• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Spice Girls အဖွဲ့ရဲ့ နာမည်ကျော် ဝတ်စုံများနဲ့ အထင်ကရ ပစ္စည်းများ ပြသမည့်ပွဲ

by မစ်ကီ
4 April 2018
in Entertainment
A A
ကမ္ဘာကျော် Spice Girls အဖွဲ့

ကမ္ဘာကျော် Spice Girls အဖွဲ့

3.1k
VIEWS
Share on FacebookShare on Twitter

“Victoria Beckham, Mel B, Mel C, Geri Horner နဲ့ Emma Bunton” တို့နဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကျော် Spice Girls အဖွဲ့ဟာ ဒီနှစ်နွေရာသီမှာ သူတို့ရဲ့ ပြပွဲတခုကို ပြုလုပ်ကျင်းပတော့မှာ ဖြစ်ပါတယ်။

တခေတ်တခါက နာမည်ကျော်ခဲ့တဲ့ Spice Girls အဖွဲ့ဟာ အကြီးမားဆုံး မိန်းကလေးအဖွဲ့တခုအဖြစ် သတ်မှတ်ခံထားရပြီး သူတို့ရဲ့ အောင်မြင်ခဲ့တဲ့ အနုပညာ ခြေလှမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကနေ သြဂုတ်လ ၂၀ ရက်နေ့ အထိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ Angel Islington မှာရှိတဲ့ Business Design Centre စင်တာမှာ အထူးပြပွဲတခုကို ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
189
ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
219
ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
372

“#SpiceUpLondon – The Spice Girls Exhibition” လို့ အမည်ပေးထားတဲ့ အဲဒီပြပွဲမှာဆိုရင် ၁၉၉၀ ပြည့်လွန်နှစ် တွေက သူတို့အဖွဲ့ပထမဆုံး ဝတ်ဆင်ခဲ့ပြီး အများပြည်သူရှေ့မှောက် ချမပြခဲ့ရတဲ့ ဝတ်စုံတချို့ အပါအဝင် သူတို့အဖွဲ့ရဲ့ အထင်ကရ ဖြစ်ခဲ့တဲ့ ရာနဲ့ချီတဲ့ ဝတ်စုံတွေနဲ့အတူ အမှတ်တရ ပစ္စည်းတွေများစွာ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတဝန်းက ရှားပါပြီး မြင်တွေ့နိုင်ဖို့ ခဲယဉ်းတဲ့ အဖွဲ့နဲ့သက်ဆိုင်တဲ့ ကုန်ပစ္စည်းတချို့ကိုလည်း ပြပွဲမှာ ပြသသွားဦးမယ်လို့ ဆိုပါတယ်။

“ဂရင်းနစ်စံချိန်ပိုင်ရှင် Liz West အပါအဝင် ကမ္ဘာတဝန်းမှ ဒီဇိုင်နာတွေနဲ့ Spice Girls ပစ္စည်း စုဆောင်းသူတွေနဲ့ ကျနော်တို့ ပူးပေါင်းခဲ့ပါတယ်။ အခြားသူတွေနဲ့အတူ ဒီလိုစွဲလမ်းမှုကို ဝေမျှရတာ သိပ်ကိုအံ့ကြာင်းပြီး အထင်ကရဖြစ်တဲ့ Spice Girls သမိုင်း စုစည်းမှုကို ဖန်တီးဖို့ အထက်ပါ ပုဂ္ဂိုလ်တွေက ခွင့်ပြုပေးခဲ့တာပါ။ #SpiceUpLondon ပြပွဲကိုလုပ်ဖို့ အချိန်တော်တော်ကြာခဲ့ပါတယ်”

“ဒါပေမယ့် ကျနော့် မျှော်လင့်ချက်တွေက တဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်၊ ဒီပြပွဲရဲ့ အကျိုးအမြတ်က တော်တော်လေး များပြားပါတယ်။ ကျနော်တို့ ဘာတွေ ရရှိမှာလဲဆိုတာ ပြသဖို့ မစောင့်နိုင်တော့ပါဘူး။ လန်ဒန်ပြပွဲဟာ အကြီးမားဆုံး ဂီတပြပွဲကြီး တခုလို ပုံစံဖြစ်ပြီးတော့ နေ့တိုင်းမှာလည်း အခမ်းအနားအသစ်တွေ ပြသမှုအသစ်တွေနဲ့ ဆက်လက်ဖြည့်စွက် သွားပေးဦးမှာပါ” လို့ ပွဲစီစဉ်သူနှင့် ထိန်းသိမ်းရေးမှူး Alan Smith-Allison က ပြောပါတယ်။

ပြပွဲမှာ ပြသထားမယ့် အမှတ်တရ ပစ္စည်းထဲမှာဆိုရင်တော့ ထိပ်ဆုံးမှာပါဝင်တဲ့အရာက ၁၉၉၉ ခုနှစ်မှာ အရမ်းကို အောင်မြင်ခဲ့တဲ့ “Spice World: The Movie” ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ အထင်ကရ Spice Bus ပဲဖြစ်ပါတယ်။ အဲဒီကားကို ပြပွဲ အဝင်အဝမှာ ထားရှိမှာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင် ရိုက်ကူးခဲ့ပြီးနောက် အဲဒီကားကြီးကို နှစ်ပေါင်းများစွာကြာ ပစ်ထားခဲ့ပြီး လက်ရှိပိုင်ရှင်တွေက ကားကြီးရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ထိန်းသိမ်းဖို့ ထိန်းသိမ်းရေးလုပ်ငန်းတွေကို အခု ဆောင်ရွက် နေကြပြီ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း #RefurbTheBus ကမ်ပိန်းမှာ ပါဝင် လှူဒါန်းခြင်းနဲ့ သမိုင်းဝင် ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်မှာ တစိတ်တပိုင်းအဖြစ် ပါဝင်နိုင်ပါတယ်။ အဲဒီပြပွဲအတွက် လက်မှတ်တွေက တစောင်ကို စတာလင်ပေါင် ၁၀ ပေါင်နှုန်းနဲ့ ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – Spice Girls အဖွဲ့ ပြန်လည် ပေါင်းစည်းမှုမှာ Victoria Beckham ပါဝင်မည် မဟုတ်

Ref; contactmusic

Your Thoughts …
Tags: Spice Girls အဖွဲ့
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

Spice Girls အဖွဲ့

Spice Girls အဖွဲ့ရဲ့ အန်နီမေးရှင်းရုပ်ရှင်ကို မကြာမီ မြင်တွေ့ရမည်

by မစ်ကီ
13 June 2019
4k

ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်း၊ ဇာတ်ကွက် အသေးစိတ်ကိုတော့ မသိရှိရသေးပေမယ့် ၂၀၂၀ ပြည့်နှစ်အလွန် ရောက်မှသာ ရုပ်ရှင်ကို ဖြန့်ချိမယ်လို့ သိရပါတယ်။

Victoria Beckham တို့ မိသားစု

Spice Girls အဖွဲ့ ဖျော်ဖြေပွဲတွေကို ကြည့်ဖို့ ကလေးတွေကိုခေါ်သွားမယ့် Victoria Beckham

by မစ်ကီ
25 January 2019
5.8k

"ကျမက Spice Girl နဲ့အတူ အမြဲတမ်းရှိနေပါတယ်။ ကျမသူတို့အတွက် ဂုဏ်ယူပါတယ်။ အကောင်းဆုံး ဖျော်ဖြေပွဲတခုဖြစ်လာမှာပါ။ ကျမကလေးတွေကို ခေါ်ပြီး သွားကြည့်ပါတော့မယ်။

Next Post
M-ပိုက်ဆံ ဝန်ဆောင်မှု  / Ooredoo Myanmar

M-ပိုက်ဆံ ဝန်ဆောင်မှုဖြင့် အွန်လိုင်း ငွေပေးချေမှု စနစ်များစွာ အသုံးပြုနိုင်

ဇန်နဝါရီ ၁၇ ရက်နေ့ စစ်တွေမြို့ခံတချို့က မြောက်ဦးအရေးအခင်း၌ သေဆုံးသွားသူများအရေး ဆန္ဒထုတ်ဖော်ခဲ့စဉ် / Reuters

မြောက်ဦး အဓိကရုဏ်း စုံစမ်းရေးအဖွဲ့ဝေဖန်ခံရ

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.1k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate