Entertainment

တောင်ကိုရီးယား အနုပညာရှင်အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်ခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un (ကင်မ်ဂျုံအန်) နဲ့ သူ့ဇနီးတို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်၊ မြောက်ကိုရီးယားနိုင်ငံ၊ ပြုံးယမ်းမြိုတော်မှာ  ပြုလုပ်ခဲ့တဲ့  တောင်ကိုရီးယားအနုပညာအဖွဲ့တခုရဲ့ သမိုင်းဝင်  ဖျော်ဖြေပွဲတခုကို တက်ရောက် အားပေးခဲ့တယ်လို့  တောင်ကိုရီးယား ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောပါတယ်။

သူတို့ စုံတွဲနှစ်ဦးဟာ East Pyongyang Grand Theatre မှာပြုလုပ်ခဲ့တဲ့ အဖွဲ့ဝင် ၁၆ဝ ဦးပါဝင်တဲ့ တောင်ကိုရီးယား အနုပညာအဖွဲ့ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ အဖွဲ့ထဲမှာ “Cho Yong-pil, Lee Sun-hee, Choi Jin-hee, Red Velvet” အဖွဲ့နဲ့ “Girls’ Generation” အဖွဲ့ဝင် “Seohyun” တို့ အပါအဝင် ကိုရီးယားပေါ့ပ် ဂီတပညာရှင် ၁၁ ဦး ပါဝင်ကြပါတယ်။

ခေါင်းဆောင် ကင်မ်ဟာ  တောင်ကိုရီးယား အနုပညာရှင်အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်ခဲ့တဲ့ ပထမဆုံး  မြောက်ကိုရီးယား ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ PyeongChang ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ဂုဏ်ပြုခဲ့တဲ့ “Samjiyon Orchestra” လို့ခေါ်တဲ့ မြောက်ကိုရီးယား အနုပညာရှင်အဖွဲ့တခုရဲ့ ဆိုးလ်ဖျော်ဖြေပွဲကိုလည်း တောင်ကိုရီးယားသမ္မတ Moon Jae-in တက်ရောက်ခဲ့တဲ့အတိုင်း  ခေါင်းဆောင်ကင်မ် တက်ရောက်လာမယ်လို့ မျှော်မှန်းထားခဲ့ကြတာပါ။

သတင်းတွေရဲ့ အဆိုအရ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမ Kim Yo-jong နဲ့ နိုင်ငံ့ အကြီးအကဲတဦးဖြစ်တဲ့ Kim Yong-nam လည်း  အဲဒီဖျော်ဖြေပွဲ ကို တက်ရောက်ခဲ့တာ မြင်တွေ့ရပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်က ကိုရီးယား ၂ နိုင်ငံအနေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေပွဲတွေကို မကြာခဏ ပြုလုပ်သွားသင့်တယ်လို့ ပြောဆိုထားဖူးပြီး လာမယ့် ဆောင်းဦးရာသီမှာ “Autumn Comes” လို့ခေါ်တဲ့ အခမ်းအနားတခုကို ဆိုးလ်မြို့မှာ ကျင်းပသင့်တဲ့အကြောင်းလည်း အကြံပြုထားပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ  ပြုလုပ်ခဲ့တဲ့  ဖျော်ဖြေပွဲ နာမည်ကိုတော့ “Spring Comes” လို့ပေးထားတာဖြစ်ပါတယ်။ ခေါင်းဆောင် Kim ဟာ လာမယ့် ဧပြီ ၃ ရက်မှာ  ပြုလုပ်မယ့် ကိုရီးယားနှစ်နိုင်ငံ ဖျော်ဖြေပွဲကိုသာ တက်ရောက်မယ်လို့ ခန့်မှန်း ထားခဲ့ ကြတာပါ။ ဒါပေမယ့် သတင်းတွေရဲ့အဆိုအရ  ခေါင်းဆောင် Kim နဲ့သူ့ဇနီးတို့ဟာ ဧပြီလ ၁ ရက်နေ့ ဖျော်ဖြေမှုအတွင်းမှာ လက်ခုပ်လက်ဝါး တီးပြီး အားပေးနေခဲ့ကြတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၃ ရက်နေ့ ဖျော်ဖြေပွဲကိုသာ တက်ရောက်ဖို့ မူလကစီစဉ်ခဲ့ပေမယ့် တောင်ကိုရီးယား ဖျော်ဖြေသူတွေသာ တင်ဆက် ခဲ့တဲ့ ဖျော်ဖြေမှုကို ကြည့်ရှုရတာဟာ အဓိပ္ပါယ်ရှိမယ်လို့ ခံစားရတဲ့အကြောင်း ခေါင်းဆောင် Kim ရဲ့ ပြောကြားချက်ကို ကိုးကားပြီး တောင်ကိုရီးယား အရာရှိတဦးက ဆိုပါတယ်။ တောင်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီး Do Jong-hwan က  ခေါင်းဆောင် Kim ဟာ ဖျော်ဖြေမှုအတွင်းမှာ သီချင်းတွေနဲ့ စာသားတွေ အကြောင်း မေးခွန်းတွေ မေးမြန်းခဲ့တယ်လို့  ပြောကြားခဲ့ပါတယ်။

Ref ; Yonhap

Did you find apk for android? You can find new Free Android Games and apps.
Loading