဦး”လို့ ကြေညာခဲ့ပုံဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

တနှစ်အကြာ Jimmy Kimmel Live အစီအစဉ်မှာ မင်းသားက သူအသံထွက် မှားယွင်းခေါ်ဆိုခဲ့ရတဲ့ အကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။ Menzel ရဲ့နာမည်ကို သေသေချာချာ မသိတဲ့အပြင် အစမ်း လေ့ကျင့်ခဲ့တာလည်း မရှိတဲ့အတွက် မှားယွင်း ခေါ်ဆိုခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

၂၀၁၀ ခုနှစ် – ဆုရရှိသူ၏ ကျေးဇူးတင်စကားပြောချိန် ကြားဝင်နှောင့်ယှက်ခံရခြင်း

အကောင်းဆုံး မှတ်တမ်းရုပ်ရှင်တို ဆုကို “Music By Prudence” ရုုပ်ရှင်က ရရှိခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် အဲဒီ့ရုပ်ရှင် ဒါရိုက်တာ Roger Ross Williams က ကျေးဇူးတင်စကား ပြောကြားဖို့ စင်ပေါ်ကို တက်လာခဲ့ ပါတယ်။ အဲဒီနောက်တော့ ရိုက်ကူးရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်နဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောကြားနေချိန်မှာပဲ ထုတ်လုပ်ရေးမှူး Elinor Burkett က ရုတ်တရက် ဘေးနားကို ရောက်လာပြီးတော့ စကားဖြတ်ပြောခဲ့တာ ဖြစ်ပါတယ်။

၁၉၈၅ ခုနှစ် – အော်စကာဆုဆန်ခါတင်စာရင်းပါဝင်သူများကို ကြေညာရန် မေ့လျော့ခြင်း

၁၉၈၅ ခုနှစ် အော်စကာဆုပေးပွဲမှာ မင်းသားကြီး Olivier က အကောင်းဆုံးဇာတ်ကားဆုကို ကြေညာခဲ့ပါတယ်။ ဆန်ခါတင် စာရင်းမှာ ပါဝင်တဲ့ ဇာတ်ကားတွေကို ကြေညာပေးရမယ့်အစား ဆုကြေညာသူက စာအိတ်ကို ဖြဲလိုက်ပြီး “Amadeus!” ရုပ်ရှင်ဖြစ်ကြောင်း တိုက်ရိုက် ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

၁၉၇၄ ခုနှစ် – စတိတ်စင်ပေါ်သို့ ဝတ်လစ်စလစ်လူတဦး တက်ပြေးခဲ့ခြင်း

၁၉၇၄ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ ဆိုရင်တော့ အမေရိကန်ဓါတ်ပုံဆရာ၊ အနုပညာပြခန်းပိုင်ရှင်နဲ့ လိင်တူချစ်သူ အခွင့်အရေးတက်ကြွလှုပ်ရှားသူ Robert Opel ဟာ ဝတ်လစ်စလစ်နဲ့ စတိတ်စင်ပေါ် တက်ပြေးခဲ့တာဖြစ်ပါတယ်။ အစီအစဉ် ပူးတွဲတင်ဆက်သူ David Niven က တအံ့တသြ လှည့်ကြည့်ခဲ့ရသည် အထိလည်း ဖြစ်ခဲ့ရပါတယ်။

၁၉၆၄ ခုနှစ် – ဆုရရှိသူ မှားယွင်းကြေညာခဲ့ခြင်း

၁၉၆၄ ခုနှစ် အော်စကာဆုပေးပွဲမှာတော့ စာအိတ်မှားပြီး ရရှိခဲ့တဲ့ မင်းသား Sammy Davis Jr. ဟာ ဆုရရှိသူကို မှားယွင်း ကြေညာခဲ့ပါတယ်။ အကောင်းဆုံးဂီတအသံဆုကို ကြေညာရာမှာတော့ ဆုရရှိသူဟာ “Tom Jones” ရုပ်ရှင်မှ John Addison ဖြစ်တယ်လို့ ဆိုပါတယ်။

ပရိသတ်ကတော့ လက်ခုတ်တီးကြပေမယ့် ဘယ်သူကမှ မတ်တပ်မရပ်ခဲ့ကြပါဘူး။ Davis Jr. ကတော့ မိုက်ခရိုဖုန်းဆီ ပြန်လာပြီး သူအမှားလုပ်မိတဲ့ အကြောင်း ကြေညာခဲ့ရပါတယ်။ စာအိတ်မှားပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၃၈ ခုနှစ် – အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို အမျိုးသားတဦးလက်ခံ

မင်းသမီး Alice Brady ဟာ ၁၉၃၈ ခုနှစ်မှာ “Old Chicago” အတွက် အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆုကို လျာထား ခံရပါတယ်။ ကံမကောင်းချင်တော့ မင်းသမီးက နေမကောင်းလို့ ဆုပေးပွဲကို မတက်ရောက်ခဲ့ရပါဘူး။

ဆုရရှိသူအဖြစ် သူ့နာမည်ကို ကြေညာလိုက်တဲ့အချိန်မှာပဲ အမျိုးသားတဦးဟာ သူ့အစား စင်ပေါ်ကို တက်ပြီးတော့ ဆု ကို လက်ခံရယူခဲ့ပါတယ်။ ပြဿနာက သူဘယ်လဲဆိုတာကို ဘယ်သူမှမသိကြတာပါ။ သူက ဆုကိုယူပြီး စင်ပေါ်ကနေ ဆင်းသွား ခဲ့ပြီးနောက် သူ့ကို ဘယ်တော့မှ နောက်ထပ်ပြန်မတွေ့ခဲ့ကြရတော့ပါဘူး။

ဆက်စပ် သတင်းလင့်ခ်များ – အကောင်းဆုံး ရုပ်ရှင်၊ ဒါရိုက်တာဆု အပါအဝင် ဆု ၄ ဆု သိမ်းပိုက်ခဲ့တဲ့ “The Shape of Water” ရဲ့ အော်စကာည

အော်စကာဆုပေးပွဲမှာ ရွှေရောင်ဂါဝန်နဲ့ အပျော်ကြီးပျော်နေခဲ့တဲ့ မင်းသမီး Jennifer Lawrence

Ref; foxnews

Did you find apk for android? You can find new Free Android Games and apps.
Loading