• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

လတ်တလော ဝေဖန်မှုများနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ကိုယ်တိုင် ဝန်ခံဖြေရှင်း

by ယုမွန်ကျော်
26 March 2018
in Entertainment
A A
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ရှင်းလင်း ပြောကြားစဉ်  / ထက်ဝေ  / ဧရာဝတီ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ရှင်းလင်း ပြောကြားစဉ် / ထက်ဝေ / ဧရာဝတီ

36.2k
VIEWS
Share on FacebookShare on Twitter

လတ်တလော Facebook ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ သတင်းတွေကတော့ မြန်မာ့ရုပ်ရှင် လောကသား တချို့ရဲ့ Group Chat စာ အချို့ကို Screenshot ရိုက်ပြီး တက်လာတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာ အကြောင်းအရာ တွေပဲ ဖြစ်ပါတယ်။

ဒီကိစ္စဟာ အကယ်ဒမီပေးပွဲအပြီး နောက်နေ့ မနက်ပိုင်းမှာ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပြီး အဓိကအနေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင် လောကသားတွေနဲ့ လတ်တလော နာမည်ကြီးနေတဲ့ “မုဒြာရဲ့ခေါ်သံ” ဖန်တီးရှင် ခီ လင်မယားကြား ဖြစ်ပေါ်နေတဲ့ “တောသား၊ မြို့သား” ဆိုတဲ့ ခွဲခြားမှု ပြောဆိုသံတွေကြားကနေ ထွက်ပေါ်လာခဲ့တာမို့ ပရိသတ်များပိုပြီး စိတ်ဝင်စားစရာ သတင်းတပုဒ် ဖြစ်ခဲ့ပါတယ်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
23
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
52
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
286

အကယ်ဒမီပေးပွဲမှာ ပရိသတ် ပိုပြီး စိတ်ဝင်စားစေခဲ့တာကတော့ ပွဲကို တက်ရောက်လာခဲ့တဲ့ ခီ ဇနီးမောင်နှံဟာ ပွဲမှာ တခြား အနုပညာရှင်များရဲ့ လျစ်လျူရှုမှုကို ခံရနေရတယ် ဆိုတဲ့အတွက် ပရိသတ်ရဲ့အားပေးဝန်းရံမှုတွေ ရရှိနေချိန်မှာပဲ အနုုပညာရှင်ကြီးများစွာ ပါဝင်ကြတဲ့ Facebook Group Chat ထွက်ပေါ်လာခဲ့တဲ့အခါမှာ ပရိသတ်က မြန်မာ့ရုပ်ရှင် အနုပညာရှင်များ အပေါ် ဆိုးဆိုးဝါးဝါး စိတ်ဆိုးစေခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ Group Chat မှာ ခီ လင်မယားကို ဝိုင်းဝန်းပြီး ဝေဖန်ပြောဆိုနေတဲ့ စာသားတွေ ပါဝင်ခဲ့ပြီး ပါဝင်ရေးသား ပြောဆို ကြတဲ့ အနုပညာရှင်တွေရဲ့ နာမည်တွေပါ တပ်ပြီး ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စ ပေါက်ကြားပြီး မကြာခင်မှာပဲ အတုလား၊ အစစ်လား ပရိသတ်က ဝေခွဲမရ ဖြစ်နေချိန်မှာ ပါဝင်ပြောဆိုကြတဲ့ အနုပညာရှင်တချို့ရဲ့ Facebook Profile များ ချိန်းထားမှုများ ဖြစ်ပေါ်လာခဲ့တဲ့ အတွက် ပရိသတ်ရဲ့ ထင်ကြေးပေး ဝေဖန်မှုက ဖြစ်နိုင်ခြေများတယ်ဆိုပြီး ထွက်ပေါ် လာခဲ့ပါတယ်။

ဒီအုပ်စုဖွဲ့ပြောဆိုမှုမှာ ပါဝင်တယ်လို့ ရေးသားဖော်ပြခံရတဲ့ အနုပညာရှင်တွေကတော့ လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဖြစ်တဲ့ ဦးဇင်ဝိုင်း အပါအဝင်၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာ ညိုမင်းလွင်၊ ဇာဂနာ၊ ကျော်ကျော်၊ ပြေဇင်၊ နေမင်း၊ စိုးမြတ်နန္ဒာ၊ ခင်ဝင့်ဝါ၊ သဉ္ဇာနွယ်ဝင်း၊ သဉ္ဇာမြင့်မိုရ် တို့ပဲ ဖြစ်ပါတယ်။

အထူးသဖြင့် သရုပ်ဆောင်နေမင်း ပြောဆိုထားတယ်လို့ စာသားတချို့ဖြစ်တဲ့  “အချိန်တန်ရင် အဲဒီလင်မယား ချီးကား တိုက်သေလိမ့်မယ်”ဆိုတဲ့ စကားကို ပရိသတ်များက အမှန်တကယ် နေမင်း ရေးသားခဲ့ခြင်းလား၊ အတုအယောင် ဖြစ်ခြင်းလား ဆိုတာကို ဝေဖန်နေကြပြီး ပရိသတ် တချို့ကတော့ ပြင်းထန်စွာ ရှုတ်ချပြော အပြစ်တင်နေကြပါတယ်။

သရုပ်ဆောင်နေမင်းရဲ့ Facebook မှာတော့  နေမင်းက “မုဒြာရဲ့ခေါ်သံကို သွားကြည့်ခဲ့တယ်။ သွားကြည့်ခဲ့ကြောင်း ကိုလည်း ကျနော့် Facbook စာမျက်နှာမှာ တင်ခဲ့တဲ့သူပါ။ ကျနော့်မိတ်တွေ သူငယ်ချင်းတွေကို မုဒြာရဲ့ခေါ်သံ သွားကြည့် သင့်ကြောင်း လိုက်ပြောနေခဲ့သူပါဗျာ။ ကျနော်ကိုယ်တိုင် ကြိုက်နှစ်သက် အားပေးခဲ့တဲ့ အနုပညာရှင် လင်မယားကို အဲ့လောက်ထိ ကျနော် မကောင်းတဲ့ ရည်ရွယ်မှုတွေကို ပြောပါ့မလားဗျာ။ Group Chat မှာပြောတဲ့ စကားကို ပြုပြင် ပြောင်းလဲ Edit လုပ်ပြီး တင်ထားကြတယ် ဆိုတာတော့ ကျနော် ပြောပါရစေဗျာ။ (အမှန်တရားကို ဘုရားသိပါတယ်)” လို့ ဖြေရှင်းချက်မျိုး တင်ထားကို တွေ့ရပါတယ်။

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းကတော့ မီဒီယာတခုရဲ့ အမေးကို အနုပညာလောကနဲ့ ကင်းကွာနေတာကြာပြီဖြစ်တဲ့အတွက် ဘာမှ မသိကြောင်း ငြင်းဆန်ခဲ့ပြီး ကျန်အနုပညာရှင်များရဲ့ ပြန်လည်ချေပ ပြောဆိုမှုများ ရှိနေပေမယ့် လက်ရှိမှာတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ အနုပညာရှင်တွေကတော့ သူတို့ရဲ့ Facebook Comment တွေမှာ ပရိသတ်တွေရဲ့ ပြစ်တင် ဝေဖန်ရှုတ်ချမှုတွေ၊ ပြင်းပြင်းထန်ထန် ရေးသားပြောဆိုမှုတွေကို ခံစားနေကြပါတယ်။

ယနေ့မနက်ပိုင်းမှာတော့ မြန်မာရုပ်ရှင်အစည်းအရုံးမှာ ကျင်းပတဲ့ Amazing Myanmar Post ရဲ့ တင်ထားတဲ့ သတင်းစာ ရှင်းလင်းပွဲတခု တက်လာခဲ့ပါတယ်။ ဒီရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်း ကိုယ်တိုင် ဖြေရှင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင် ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “ကျနော် အကယ်ဒမီပွဲအပြီးမှာ ဘာသတင်းများ တက်မလဲဆိုပြီး သတင်း တက်ကြည့်ပါတယ်။ အဲဒီမှာ အကယ်ဒမီပွဲနဲ့ ပတ်သတ်ပြီး ကျနော်တို့ မြတ်မြတ်နိုးနိုးထားတဲ့ အကယ်ဒမီပေးပွဲကို ညစ်ညစ်ညမ်းညမ်း လုပ်ထားတဲ့ ပုံတွေ စသဖြင့် ပြောဆိုထားတွေကို Screenshot ရိုက်ပြီး ပို့ပါတယ်။ ပို့ပြီးတော့မှ စော်ကားနေကြပြီ ဆိုပြီးတော့ ပြောပါတယ်။ ပို့တဲ့အခါ တချို့ကလေးများက သွေးဆူပါတယ်။ သွေးဆူပြီး တချို့ သူတို့အချင်းချင်း ပြောကြ ဆိုကြတာတွေလည်း ရှိနိုင်ပါတယ်”

“ဒီနေရာမှာ ကျနော်ကို ဒါရိုက်တာ ကိုပေါက်က ဦးဌေးရေ သားက မျိုးဆက် ၃ ဆက်ရှိနေပါပြီ၊ ဒါရိုက်တာလည်း လုပ်နေပါပြီ။ ဒါပေမယ့် စနစ်တကျ မတက်ဘူး။ သားတို့ကို သင်တန်းတွေ ဖွင့်ပေးပါတဲ့ ဘာမှမတတ်တဲ့ မူလတန်းလိုမျိုး ပြန်သင်ချင်ပါတယ်တဲ့။ ကျနော်ကလည်း အေး သားရေ ဦးဌေး စင်ပေါ်က ပြောခဲ့ပြီးပြီ။ အဲဒါ ကတိပဲ ဖြစ်ရမယ်လို့ ဖြစ်အောင် လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်” လို့ Group Chat ထဲက စာသားနဲ့ပတ်သတ်ပြီး ဖြေရှင်းခဲ့ပါတယ်။

ဆက်လက်ပြီး Group Chat တက်လာခဲ့တာနဲ့ ပတ်သတ်ပြီး တချို့ ပြောထားတဲ့ စကားတွေက တခါတည်း ပြောထားတာ မဟုတ်ဘဲ အပိုင်းလိုက် အပိုင်းလိုက် ပြောကြားထားတွေကို စုထည့်ထားတာတွေ တွေ့တယ်လို့ သူက ပြောပါတယ်။

“ကျနော် အဲဒီပညာကို မကျွမ်းကျင်ပါဘူး။ ဒီ Group သည် ကျနော်တို့ ရုပ်ရှင်လောက တိုးတက်ရေးအတွက် ကောင်းရာ ကောင်းကြောင်းပြောဖို့ စုဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ တချို့ ဝင်ပြီး လက်မ ထောင်တာတွေ ပါပေမယ့် တချို့ ပြင်းပြင်းထန်ထန် ပြောထားတဲ့သူတွေ တချို့တော့ မပါလာပါဘူး။ ၁၁ ဦးသော ကလေးများကတော့ ဒေါသ အလျောက် ပြောမိဆိုမိတာတွေ ပါလာပါတယ်။ မိဘတယောက်အနေနဲ့ကတော့ ကျနော်ကတော့ ထိန်းသိမ်းပါတယ်။ ဒီလိုပြောခြင်း ဟာလည်း ကိုယ့်ရဲ့ Privacy ပါပဲ”

“ရှင်းရှင်းပြောရရင် အတင်းတုတ်တယ်ဆိုတာကလည်း မည်သည့် လောကမှ မဆို ရှိတတ်ပါတယ်။ ဒီလို အတင်း တုတ်တာကို လူထုလောကကြားထဲ ရောက်အောင် ဖြန့်လိုက်တာ အတွင်းစည်းမှာ ပြောနေကြတာဟာ ဒီလူတွေကို စော်ကားနေခြင်းလည်း မဟုတ်ဘူး။ ဒီ Privacy ကိုချိုးဖောက်ပြီး ဘယ်သူ တင်သွားသလဲတော့ မသိပါဘူး။ ဒါကတော့ သူရဲ့ ကျင့်ဝတ်နဲ့ပဲ ဆိုင်ပါလိမ့်မယ်” လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရှင်းလင်းသွားပါတယ်။

ဆက်လက်ပြီး ပြောဆိုနေကြတဲ့ ကလေးများရဲ့ မိဘသဖွယ် ဖြစ်နေတဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ကိုယ်တိုင်အနေဖြင့် တဘက် ပုဂ္ဂိုလ်များကို လေးလေးစားစား တောင်းပန်ကြောင်းကိုလည်း ပြောဆိုသွားပါတယ်။ မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ ဖြစ်စဉ်အမှန် ဖြစ်ကြောင်းကိုလည်း ထပ်လောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

Your Thoughts …
Tags: မြန်မာ့ရုပ်ရှင်လောက
ယုမွန်ကျော်

ယုမွန်ကျော်

​Copy Editor

Similar Picks:

အကယ်ဒမီ ဆွေဇင်ထိုက်  / ယုဖြူဟန် / ဧရာဝတီ

“ဒီက အနုပညာရှင်တွေက ထမင်းစားဖို့အတွက် လုပ်ကြတဲ့ပုံစံက များတယ်”

by ယုဖြူဟန်
16 November 2020
7.7k

အခုအချိန်မှာ ရုပ်ရှင်ရိုက်ရတဲ့ ကာလတွေထက် ကြော်ငြာတွေ ရိုက်ကူးရမှုက ပို၍ လှုပ်လှုပ်ခတ်ခတ်ရှိနေပြီး ကြောငြာကဏ္ဍဟာ Zero ဖြစ်မသွားဘူးလို့ ဆိုပါတယ်။

လူရွှင်တော် ၊ သရုပ်ဆောင် ဇာဂနာ / ဝေဝေနှင်း / ဧရာဝတီ

“ပရိသတ်တွေ ရုပ်ရှင် ပိုကြည့်ဖို့ ရုပ်ရှင်ရုံတွေ ပိုဆောက်ပေးဖို့ လိုတယ်”လို့ ဇာဂနာ ပြော

by ယုဖြူဟန်
17 May 2019
5.3k

“ရုပ်ရှင်ရုံ များများပေါ်လာမှ ရုပ်ရှင်ကြည့်တဲ့ ပရိသတ်များများပေါ်လာမှ ရုပ်ရှင်လောကကြီး တိုးတက်တယ်၊ အောင်မြင်တယ်လို့ ပြောပါရစေ။ အခုကတော့ တိုးတက်တယ်၊ အောင်မြင်တယ်ဆိုတာ ဟာသကြီး။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လူမင်း  / ချစ်ပိုး / ဧရာဝတီ

“မြန်မာ့ရုပ်ရှင်လောကကို ကျနော်တို့ ကိုယ်စွမ်းရှိသရွေ့ ပြောင်းလဲနေကြပါတယ်’’

by ချစ်ပိုး
16 September 2018
6.9k

“ကျနော်တို့ ရုပ်ရှင်လောကဆိုတာကြီးက ပြောလိုက်တာနဲ့ ပြစ်တင် ဝေဖန်စရာတော့ မဟုတ်ပါဘူး။ ကျနော်တို့လည်း ကိုယ်စွမ်းရှိသရွေ့ပြောင်းလဲနေကြပါတယ်’’

Next Post
ပြီးခဲ့သည့် သောကြာနေ့ ပြည်သူ့လွှတ်တော်  ပုံမှန်အစည်းအဝေးသို့ တက်ရောက်လာသော ဥက္ကဋ္ဌသစ် ဦးတီခွန်မြတ် / ဧရာဝတီ

ပြည်သူ့စစ်ခေါင်းဆောင်မှသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဆီသို့

အဆိုတင်သူ ဦးထွန်းမင်းအောင်နှင့် ဖြေကြားသူ ဝန်ကြီး ဦးထွန်းဌေး

မော်လမြိုင်လေဆိပ် အဂတိလိုက်စားမှု ပေါ်ပေါက်၊ အရေးယူရန် လွှတ်တော်ထံတင်ပြ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate