• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲ” ပရိသတ် ရင်ခုန်သံနဲ့ ထပ်တူကျခဲ့သလား

by ယုမွန်ကျော်
24 March 2018
in Entertainment
A A
“၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲ” / မျိုးမင်းစိုး / ဧရာဝတီ

“၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲ” / မျိုးမင်းစိုး / ဧရာဝတီ

22.6k
VIEWS
Share on FacebookShare on Twitter

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ပွဲမတိုင်ခင်က အကယ်ဒမီနဲ့ ပတ်သတ်ပြီး အသံတွေမျိုးစုံ ထွက်ခဲ့ပေမယ့် ပွဲအပြီးတော့ အောင်မြင်စွာနဲ့ပဲ ပိတ်သိမ်း သွားခဲ့ပါတယ်။

ဒီနှစ် အကယ်ဒမီ ပေးပွဲကို မတ်လ ၂၃ ရက်နေ့ ညနေ့ပိုင်းက ရန်ကုန်မြို့၊ မင်းဓမ္မလမ်းပေါ့် Myanmar Event Park (MEP) မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို အနုပညာလောကသား စုံလင်စွာ တက်ရောက်ခဲ့ပြီး အခမ်းအနား အစမှာ “အနုပညာလောကသားတွေကို ပစ်မထားပါဘူး”ဆိုတဲ့ အမှာစကား အဖွင့်နဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
317
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
374
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
860

ဒါ့အပြင့် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့လည်း ရုပ်ရှင်လောက တိုးတက်ဖို့အတွက် စီးပွားရေး အကျိုးထက် စေတနာထားပြီး အဓိက ပံ့ပိုးပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် သရုပ်ဆောင် အကယ်ဒမီ ဦးဇင်ဝိုင်းတို့က အမှာစကား အသီးသီး ပြောကြားခဲ့ ကြပါတယ်။

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် မြန်မာ့ရုပ်ရှင်ဇာတ်ကားပေါင်း ၅၃ ကား ရှိပြီး အကယ်ဒမီဆုများအတွက် စိစစ်တဲ့ အဖွဲ့ဝင် ၃၄ ဦး ပါဝင်ကာ အကဲဖြတ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ ခါတိုင်းနှစ်တွေလို အကယ်ဒမီ ဗန်းကိုင်၊ အကယ်ဒမီ ရွှေကြိုများ မထားတော့ဘဲ အနုပညာရှင်များရဲ့ မျိုးဆက်သစ် ရင်သွေးငယ်များကို အကယ်ဒမီ အကူမောင်မယ်များအဖြစ် ပါဝင်စေခဲ့တာကို တွေ့ရပါတယ်။

၂၀၁၇ ခုနှစ်အတွက် ထူးခြားမှုအနေနဲ့ ပေးအပ်တဲ့ “တသက်တာ ရုပ်ရှင် ထူးချွန်ဆု” ကို စတင်ကြေညာခဲ့ပြီး အသက် ၉၆ နှစ် အရွယ် စည်သူ ဘိုကလေးတင့်အောင်က ရရှိခဲ့ပါတယ်။ တသက်တာ ထူးချွန်ဆုအတွက် ဘိုကလေးတင့်အောင် အနေနဲ့ ရွှေစင်ရွှေသား ၅ ကျပ်သားရှိတဲ့ အကယ်ဒမီ ရုပ်တုနဲ့အတူ အသက် ထင်ရှားရှိနေစဉ် ကာလ တလျှောက်လုံး လစဉ် တလလျှင် ကျပ် ၅ သိန်း ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

“တသက်တာ ရုပ်ရှင် ထူးချွန်ဆု” ဟာ ဒီနှစ်မှာ စတင် ပေးအပ်တဲ့ ထူးချွန်ဆု တဆုဖြစ်ပြီး ဒီဆုုကိုတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၇ ခုနှစ် အကယ်ဒမီ ကတော့ ပရိသတ်တွေ ကြိုတင်ခန့်မှန်းထားကြတဲ့ အနုပညာရှင်များ ဆုတွေ ရကြသလို ထင်မထားတဲ့ အနုပညာရှင် များလည်း ဆုတွေရကြတာ တွေ့ခဲ့ရပါတယ်။

စည်သူ ဘိုကလေးတင့်အောင်အား “တသက်တာ ရုပ်ရှင် ထူးချွန်ဆု”ပေးအပ်ချီးမြှင့်စဉ် (ဓာတ်ပုံ – မျိုးမင်းစိုး/ ဧရာဝတီ)

“အကောင်းဆုံး ရုပ်ရှင်အသံ ထူးချွန်ဆု”ကို ဖွင့်ဖောက် ကြေညာပေးရာမှာ “ထာဝရအမေ” ရုပ်ရှင် ဇာတ်ကားနဲ့ အသံပိုင်း ပညာရှင် “သိန်းအောင်” က ရရှိခဲ့ပြီး သိန်းအောင်အနေနဲ့ မြန်မာရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုကို ပထမဆုံး အကြိမ် ရရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် “အကောင်ဆုံး ရုပ်ရှင်တည်းဖြတ်ဆု” ကို ကြေညာခဲ့ရာမှာ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားနဲ့ အိုဝင်က ရရှိခဲ့ပါတယ်။ “အကောင်းဆုံး ဓာတ်ပုံဆု” ကို ကြေညာတဲ့ အခါမှာတော့ “သရဲမ၊ ဘီလူးမ၊ မိန်းမပျို”ဇာတ်ကားနဲ့ ကျောက်ဖြူ (ပဒေသာ)က ရရှိခဲ့ပြီး “အကောင်းဆုံး တေးဂီတဆု” ကိုတော့ “ကွမ်းလုံံ ရက် ၄၀”ရုပ်ရှင်နဲ့ အကယ်ဒမီ စန္ဒာယား တင်ဝင်းလှိုင်က ရရှိခဲ့ပါတယ်။

“အကောင်းဆုံး ဇာတ်ညွန်းဆု”ကို “ရင်ဘတ်ထဲကဓား”ဇာတ်ကားနဲ့ ဒါရိုက်တာဝိုင်းက ရရှိခဲ့ပြီး “အကောင်းဆုံး ဒါရိုက်တာဆု” ကို “ထာဝရအမေ” ရုပ်ရှင်နဲ့ ဒါရိုက်တာ “စင်ရော်မောင်မောင်” က ရရှိခဲ့ပါတယ်။ အကောင်းဆုံး ဇာတ်ညွှန်းဆုကို အကယ်ဒမီ မတိုင်ခင် တစ်ကြိုးပေးခံခဲ့ရတဲ့ ဇာတ်ညွှန်း မိုးနီလွင်ကတော့ ဒီနှစ်မှာ အကယ်ဒမီနဲ့ လွဲသွားခဲ့ပါတယ်။

“အကောင်းဆုံး ဇာတ်ကားဆု”ကို “နေခြည်မှာ ရွှေရည်လောင်း”ဇာတ်ကားနဲ့ “မင်္ဂလာဇော်” ရုပ်ရှင်က ရရှိခဲ့ပြီး “အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု” ကို ကြေညာချိန်မှာတော့ ပရိသတ် ထင်မှတ်မထားတဲ့ သရုပ်ဆောင် မြင့်မြတ်က “အမှောင်မှာ ရွာချတဲ့ မိုးတိမ် (ကျွန်)” ရုပ်ရှင်နဲ့ ဇာတ်ပို့ဆုကို ရရှိသွားပါတယ်။ ဒီနှစ်မှာ အမျိုးသား ဇာတ်ပို့ဆုကိုတော့ အဲဒီဇာတ်ကားနဲ့ပဲ ဇာတ်ပို့ သရုပ်ဆောင် ဟိန်းမင်းက အကယ်ဒမီ တစ်ကြိုပေးခံခဲ့ရတာပါ။ ဒါပေမယ့်လည်း ဟိန်းမင်း အတွက် ဒီနှစ်က အကယ်ဒမီ လွဲချော်သွားတဲ့ နှစ်ပါပဲ။

“အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ကို ကြေညာခဲ့ချိန်မှာလည်း ပရိသတ် ထင်မှတ်မထားတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက “သရဲမ၊ ဘီလူးမ၊ မိန်းမပျို” ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ပွဲမတိုင်ခင် ပရိသတ် တစ်ကြိုပေးခံရတဲ့ အခြား သရုပ်ဆောင် မင်းသမီးများကတော့ ဇာတ်ပို့ဆုနဲ့ လွဲချော်ခဲ့ကြပါတယ်။ ပိုင်ဖြိုးသု အနေနဲ့လည်း သူ့အတွက် ဒီ အကယ်ဒမီဆုဟာ ပထမဆုံးအကြိမ် ရရှိတာကြောင့် အရမ်းစိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့ပြီး ထင်မထားတဲ့ ဆုကို ရရှိတဲ့ အတွက်လည်း အားလုံးကို ကျေးဇူးတင်ကြောင်း ပြောသွားခဲ့ပါတယ်။

“အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု” ကိုတော့ ပရိသတ်အားလုံး ခန့်မှန်းထားတဲ့အတိုင်း “တာတေကြီး” ရုပ်ရှင်နဲ့ အကယ်ဒမီနေတိုးက ရရှိခဲ့ပြီး “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု” ကိုလည်း ပရိသတ်အများ မျှော်လင့်ထားကြတဲ့ အတိုင်းပဲ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်နဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့က ရရှိခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်အနေနဲ့ ဒီနှစ် အကယ်ဒမီဟာ အနုပညာ သက်တမ်း ၁၃ နှစ်အကြာမှာ ဒုတိယအကြိမ် ရရှိခဲ့တဲ့ အကယ်ဒမီဆုလို့ ပြောသွားခဲ့ပါတယ်။

“၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု” ရရှိခဲ့ကြသော အနုပညာရှင်များ (ဓာတ်ပုံ – မျိုးမင်းစိုး/ ဧရာဝတီ)

ဒီနှစ်အတွက် ပေးအပ်ချီးမြှင့်ခဲ့တဲ့ အကယ်ဒမီ ဆုတွေထဲမှာ စိတ်မကောင်းစရာ တခုကတော့ တက်သစ်စ မျက်နှာသစ် လူငယ်တွေချည်းပဲ ကြိုးစားရိုက်ကူးထားတဲ့ “ည” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ဒီဇာတ်ကားက အကယ်ဒမီ Nomination စာရင်းမှာတောင် မပါဝင်ခဲ့တဲ့အတွက် ပရိသတ်အချို့နဲ့ အနုပညာရှင် အချို့ကလည်း စိတ်မကောင်း ဖြစ်နေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြီးဆုံးသွားပြီဖြစ်တဲ့ ဒီနှစ် အကယ်ဒမီ ပေးပွဲကတော့ ပရိသတ် ရင်ခုန်သံနဲ့ တကယ် ထပ်တူကျခဲ့သလား ဆိုတာ။ ။

ဆက်စပ် သတင်းလင့်ခ် – “၂၀၁၇ ခုနှစ်၊ အကယ်ဒမီ” ပရိသတ် အကြိုက်နဲ့ ထပ်တူကျနိုင်မလား

Your Thoughts …
Tags: ၂၀၁၇ ခုနှစ် အကယ်ဒမီ ပေးပွဲ
ယုမွန်ကျော်

ယုမွန်ကျော်

​Copy Editor

Similar Picks:

No Content Available
Next Post
“အကောင်းဆုံး ဒါရိုက်တာဆု” ရရှိခဲ့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်  / မျိုးမင်းစိုး / ဧရာဝတီ

“ကျနော် ရွာသားပါ”လို့ ပြောလိုက်တဲ့ စကားအပေါ် ပြန်ဖြေရှင်းလိုက်တဲ့ အကယ်ဒမီ စင်ရော်မောင်မောင်

“Avengers 4” မှာ Captain America အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Chris Evans

“Avengers 4” ရုပ်ရှင်မှာ Captain America အဖြစ် နောက်ဆုံး မြင်တွေ့ရမယ့် မင်းသား Chris Evans

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.2k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.2k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate