Entertainment

အိမ်သာမရှိတဲ့ ရွာဓလေ့ တခုကို ရိုက်ပြထားတဲ့ “Toilet” ရုပ်ရှင်

Want create site? Find Free WordPress Themes and plugins.

ဒီတပတ်မှာတော့ ဘောလိဝုဒ်ပရိသတ်တွေ အကြိုက်တွေ့မှာ သေချာတဲ့ Toilet ဆိုတဲ့ ဇာတ်ကားကောင်းနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ IMDB rating (7.4) ရရှိထားတဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Shree Narayan Singh ရိုက်ကူးထားပြီး နာမည်ကြီး မင်းသား Akshay Kumar နဲ့ အခြားသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy Drama ဇာတ်ကား အမျိုးအစားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ မန်ဂါဝန်ဆိုတဲ့ တောမကျ၊ မြို့မကျ ရွာလေး တရွာမှာ အမျိုးသမီးတွေဟာ မနက် အာရုဏ် တက်ပြီဆိုတာနဲ့ တအိမ်တက်ဆင်း အမျိုးသမီးတွေ အချင်းချင်း လူစုပြီး ရွာနဲ့ ခပ်လှမ်းလှမ်းမှာ ရေအိမ် စုသွားကြတာဟာ ရွာရဲ့ လက်ဆင့်ကမ်း ဓလေ့တခု ဖြစ်ပါတယ်။ အဲဒီ ရွာရဲ့ဓလေ့အရ အိမ်တွေမှာ အိမ်သာ မရှိကြပါဘူး။

အိမ်မှာ အိမ်သာထားရင် ယုတ်ညံ့တယ်ဆိုတဲ့ ရွာဓလေ့အရ အမျိုးသမီးတွေဟာ မနက်အစောကြီး ရေအိမ်စု သွားပြီးရင် နောက်တနေ့ မနက် အာရုဏ်တက်မှ ရေအိမ်တခါ စုသွားရသလို အမျိုးသားတွေကတော့ အိမ်သာကိစ္စကို အိမ်ရဲ့ တံစက်မြိတ်အောက်နဲ့ ကြုံရာကျပန်း ဖြေရှင်းလေ့ ရှိကြပါတယ်။

မန်ဂါဝန်ရွာက အသက် ၃၆ နှစ်အရွယ် စက်ဘီးရောင်းတဲ့ လူပျိုကြီး ကီရှက်ဖ်ဟာ တနေ့မှာ စက်ဘီးမှာတာ သွားပို့ရင်းနဲ့ ဂျာယာလို့ခေါ်တဲ့ ကောလိပ်ကျောင်းသူလေး တယောက်နဲ့ ဆုံရာကနေ ချစ်ကြိုက်ပြီး အချစ်တွေကတဆင့် ခက်ခက်ခဲခဲနဲ့ ကောလိပ် ကျောင်းသူလေးကို ပိုးပန်းပြီးမှ အဲဒီ ကောလိပ် ကျောင်းသူနဲ့ ညားသွားပါတယ်။

မင်္ဂလာဦးညအပြီး မနက်အာရုဏ်တက်မှာပဲ အဲဒီရွာရဲ့ အမျိုးသမီးတွေက ရွာရဲ့ရေအိမ်စုသွားတဲ့ ဓလေ့အတိုင်း ကောလိပ် ကျောင်းသူဂျာယာကို ရေအိမ်သွားဖို့ ဝင်ခေါ်ရာကနေ သူ့ယောကျာ်း ကီရှက်ဖ်တို့အိမ်မှာ အိမ်သာ မရှိတာကို သိသွားပြီး ပြဿနာ ကစပါတော့တယ်။

ပညာတတ် ကောလိပ် ကျောင်းသူတယောက်အနေနဲ့ ဒီရွာဓလေ့ကို လက်မခံနိုင်တဲ့ ဂျာယာနဲ့ ရွာဓလေ့နဲ့ မိန်းမဖြစ်သူ အကြား အခက်ကြုံရတဲ့ ကီရှက်ဖ်တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေး အခြေအနေဟာ အိမ်သာတလုံးကြောင့်ပဲ လင်မယား ကွဲရမယ့် အခြေအနေ အထိဖြစ်သွားခဲ့ပြီး ဒီမှားယွင်းတဲ့ လက်ဆင့်ကမ်း အယူအဆနဲ့ ဓလေ့တွေကို ဘယ်လို ဖြေရှင်း ကြမလဲ ဆိုတာ ဒီဇာတ်ကားကို ဆက်လက် ကြည့်ရှုရင်း သိလာမှာပါ။

ဒီဇာတ်ကားဟာ ၂၀၁၇ ခုနှစ်ရဲ့ “အကောင်းဆုံး ရုပ်ရှင်ဆု”၊ “အကောင်းဆုံး ဒါရိုက်တာဆု” နဲ့ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု” တို့ ဆန်ကာတင်စာရင်း ဝင်ခဲ့ပြီး ပညာပေးဇာတ်ကားတွေ ရိုက်ရာမှာ ကြည့်ရှုသူတွေ မငြီးငွေ့ရအောင် ရိုက်ကူးတတ်တဲ့ အိန္ဒိယဒါရိုက်တာ Shree Narayan Singh ရဲ့ လက်ရာကို ဒီဇာတ်ကားမှာ တွေ့မြင်ရမှာ ဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုပေး လိုက်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်“အိမ်သာမှ ဧည့်လာမည်။ အိမ်သာတွေကို အထူး သန့်ရှင်းစေချင်” 

Did you find apk for android? You can find new Free Android Games and apps.
Loading