မင်းသမီး Claire Foy ဟာ “The Crown” ဇာတ်လမ်းတွဲမှာ အတူ တွဲရိုက်ကူးတဲ့ မင်းသားထက် အနုပညာကြေး လျော့နည်းပြီး ရရှိခဲ့လို့ ပြောကြားခဲ့တဲ့အပေါ် အနောက်နိုင်ငံ မီဒီယာတွေမှာတော့ တော်တော်လေး ဂယက်ရိုက်နေတာ တွေ့ရပါတယ်။
Netflix ကနေ ထုတ်လွှင့်နေတဲ့ ဒရာမာ ဇာတ်လမ်းတွဲမှာ အဲလိဇဘက် ဘုရင်မကြီးအဖြစ် သရုပ်ဆောင်ထားတဲ့ အသက် ၃၃ နှစ်အရွယ် မင်းသမီးဟာ “Doctor Who” ရုပ်သံဇာတ်လမ်းတွဲနဲ့ နာမည်ကျော်ခဲ့သူ ဖြစ်တဲ့အတွက် ဖန်သားပြင်ပေါ် အချိန်တော်တော်ကြာ ပါဝင်ခွင့်ရခဲ့ပေမယ့် သူနဲ့အတူတွဲပြီး သရုပ်ဆောင်ခဲ့တဲ့ မင်းသားထက် အနုပညာကြေး လျော့နည်းပြီး ရခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
သူဟာ သတင်းတော်တော်များများမှာ အငြင်းပွားဖွယ်ရာအနေနဲ့ ထည့်သွင်း ဖော်ပြခံနေရပြီး လူတွေဘာကြောင့် အဲဒါနဲ့ ပတ်သက်လို့ ဒေါသထွက်တယ်ဆိုတာကို သူနားလည်တယ်လို့ ဆိုပါတယ်။ မင်းသမီး Claire Foyက “ကျမက အားလုံး ပြောစရာဖြစ်နေလို့ အံ့သြသင့်ခဲ့ရပါတယ်။ တော်တော်လေးကို ထူးဆန်းပြီး ပုံမှန်အတိုင်း မဟုတ်ဘူးလို့ ခံစားနေရပါတယ်။ ဒါပေမယ့် အဲဒါက အမျိုးသမီးဇာတ်ကောင် ဦးစားပေး ဒရာမာ ဖြစ်တဲ့အတွက် အဲဒီအကြောင်း လူစိတ်ဝင်စားခံနေရတာကို မအံ့သြမိပါဘူး။”
“လူတွေက အဲဒီအကြောင်းကို ဘယ်လိုမြင်တယ်ဆိုတာနဲ့ နည်းနည်းလေး ထူးဆန်းတယ်လို့ မြင်တယ် ဆိုတာကိုလည်း မအံ့သြပါဘူး။ ဒါပေမယ့် အတူတွဲ သရုပ်ဆောင်တဲ့ မင်းသား Matt Smith လည်း ဒီလိုပဲ ခံစားရမယ်ဆိုတာ ကျမ သိပါတယ်။ ကိုယ်က မတောင်းဆိုရပါဘဲနဲ့ လူပြောစရာ အဖြစ်ခံနေရတာတော ထူးဆန်းနေပါတယ်” လို့ Entertainment Weekly မီဒီယာကို ပြောကြားခဲ့ပါတယ်။
အဲဒီ ဒရာမာ ဇာတ်လမ်းတွဲကို ထုတ်လုပ်ခဲ့တဲ့ Left Bank Pictures ကလည်း အဲဒီလိုမျိုး အနုပညာကြေး ကွာဟခဲ့တဲ့ ကိစ္စရပ်အပေါ် မကြာသေးခင်ကပဲ တောင်းပန်ထားပါသေးတယ်။ ကုမ္ပဏီက ” Claire Foy နဲ့ Matt Smith၊ သူတို့ အပြစ် မရှိပါဘဲနဲ့ ဒီသီတင်းပတ် မီဒီယာသီတင်း မုန်တိုင်းထဲမှာ အပြောအဆို ခံနေရတဲ့ ထူးချွန်တဲ့ သရုပ်ဆောင်တွေနဲ့ သူငယ်ချင်းတွေကို ကျနော်တို့ တောင်းပန်ချင်ပါတယ်”
ဓClaire နဲ့ Matt တို့ဟာ သနားညှာတာခြင်းနဲ့ သမာသမတ်ရှိ တယ်ဆိုတဲ့ သူတို့ရဲ့ ဇာတ်ကောင်တွေကို ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ကြတဲ့ ‘The Crown’ ဇာတ်လမ်းတွဲထဲက ဘုရားပေးတဲ့ သရုပ်ဆောင်တွေ ဖြစ်ပါတယ်။The Crown ရဲ့ ထုတ်လုပ်သူတွေအနေနဲ့ ဘတ်ဂျက်နဲ့ အနုပညာကြေးအတွက် ကျနော်တို့ရဲ့Left Bank Pictures မှာ တာဝန်ရှိပါတယ်။ သရုပ်ဆောင်တွေကတော့ ဘယ်သူ ဘယ်လောက် တန်တယ်ဆိုတာ သတိမထားမိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဟောလိဝုဒ်မှာ လက်ရှိဖြစ်ပျက်နေတဲ့ လူတွေပြောနေ တဲ့ကိစ္စရပ်အပေါ် နားလည်ပြီး လေးစားပါတယ်လို့ ပြောခဲ့ပါတယ်။
ကုမ္ပဏီက “လူမှုအသိုက်အဝန်းတစ်ခုလုံးမှာ ပြောဆိုကြတဲ့ကိစ္စရပ်ကို ကျနော်တို့ နားလည်ပြီး လေးစားပါတယ်။ ညီမျှတဲ့ လစာ၊ လိင်ခွဲခြားမှုမှ ကင်းလွတ်မှုနဲ့ ကင်မရာရှေ့မှာရော၊ ကင်မရာနောက်ကွယ်မှာပါ အမျိုးသမီးတွေအပေါ် ပြုမူ ဆက်ဆံပုံ ညီတူညီမျှမှုတို့အတွက် ရင်ဆိုင်တိုက်ခိုက်ဖို့ စုပေါင်းပါဝင် ပါ့မယ်။ အဲဒီလို ကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့ ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်”
“ပြီးတော့ ဦးဆောင်ထုတ်လုပ်ရေး ကုမ္ပဏီတခုအနေနဲ့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပြန်လည် ချေပ ပြောဆို လိုပါတယ်။ အမျိုးသမီးတွေအားလုံး အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ဖွဲ့စည်းထားတဲ့ Times Up UK နဲ့ ကျနော်တို့ မကြာခင်မှာ ဆွေးနွေးတိုင်ပင်သွား မှာ ဖြစ်ပြီး ERA နဲ့ ၅၀ အချိုး ၅၀ ပေးနိုင်ဖို့ ကျနော်တို့ ကုမ္ပဏီ မူဝါဒမှာလည်း ဆွေးနွေးနေပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။
Ref ; contactmusic