ဘောလိဝုဒ် စူပါစတား Shah Rukh Khan (ရှာရွတ်ခမ်း) ဟာ ဒေလီမြို့မှာရှိတဲ့ Madame Tassauds ပြတိုက်မှာ ဖယောင်း ရုပ်တု ရှိလာတဲ့ နောက်ဆုံး နာမည်ကျော်ကြားသူ ဖြစ်လာခဲ့ပါတယ်။
အဲဒီ ဖယောင်းရုပ်တုကို ဧပြီလ ၄ ရက်အစောပိုင်းမှာ စတင် ဖွင့်လှစ် ပြသခဲ့တာဖြစ်ပြီး သူ့ရဲ့ ထင်ရှားတဲ့ ကိုယ်နေဟန်ထားတဲ့ ပြသထားတာလည်း ဖြစ်ပါတယ်။ Madame Tassauds ပြတိုက်ရဲ့ Twitter အကောင့်မှာ “ဘောလိဝုဒ်ရဲ့ Baadshah ရုပ်ရှင်ထဲက ရိုးမန့်စ်ဘုရင်ကို Tussauds Delhi သို့ ဝင်ခွင့်ပြုလိုက်ပါပြီ” လို့ ရေးသားထားပါတယ်။
Shah Rukh Khan ရဲ့ ဖယောင်းရုပ်တုမှာ အပြာရောင် အိန္ဒိယ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ ဒေလီမြို့ဟာ မင်းသားရဲ့ ဇာတိချက်ကြွေမွေးရပ်မြေ မြို့လည်း ဖြစ်ပါတယ်။ သတင်း အေဂျင်စီတခုဖြစ်တဲ့ IANS ရဲ့ အဆိုအရ မင်းသား Khan ရဲ့ ဖယောင်းရုပ်တုကို ဗဟိုနဲ့ ဒေလီမြို့ဟောင်းမှာရှိတဲ့ သူ့ရဲ့ ပရိသတ်တွေထံ လှည့်လည် ပြသခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
Merlin Entertainments India ရဲ့ အထွေထွေမန်နေဂျာနဲ့ ဒါရိုက်တာ ဖြစ်သူ Anshul Jainက “မင်းသား Khan ရဲ့ နာမည်ကျော်ကြားမှုနဲ့ အရပ်အမောင်းကြောင့် ဒီရုပ်တုကို အထူးအနေဖြင့် ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်၊ အနာဂတ်မှာ လည်း ဒီထပ်ပိုပြီး ထည့်သွင်း မိတ်ဆက်သွားပါဦးမယ် ” လို့ ပြောကြားထားပါတယ်။
ဒါဟာ အသက် ၅၂ နှစ်အရွယ် မင်းသား Khan အတွက် ဒုတိယမြောက် ဖယောင်းရုပ်တုလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး ဖယောင်းရုပ်တုကို ၂၀၀၇ ခုနှစ် လန်ဒန်မြို့မှာရှိတဲ့ Madame Tussauds ပြတိုက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
Connaught Place မှာရှိတဲ့ Madame Tussauds Delhi ပြတိုက်မှာဆိုရင် လက်ရှိ ဝန်ကြီးချုပ် Narendra Modi ၊ ဘောလိဝုဒ်ဝါရင့်မင်းသားကြီး Amitabh Bachchan တို့အပြင် အခြား ကမ္ဘာ့နာမည်ကျော်တွေ ဖြစ်တဲ့ လေဒီဂါဂါနဲ့ အန်ဂျလီနာ ဂျိုလီတို့လို ပုဂ္ဂိုတွေရဲ့ ဖယောင်းရုပ်တုတွေလည်း ထားရှိပါတယ်။
Jab Harry Met Seja ရုပ်ရှင်မှာ နောက်ဆုံး မြင်တွေ့ခဲ့ရတဲ့ မင်းသား Khan ဟာ လက်ရှိမှာ မင်းသမီးတွေဖြစ်ကြတဲ့ Katrina Kaif နဲ့ Anushka Sharma တို့နဲ့အတူ “Zero” အမည်ရှိတဲ့ ရုပ်ရှင်ကို ရိုက်ကူးနေပါတယ်။ ဒါရိုက်တာ Aanand L Rai ရိုက်ကူးတဲ့ အဲဒီရုပ်ရှင်ကို ဒီနှစ် ဒီဇင်ဘာလမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
Ref ; ndtv