• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အိပ်မက်တွေကို လက်မလျှော့ဘဲ ကြိုးစားသူ (သို့မဟုတ်) “Secret Superstar”

by ဟယ်လ်သင်
9 April 2018
in Entertainment
A A
၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့   “Secret Superstar” ရုပ်ရှင်

၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Secret Superstar” ရုပ်ရှင်

9.7k
VIEWS
Share on FacebookShare on Twitter

ဒီတခါမှာတော့ IMDB rating (8.2) ရရှိထားပြီး မင်းသားကြီး Aamir Khan ပါဝင်ရိုက်ကူးထားတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်း “Secret Superstar” ဆိုတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ Aamir Khan Production ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး ဒါရိုက်တာ Advait Chandan ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အသက် ၁၄ နှစ်အရွယ် မွတ်ဆလင် ကောင်မလေး အင်ဆီယာဟာ သီချင်းဆို ဝါသနာပါပြီး အဆိုတော် တယောက် ဖြစ်ချင်သူပါ။ အဆိုတော် ဖြစ်ချင်လှတဲ့ အင်ဆီယာရဲ့ စိတ်ကူးအိပ်မက်ကို အမေဖြစ်သူက နားလည် သဘောပေါက်ပြီး အားပေးပေမယ့် စည်းကမ်းတင်းကြပ်ပြီး လူမဆန်လွန်းလှတဲ့ သူမ အဖေကြောင့် သူမရဲ့ အိပ်မက်တွေဟာ ပျောက်ကွယ်လု နီးပါး ဖြစ်နေရှာပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
390
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
825
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

မိန်းကလေးဆိုရင် တန်ဖိုး မထားဘဲ အချိန်တန် အရွယ်ရောက်တာနဲ့ အိမ်ထောင်ပြုရတဲ့ အသိုင်းအဝိုင်းကြားမှာ သူမရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လက်မလျှော့ဘဲ သူမရဲ့ သီဆိုထားတဲ့ သီချင်းတွေကို YouTube မှာ တင်တဲ့အခါ ကြည့်ရှုသူ အမြောက်အများနဲ့ လူသိများလာခဲ့ပါတယ်။

YouTube ဗီဒီယိုတွေကနေ တဆင့် သူမရဲ့သီချင်းဆို ပါရမီကို ဇာတ်ဝင်တေး သီချင်းတွေ ရေးစပ်တဲ့နေရာမှာ နာမည်ကြီးလှတဲ့ တေးရေးဆရာ ရှက်တီကူးမားက သတိထားမိသွားပြီး ဇာတ်ဝင်တေးသီချင်း သီဆိုဖို့ ကမ်းလှမ်း ပါတော့တယ်။

အဆိုတော်ဖြစ်ချင်တဲ့ သူမ အိပ်မက်တွေဟာ အကြင်နာတရား ကင်းမဲ့တဲ့ သူမအဖေရဲ့ ညှင်းပန်း နှိပ်စက်ခြင်းကို ခံနေရတဲ့ အမေဖြစ်သူနဲ့ လူမမည် မောင်လေးတို့ကို ကယ်ထုတ်ချင်တဲ့ ဆန္ဒတွေကြောင့်လည်း ပိုမိုခိုင်မာလာခဲ့ပါတယ်။ ဒါကြောင့် တေးရေးဆရာ ရှက်တီကူးမားနဲ့တွေ့ဆုံဖို့ အိမ်ကနေ မွန်ဘိုင်းကို တိတ်တဆိတ် ထွက်ခွာပြီး သူမ အိပ်မက်တွေကို စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။

ရှက်တီကူးမားနဲ့ တွေ့ဆုံပြီး အောင်မြင်မှု လမ်းစပေါ်ကို ရောက်ရှိလာခဲ့ပေမယ့် မိသားစုရဲ့ သြဇာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သူ အဖေဖြစ်သူကို မလွန်ဆန်နိုင်တဲ့အခါ အင်ဆီယာ တယောက် ဒီအတားအဆီးတွေကို ကျော်ဖြတ်နိုင်မှာလားဆိုတာကိုတော့ ဒီဇာတ်ကားကို ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

ပညာပေး ဇာတ်ကားတွေ ရိုက်ကူးရာမှာ နာမည်ကြီးလှတဲ့ မင်းသားကြီး Aamir Khan ဟာ ဒီဇာတ်ကားမှာလည်း သူ့ရဲ့ထုံးစံအတိုင်းပဲ ဇာတ်ကားအစကနေ အဆုံးအထိ ကြည့်ရှုသူရဲ့ အာရုံကို ဖမ်းစားသွားနိုင်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။

Your Thoughts …
Tags: “Secret Superstar” ရုပ်ရှင်
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

No Content Available
Next Post
နီနီခင်ဇော်ရဲ့ "RETRO RED VOLUTION SHOW" / Ni Ni Khin Zaw Facebook Page

ပါဖောမန့်ရော အဆိုပိုင်းကိုပါ ကျွမ်းကျင်စွာ ပြသသွားတဲ့ နီနီခင်ဇော်ရဲ့ “RETRO RED VOLUTION SHOW”

အသုံးဝင်တဲ့ လိမ္မော်ခွံ

သင်သတိမထားမိတဲ့ လိမ္မော်ခွံရဲ့ အသုံးဝင်ပုံများ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate