Entertainment

၂၀၁၇ ခုနှစ်မှာ အော်စကာဆု ၃ ဆု ရရှိခဲ့တဲ့ လူမည်းရုပ်ရှင် “Moonlight”

Want create site? Find Free WordPress Themes and plugins.

ဒီတခါမှာတော့ IMDB Rating (7.4) ရရှိထားပြီး ဒါရိုက်တာ Barry Jenkins ရိုက်ကူးထားတဲ့ Moonlight ဆိုတဲ့ ဇာတ်ကား ကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်အများစုဟာ လူမည်းသရုပ်ဆောင်တွေပဲ ဖြစ်ပြီး Mahershala Ali, Naomie Harris, Trevante Rhodes နဲ့ ကလေးသရုပ်ဆောင် Alex R. Hibbert တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒရာမာဇာတ်ကား အမျိုးအစားဖြစ်ပြီး ဒီရုပ်ရှင်ကို ကလေးဘဝ၊ လူငယ်ဘဝနဲ့ လူကြီးဘဝဆိုပြီး အပိုင်း ၃ ပိုင်းခွဲပြီး ပြသထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ ဆေးစွဲနေတဲ့ မိခင်နဲ့အတူ နေထိုင်ကြီးပြင်းလာခဲ့ရတဲ့ လူကောင် သေးသေးညှက်ညှက် ကောင်လေးရဲ့ နာမည်က Chiron ပါ။  သူ့အတွက်တော့ သူ့အမေဟာ နားခိုရာအရိပ် အာဝါသကောင်းတခု မဖြစ်ခဲ့ပါဘူး။

အားကိုးရာ မဲ့နေတဲ့သူဟာ ရွယ်တူကောင်လေးတွေကြားထဲမှာ အနိုင်ကျင့်ခံနေရတဲ့ ကမ္ဘာအကျယ်ကြီးမှာ ပြေးစရာ မြေမရှိတဲ့ ကောင်လေး တယောက်ပါ။ ဒီလို စိတ်ဒဏ်ရာ ဗရပွ ဖြစ်နေတဲ့ လူငယ်လေးတယောက်ရဲ့ အရွယ်ရောက်လာမှု၊ သူ့ရဲ့ရပ်တည်ပုံတွေကို  ရိုက်ကူးတင်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ကြိုက်မိတဲ့ ဒိုင်ယာလော့ကတော့ “မင်းဖြစ်ချင်တာကို မင်းဘာသာဆုံးဖြတ်၊ ဘယ်သူ့ကိုမှ ဆုံးဖြတ်ခွင့်မပေးနဲ့” ဆိုတာပါပဲ။

Moonlight ဆိုတာကတော့ လရောင်လို့ အဓိပ္ပါယ်ရပြီး ဒီဇာတ်ကားမှာ ဒါရိုက်တာပေးချင်တဲ့ massage တွေဟာ ဒီဇာတ်ကားရဲ့ နာမည်နဲ့လိုက်ဖက်လှပါတယ်။ ၂၀၁၇ ခုနှစ်မှာ “အကောင်းဆုံး ရုပ်ရှင်ဆု”၊ “အကောင်းဆုံး ဇာတ်ညွှန်းဆု” နဲ့ “အကောင်းဆုံး ဇာတ်ပို့ဆု” စတဲ့ အော်စကာဆု ၃ ဆုကို သိမ်းပိုက်ရယူထားနိုင်တဲ့ ဒီဇာတ်ကားဟာ အထူးတလည် ညွှန်းဆိုစရာ မလိုလောက်အောင် ကောင်းမွန်ပါတယ်။

လူငယ်တယောက်ရဲ့ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်နဲ့ စိတ်ဒဏ်ရာတွေကြားထဲက မိမိကိုယ်ကို တော်လှန်မှုဟာ ဘယ်လို ပုံစံလဲဆိုတာကို ဒါရိုက်တာက လှလှပပ ရိုက်ကူးတင်ပြထားတာကို ကြည့်ရှုခံစားရမှာ ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆို လိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading