• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

သင်္ကြန်မှာ သူတို့ ဘယ်မှာရှိမလဲ၊ ဘာတွေ လုပ်မလဲ

by ယုဖြူဟန်
5 April 2018
in Entertainment
A A
သင်္ကြန်မှာ သူတို့ ဘယ်မှာရှိမလဲ၊ ဘာတွေ လုပ်မလဲ
24k
VIEWS
Share on FacebookShare on Twitter

မကြာခင်မှာ ရောက်ရှိလာတော့မယ် မြန်မာ့နှစ်သစ်ကူးအခါသမယ အတာသင်္ကြန်မှာ ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်တွေ ဘယ်မှာ ရှိကြမလဲ၊ ဘာလုပ်ကြမလဲ ဆိုတာကို သိချင်ကြမယ်ထင်ပါတယ်။

ဒါကြောင့် နိုင်ငံကျော် အဆိုတော်များ ဖြစ်ကြတဲ့ အဆိုတော် မေခလာ ၊ ဖြူဖြူကျော်သိန်း၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ ဆိုဖီယာ၊ လိမ္မော်သီးတို့ သင်္ကြန်ဘယ်မှာရှိမလဲ ၊ဘယ်လို အစီအစဉ်တွေ ဖြတ်သန်းသွားမလဲ၊ သင်္ကြန်အကြောင်းနဲ့ အတူ သူတို့ပြောတဲ့ နှစ်သစ်ဆုမွန်ကောင်း စကားများကို ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
163
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
220
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
683
အဆိုတော် ဖြူဖြူကျော်သိန်း (ဓာတ်ပုံ- ယုဖြူဟန်/ ဧရာဝတီ)

ဖြူဖြူကျော်သိန်း

သင်္ကြန်ကျရင် ဘားအံက ချစ်သူမြိုင် သင်္ကြန်မဏ္ဍပ်မှာ ရှိပါမယ်။ သင်္ကြန် ၄ ရက်လုံးပါ။ သင်္ကြန်ဆိုရင် ရောင်စုံဖက်ရှင်ပေါ့။ နှစ်တိုင်းဆိုရင် အကျီင်္လေးတွေကို ရောင်စုံဝတ်လေ့ရှိတယ်။ ဒီနှစ်မှာတော့ သင်္ကြန်သီချင်းအနေနဲ့ ထွက်ဖို့ မရှိပါဘူး။ တချို့ သီချင်းလေးဖျော်ဖြေမှုပုံစံလေးတွေတော့ ပြောင်းသွားဖို့ ရှိတယ်။ ကိုယ့်သီချင်းတွေကိုပဲ EDM ပုံစံ Rave လုပ်လို့ ရမယ့်ပုံစံ ပြောင်းပြီးတော့ Rave ချင်တဲ့ပရိသတ်တွေအတွက် သီချင်းတွေကို ဗားရှင်းအသစ်လေးတွေနဲ့ လုပ်ဖို့ ရှိပါတယ်။

သင်္ကြန်ကို အဆိုတော်အနေနဲ့ ဖြတ်သန်းရတာ အကြိုက်ဆုံးပဲ။ သီချင်းဆိုရတယ်လေ။ သီချင်းဆိုရတာ ဘဝမှာ အပျော်ဆုံး ဆိုတော့လေ။ နှစ်သစ်မှာ ပရိသတ်ကြီး စိတ်ချမ်းသာပါစေ။ ကျန်းမာပါစေ။ လိုအင် ဆန္ဒတွေပြည့်ဝပါစေလို့ ဆုတောင်းပေး ပါတယ်။

အဆိုတော် မေခလာ (ဓာတ်ပုံ- ယုဖြူဟန်/ ဧရာဝတီ)

မေခလာ

ချစ်ငယ် ဒီနှစ်သင်္ကြန်ကတော့ ထားဝယ်မှာပါ။ ချစ်ငယ် နှစ်ကိုယ်ခွဲရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နေပြည်တော်ကလည်း ပြောထားတာကြာပြီ။ ထားဝယ်လည်း ပြောထားတာကြာပြီ။ ဒါပေမယ့် အခုတော့ ထားဝယ်က သေချာသွားပါပြီ။ ထားဝယ်က ကျွန်းတွေကိုလည်း သွားချင်တဲ့အတွက် ထားဝယ်ကို လက်ခံဖြစ်ခဲ့တာပါ။

မကြာခင်မှာ နှစ်သစ် ရောက်တော့မယ်။ မြန်မာတွေရဲ့ New Year ပေါ့။ တကယ့် New Year ပါ။ Happy New year ပါ။ မြန်မာနှစ်သစ်ကူးမှာ အားလုံးသော ၇ ရက် သားသမီးတွေ စီးပွားဥစ္စာ တိုးတက်ပါစေ။ နောက်ပြီးတော့ ကပ်ကြီးတွေနဲ့ မကြုံတွေ့ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်နော်။ မြန်မာပြည်သားအားလုံးကို ချမ်းသာစေချင်တယ်။

အဆိုတော် ဖြိုးပြည့်စုံ၊ (ဓာတ်ပုံ- ယုဖြူဟန်/ ဧရာဝတီ)

ဖြိုးပြည့်စုံ

ဒီနှစ်ကတော့ ရန်ကုန်မြို့မှာပဲ ၁၉လမ်းက MNTV မဏ္ဍပ်မှာ သီချင်းဆိုရင်းဖြတ်သန်းမယ်။ ကျနော်ကတော့ သင်္ကြန် မတိုင်ခင်က သင်္ကြန်လေညင်း လုလင် အခွေထွက်ထားတယ်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ဆိုတာက ဘယ်လိုပြောမလဲ ခရစ်သက္ကရာဇ် ကုန်ရင်တောင် ကျနော်တို့တွေ ပျော်ကြ ကဲကြသေးတာ ဒါတောင် ကိုယ့်ရဲ့ မူရင်းသက္ကရာဇ် မဟုတ်ဘူး။

တနှစ်ကနေ တနှစ် ကူးပြောင်းတော့မယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ အစဉ်အလာအရ ရေလောင်းရေပက်တယ်။ ရေဆိုတဲ့ သဘော သဘာဝအရ အေးချမ်းတယ်။ ကြည်လင်တယ်။ ကျနော်လည်း ဒီဆန္ဒလေးနဲ့ပဲ ဆုတောင်းပေးချင်ပါတယ်။ နှစ်စဉ် ရေသွန်းလောင်းကြသလိုပဲ တဦးပေါ်တဦး အေးချမ်းခြင်းတွေ ကြည်လင်ခြင်းတွေပဲ ပေးစွမ်းနိုင်ကြပါစေ ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ နှစ်သစ်မှာ ပျော်စရာကောင်းတဲ့ နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

အဆိုတော် ဆိုဖီယာ (ဓာတ်ပုံ- ယုဖြူဟန်/ ဧရာဝတီ)

ဆိုဖီယာ

သင်္ကြန်မှာတော့ Sky Net MNTV မဏ္ဍပ်မှာရှိပါမယ်။ သီချင်းတွေကတော့ ညီမဆိုနေကျအတိုင်းပဲ သီချင်း အမြူးလေးတွေ ဆိုဖို့ရှိပါတယ်။ ပါဖောမန့် အသစ်တွေလုပ်သွားဖို့ရှိပါတယ်။ နှစ်သစ်မှာ ပရိသတ်တွေ ပျော်ရွှင်ပါ စေလို့ ပြောချင်ပါတယ်။

အဆိုတော် လိမ္မော်သီး (ဓာတ်ပုံ- လိမ္မော်သီး Facebook )

လိမ္မော်သီး

သင်္ကြန် ၄ရက်လုံးကို မင်းဓမ္မလမ်းမှာ အင်ပါယာတီးဝိုင်းနဲ့ရှိပါမယ်။ သင်္ကြန်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ Rock ဆန်တဲ့ ဒီဇိုင်းလေးတွေ ဝတ်ဖြစ်ပါတယ်။ နှစ်တိုင်းက အလုပ်လုပ်ရင်းနဲ့ဖြတ်သန်းရတာဆိုတော့ အလုပ်လုပ်ရင်းနဲ့ ဖြတ်သန်း ရတာကို သဘောကျတယ်။ သင်္ကြန်ဆိုတာက မြန်မာ့နှစ်သစ်ကူး အချိန်အခါဖြစ်တယ်။ အစ်မတို့ အဆိုတော်တွေ အနေနဲ့က ဒီရက်တွေက သီချင်းဆိုရတဲ့နေ့တွေ ဖြစ်တယ်။ သင်္ကြန်ဆိုတာက အမအတွက် နှစ်တိုင်းကတော့ ရင်ခုန်စရာပါပဲ။ နှစ်သစ်မှာ အားလုံးပဲ စီးပွားရေးတွေ တိုးတက်ပြီး ကျန်းမာပျော်ရွှင် အန္တရာယ်ကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။

အဆိုတော် အောင်ထက် (ဓာတ်ပုံ- အောင်ထက် Facebook)

အောင်ထက်

သင်္ကြန်ကို ရန်ကုန်မှာပဲ ရှိပါမယ်။ မြန်မာ့နှစ်သစ်ကူးမှာ ပရိသတ်များ အားလုံးပဲ စီးပွားရေးတွေ တိုးတက်ကြပါစေ။ ဝန်ထမ်းတွေလည်း လစာတွေ အများကြီး ရကြပါစေ။ စာမေးပွဲဖြေထားတဲ့ ကျောင်းသား ၊ ကျောင်းသူတွေလည်း အောင်မြင်မှု တွေရရှိပြီး လိုရာပန်းတိုင်ကို ရရှိကြပါစေလို့ ဆုတောင်းပေးပါတယ်။

သင်္ကြန်မှာဆိုရင် ကျနော်ကတော့ သင်္ကြန်လိုမျိုး ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတာကို သဘောကျတယ်။ အခုဆိုရင် အဆိုတော်ဖြစ်ပြီး တဲ့နောက်မှာ စင်ပေါ်ကနေ ပရိသတ်တွေကို ပျော်ရွှင်အောင်လုပ်ပေးရတာကို သဘောကျပါတယ်။

Your Thoughts …
Tags: အဆိုတော်များရဲ့ သင်္ကြန်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
KIA တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

တပ်မတော်ကို ပြောက်ကျား စစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေး ဆင်နွှဲမည်ဟု KIA ပြော

မြန်မာ့ရေကူးလက်ရွေးစင် စံချိန်ရှင် ကိုသီဟအောင် / အဲမလီ / ဧရာဝတီ

နိုင်ငံကိုယ်စားပြုရေကူးသမားဖြစ်ရတဲ့ဒုက္ခ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.6k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate