Entertainment

“ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ကို လူငယ်စတိုင်နဲ့ အကောင်းဆုံး ဖန်တီးထားတယ်” ဆိုတဲ့ ဒါရိုက်တာ အာကာ

Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ခုနှစ်၊ မေလအတွင်း ရုံတင်ပြသတော့မယ့် “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင် ဇာတ်ကားဟာ လက်ရှိ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု ရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ဖန်တီးရိုက်ကူးတဲ့ ဒါရိုက်တာက အသစ် ဖြစ်တဲ့အပြင့် လူငယ်တယောက်လည်း ဖြစ်တဲ့အတွက် ရုပ်ရှင် ဖန်တီးမှုအပိုင်း၊ ရိုက်ကူးမှုပိုင်း တို့ကလည်း တခြားနဲ့ မတူဘဲ တမူ ထူးခြားနေတဲ့အတွက် Facebook မှာ တင်ထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ Trailer အပိုင်းကလည်း ပရိသတ်တွေကြားမှာ အကြိုက်တွေ့ စိတ်ဝင်စားစေခဲ့ပါတယ်။

“ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင် Trailer –

ဒုဋ္ဌဝတီကို လွန်၍” ရုပ်ရှင် Official Trailer ထွက်ရှိ

ပရိသတ်များ စောင့်မျှော်နေကြသည့် “ဒုဋ္ဌဝတီကို လွန်၍” ရုပ်ရှင် Official Trailer ထွက်ရှိGolden Hour Entertainment မှ ပထမဦးဆုံး ပွဲဦးထွက် ထုတ်လုပ်တင်ဆက်ပြီး လူငယ် ဒါရိုက်တာ အာကာ ရိုက်ကူးထားတဲ့ "ဒုဋ္ဌဝတီကိုလွန်၍" (The Mystery of Burma – Beyond the Dotehtawady) ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ကို အချိန်ကြာ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်ချစ် ပရိတ်သတ်တွေအတွက် ယနေ့၊ မတ်လ ၂၁ ရက်နေ့မှာ တင်လိုက်ပါပြီ။“စောင့်မျှော်နေကြတဲ့ ပရိတ်သတ်တွေအတွက် ဝမ်းသာစရာသတင်းကတော့ ဆင်ဆာရရှိပြီး ဖြစ်ပါတယ်။ ရုံတင်ရက်ကို စောင့်ဆိုင်းနေရတဲ့ အချိန်မှာအမြန်ဆုံး ရုံတင်ခွင့်ရနိုင်ဖို့ ပရိတ်သတ်ကြီးလည်း ဝန်းရံပေးကြပါဦး။ ရုပ်ရှင်ရုံ တင်ရင်လည်း ကြည့်ရှု အားပေးကြပါဦးဗျာ” လို့ အဆိုပါရုပ်ရှင် (ဒုဋ္ဌဝတီကို လွန်၍) အဖွဲ့သားများက “The Mystery of BURMA” Facebook Page မှာ ရေးသားတင်ထားပါတယ်။"ဒုဋ္ဌဝတီကိုလွန်၍" ရုပ်ရှင်ကို ဒါရိုက်တာ အာကာရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် မင်းသား နိုင်းနိုင်း၊ အဆိုတော် အမွန်း၊ ဇော်ဇော်အောင်၊ နော်အောင်၊ Joe Moreira ၊ ဆန်းထွဋ်တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။“ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ရဲ့ Theme Song ကိုလည်း မကြာသေးခင်က “The Mystery of BURMA” Facebook Page မှာ တင်ခဲ့ပြီး ပရိတ်သတ်များစွာရဲ့ စိတ်ဝင်စားမှုတွေကို ရရှိခဲ့ပါတယ်။ အဆိုပါ “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင် Theme Song ကို တေးရေး သားပေါက် (Scorpio Music House) ရေးသားပြီး အဆိုတော် လေးဖြူက သီဆိုပေးထားကာ တီးခတ်မှု အပိုင်းကို Iron Cross Band ၊ Mixing နဲ့ Mastering အပိုင်းကို ချစ်စမ်းမောင်က တာဝန်ယူပေးထားတယ်လို့ သိရပါတယ်။ “ဒုဋ္ဌဝတီကို လွန်၍” ရုပ်ရှင် Official Trailer ကို ပရိသတ်များ ပြန်လည် ကြည့်ရှုခံစားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။သတင်း – သီဟတိုး/ ဧရာဝတီ

Posted by The Irrawaddy Lifestyle on Wednesday, March 21, 2018

ဒီရုပ်ရှင်ဇာတ်ကားမှာ အဓိက မင်းသားအဖြစ် နိုင်းနိုင်း၊ မင်းသမီးအဖြစ် ကချင်တိုင်းရင်းသူ အဆိုတော် အမွန်းတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ အသစ်အသစ်သော ဖန်တီးမှုတွေကို ပရိသတ်တွေက လက်ခံလာကြတဲ့ အတွက်လည်း ၂၀၁၈ ခုနှစ် အတွင်းမှာ ရုံတင်လာကြတဲ့ ရုပ်ရှင်ဇာတ်ကား အများစုဟာ အောင်မြင်ပြီး ကြည့်ရှုအားပေးသူ များပြားလှပါတယ်။

ဖန်တီးမှု အသစ်တွေကို ပရိသတ်ထံ ချပြလာကြတဲ့ မျိုးဆက်သစ် လူငယ်အနုပညာရှင်တွေကိုလည်း ပရိသတ်များက ဝန်းရံ ပေးလာကြပါတယ်။ မြန်မာ့ရုပ်ရှင်ကားများကို အရင်ကထက် ပိုပြီး စိတ်ဝင်စားလာကြပါတယ်။

မေလအတွင်း ရုံတင်ပြသတော့မယ့် ပွဲဦးထွက် ရုပ်ရှင် “ဒုဋ္ဌဝတီကိုလွန်၍” ဇာတ်ကားနဲ့ပတ်သတ်ပြီး “ဒီမှာက အချစ်ကား ကြည့်ကြတယ်။ ဟာသကားကြည့်ကြတယ်။ အက်ရှင်ကားက အရမ်း နည်းတယ်ပေါ့။ နည်းတဲ့ အတွက် ဒီဇာတ်ကားက ပေါက်မလား၊ မပေါက်လား မပြောတတ်ဘူး။ ပရိသတ်က လက်ခံမလား၊ လက်မခံဘူးလားဆိုတာ မပြောတတ်ဘူး။ အသစ်တွေ ဖြစ်နေတဲ့အတွက် တနိုင်ငံလုံး အနေထားနဲ့ဆိုရင် အဆင်ပြေချင်မှ ပြေမှာပါ”

“ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ သိမယ်။ ဒါပေမယ့် အင်တာနက်မရှိတဲ့ နေရာတွေလည်း ရှိတယ်။ အဲလိုနေရာတွေမှာ ကျနော် တို့ ဒီဇာတ်ကား တိုးလို့ရပါ့မလား၊ အဲဒီ တခုတော့ စိုးရိမ်ပါတယ်။ ကျနော်တို့ဘက်ကတော့ အကောင်းဆုံး ဖန်တီး ထားတဲ့အတွက် သွားကြည့်ပြီး ကြိုက်ကြတဲ့သူတွေက တဆင့်စကား တဆင့် ပြောရင်းနဲ့ ကြည့်ကြမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ”လို့ ဒါရိုက်တာ အာကာက ဧရာဝတီကို ပြောပါတယ်။

ဒီဇာတ်ကားမှာ မင်းသားနိုင်းနိုင်းနဲ့ မင်းသမီးအသစ် အမွန်းတို့ နှစ်ယောက်ကို တွဲဖက်ရိုက်ရခြင်းနဲ့ ပတ်သတ်ပြီးတော့လည်း “မင်းသားကို နိုင်းနိုင်းက အဟောင်း၊ မင်းသမီး အမွန်းက အသစ်လေ။ အဟောင်းကလည်း အသစ်ဆီက သင်စရာ ရှိနိုင်သလို အသစ်ကလည်း အဟောင်းဆီက သင်စရာရှိမှာပါ။ ဒါကြောင့် အဟောင်းနဲ့အသစ် နှစ်ယောက်ကို တည်ပြီး ရိုက်ဖြစ်တာပါ”လို့ ဒါရိုက်တာ အာကာက ဆိုပါတယ်။

ဒီဇာတ်ကားကို ရိုက်ကူးတဲ့ အချိန်ဟာ ၃ လသာ ကြာမြင့်ပေမယ့် Editing အပိုင်းမှာတော့ နှစ်နဲ့ချီပြီး ကြာမြင့်ခဲ့ကြောင်း ဆိုပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားကို ပရိသတ်ကြည့်နေကျ ဇာတ်ကားမျိုးနဲ့ မတူဘဲ လူငယ်စတိုင်နဲ့ အကောင်းဆုံး ဖန်တီးထားတယ်လို့လည်း ဒါရိုက်တာ အာကာက ပြောပါတယ်။

လူငယ် ဒါရိုက်တာ အာကာက “ဒုဋ္ဌဝတီကို လွန်၍” ဇာတ်ကားအပြီးမှာ “ကြိုးဖုန်း” နဲ့ “ကမ္ဘာနှစ်ထပ်” အမည်ရှိ စတဲ့ ရုပ်ရှင်ကားတွေကို ပရိသတ်ထံ ချပြပေးဖို့ ရှိနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။ ဒါ့အပြင့် “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူ၊ သြစတြေးလျ နိုင်ငံတွေမှာ သွားရောက် ပြသဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “ဒုဋ္ဌဝတီကိုလွန်၍” အပါအဝင် ရုပ်ရှင်ဇာတ်ကားကြီး ၄ ကား မိတ်ဆက်

Did you find apk for android? You can find new Free Android Games and apps.
Loading