• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မြောက်ကိုရီးယားနိုင်ငံသို့ တောင်ကိုရီးယား ဂီတပညာရှင်များ သွားရောက် ဖျော်ဖြေမည်

by မစ်ကီ
26 March 2018
in Entertainment
A A
အဖွဲ့ဝင် ၅ ဦးပါဝင်တဲ့ အမျိုးသမီး အဆိုတော်အဖွဲ့ "Red Velvet"

အဖွဲ့ဝင် ၅ ဦးပါဝင်တဲ့ အမျိုးသမီး အဆိုတော်အဖွဲ့ "Red Velvet"

13.4k
VIEWS
Share on FacebookShare on Twitter

လာမယ့် ဧပြီလ၊ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ဖျော်ဖြေမယ့် တောင်ကိုရီးယား ဂီတပညာရှင်တွေဟာ မြောက်ကိုရီးယား နိုင်ငံသားတွေကြားမှာ နာမည်ကျော်ကြားတဲ့ သီချင်းတွေကို ဖျော်ဖြေသွားမယ်လို့ ဂီတလုပ်ငန်း စောင့်ကြည့်သူတွေက မတ်လ ၂၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားရဲ့ အနုပညာအဖွဲ့ဟာ လာမယ့် ဧပြီလ နှောင်းပိုင်းမှာ ပြုလုပ်မယ့် ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးပွဲ မတိုင်ခင် ဧပြီလ ၁ ရက်နေ့နဲ့ ဧပြီလ ၃ ရက်နေ့တို့မှာ သီးခြားစီ ပြုလုပ်မယ့် ဖျော်ဖြေပွဲ နှစ်ခုအတွက် မတ်လ ၃၁ ရက် နေ့မှာ ပြုံးယမ်းမြို့ကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ကြမှာလည်း ဖြစ်ပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
734
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
328
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
406

ဖျော်ဖြေပွဲမှာ အဓိက ပါဝင်မယ့် သီချင်းတွေကတော့ မြောက်ကိုရီးယား နိုင်ငံသားတွေအကြား ကြိုက်များတဲ့ တောင်ကိုရီးယား အနုပညာရှင်တွေရဲ့သီချင်းတွေနဲ့ မြောက်ကိုရီးယားမှာ လူကြိုက်များလောက်တဲ့ သီချင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားသီချင်းအချို့ကို သီဆိုဖျော်ဖြေနိုင်ဖွယ်ရှိပြီး မကြာမီ ပြုလုပ်မယ့် ဖျော်ဖြေပွဲတွေဟာ ပြီးခဲ့တဲ့လမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ PyeongChang ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကိုဂုဏ်ပြုဖို့ တောင်ကိုရီးယားမှာ မြောက်ကိုရီးယား အနုပညာ အဖွဲ့ရဲ့ ဖျော်ဖြေမှုအတိုင်း အပြန်အလှန် ပြုလုပ်တာလည်း ဖြစ်ပါတယ်။

ခေတ်ပြိုင် ကိုရီးယားပေါ့ပ် ဂန္တဝင်အဆိုတော်တွေ ဖြစ်တဲ့ Cho Yong-pil နဲ့ Lee Sun-hee တို့လည်း သူတို့ရဲ့ နာမည်ကျော် သီချင်းတွေကို သီဆိုကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၀၅ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံမှာ တကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့တဲ့ အဆိုတော် Cho ဟာ ကွယ်လွန်သူ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် ကြိုက်နှစ်သက်တဲ့ သီချင်းဖြစ်တဲ့ “The Cafe in the Winter” နဲ့ အတူ “Dear Friend” နဲ့ “Dream” သီချင်းတို့ကိုလည်း သီဆိုမှာ ဖြစ်ပါတယ်။

ပူးတွဲ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ မြောက်ကိုရီးယားကို ၂၀၀၃ ခုနှစ်မှာ လာရောက်ခဲ့ဖူးတဲ့ အဆိုတော် Lee ဟာလည်း တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့လက မြောက်ကိုရီးယားအဖွဲ့တွေ သီဆိုဖျော်ဖြေသွားတဲ့ “To J” လိုမျိုး နာမည်ကျော် သီချင်းတွေကို သီဆိုဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ပေါ့ပ်အဆိုတော် Baek Ji-young ကတော့ “Like Being Shot by a Bullet” နဲ့ “Don’t Forget” လိုမျိုး အလွမ်းအဆွေး သီချင်းတွေကို သီဆိုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အဖွဲ့ဝင် ၅ ဦးပါဝင်တဲ့ အမျိုးသမီး အဆိုတော်အဖွဲ့ တခုဖြစ်တဲ့ Red Velvet ကတော့ “Red Flavor” , “Bad Boy” နဲ့ “Peek-A-Boo” သီချင်းတွေကို သီဆိုကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တောင်ကိုရီးယားဘက်ကနေ ဂီတပညာရှင် ၈ ဦး နဲ့ မိန်းကလေးအဖွဲ့တခု အပါအဝင် အဖွဲ့ဝင် ၁၆ဝ ဦးပါဝင်တဲ့  အနုပညာအဖွဲ့တခုကို စေလွှတ်ဖို့ သဘောတူခဲ့ပေမယ့် ဧပြီလ ၃ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့  ပူးတွဲဖျော်ဖြေမှုကြောင့် စာရင်းထဲမှာ အနုပညာရှင်ကို ထပ်ပေါင်း ထည့်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ အနုပညာအဖွဲ့ထဲမှာ Rap အဆိုတော် PSY ကို ထပ်မံထည့်သွင်းဖို့ ဆွေးနွေးခဲ့ကြပေမယ့် ကိုရီးယား နှစ်နိုင်ငံဟာ သဘောတူညီချက် မရရှိခဲ့ကြပါဘူး။

Ref ; Yonhap

Your Thoughts …
Tags: မြောက်ကိုရီးယားနိုင်ငံ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မြောက်ကိုရီးယား အကြောင်း လူသိနည်းတဲ့ အချက် ၇ ချက်

မြောက်ကိုရီးယား အကြောင်း လူသိနည်းတဲ့ အချက် ၇ ချက်

by ချစ်ဖေ (တောင်တွင်းမြေ)
24 April 2018
14.8k

မြောက်ကိုရီးယားက ကမ္ဘာမှာ လူဦးရေ အများဆုံး နိုင်ငံ အဆင့်မှာ ၅၁ ထိအောင် ရောက်နေ ပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ စစ်သည်အင်အား အကောင်းဆုံး နိုင်ငံတွေထဲက တခုပါ

မြောက်ကိုရီးယားနိုင်ငံ

မြောက်ကိုရီးယားနိုင်ငံရဲ့ လူသိနည်းတဲ့ ကောင်းတဲ့ အချက် ၅ ချက်

by ဟယ်လ်သင်
13 May 2019
12k

မြောက်ကိုရီးယားနိုင်ငံဟာ သူတို့နိုင်ငံသားတိုင်းကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကျန်းမာရေး အာမခံတွေကို ပေးအပ်ထားပါတယ်။

ဒီဆော့ဖ်ဝဲလ်ကို အသုံးပြုမယ့် ပြည်သူတွေဟာ အင်္ဂလန်ပေါင် ၂၅ ပေါင် ကုန်ကျခံကာ စာရင်းသွင်းရမှာပါ

မြောက်ကိုရီးယားနိုင်ငံမှာ ဖုန်းနဲ့ ချစ်သူရှာနိုင်မယ့် Dating ဆော့ဖ်ဝဲလ် စတင် အသုံးပြု

by ရေဗန်
28 August 2019
8k

အရင်က မြောက်ကိုရီးယားနိုင်ငံမှာ ကြင်ယာရှာဖွေချင်သူတွေဟာ လုပ်ငန်းခွင် ဒါမှမဟုတ် အစိုးရအေဂျင်စီတွေက သင့်လျော်သလို စီစဉ်ပေးတာကို ကြည်ဖြူစွာ လက်ခံရလေ့ရှိပါတယ်။

Next Post
ဒု သမ္မတ ရွေးချယ်ပွဲတွင် တွေ့ရသည့် ဦးဝင်းမြင့် / ထက်နိုင်ဇော် / ဧရာဝတီ

ဦးဝင်းမြင့် နိုင်ငံတော်သမ္မတ အရည်အချင်းပြည့်မီကြောင်း ပြည်ထောင်စု လွှတ်တော် အတည်ပြု

နိုင်ငံကျော် အဆိုတော် ၊ သရုပ်ဆောင် "စိုင်းစိုင်းခမ်းလှိုင်"  / ယုဖြူဟန် / ဧရာဝတီ

“ပရိသတ်အတွက် အစီအစဉ်တွေ အများကြီးရှိနေတယ်” ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

7 days ago
6k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate