Entertainment

ကင်ဆာရောဂါကြောင့် တနှစ်ကျော် ပျောက်ကွယ်နေတဲ့ မင်းသားကင်ဝူဘင် ပြန်ပေါ်လာ

Want create site? Find Free WordPress Themes and plugins.

ကင်ဆာရောဂါကြောင့် တနှစ်ကြာ ဆေးဝါးကုသမှု ခံယူနေခဲ့ရတဲ့ ကိုရီးးယားမင်းသား ကင်ဝူဘင်တယောက် ပထမဆုံး     အကြိမ် ပရိသတ်တွေ့ရှေ့ ပြန်လည် မြင်တွေ့ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် မေလတည်းက ကင်ဆာရောဂါ ကုသမှု ခံယူခဲ့လို့ တနှစ်ကျော်လောက် ပရိသတ်ရှေ့ကနေ ကွယ်ပျောက်နေခဲ့ရတာပါ။

ဓာတ်ရောင်ခြည်ကုသမှု ၃၅ ခါကျော်နဲ့ တခြားကုသမှု သုံးကြိမ်လောက် ကုသမှုအပြီးမှာ ရောဂါလက္ခဏာတွေ သက်သာ စပြုနေပြီလို့ ဆိုပါတယ်။ အခုနောက်ဆုံး ပရိသတ်တွေပြန်တွေ့ချိန် ကိုယ်အလေးချိန်ကျနေတဲ့ မင်းသား ကင်ဝူဘင်ကို  တွေ့ရလို့  စိတ်မကောင်း ဖြစ်နေကြပေမယ့်လည်း ရောဂါသက်သာလာတဲ့ သတင်းကြောင့် ဝမ်းသာ နေတြတယ်လို့ သိရပါတယ်။

မကြာသေးခင်ကလည်း ကင်ဝူဘင်ကိုယ်တိုင် ပရိသတ်တွေဆီ ရေးသားထားတဲ့စာကြောင့်  ပရိသတ်တွေကလည်း မင်းသားရဲ့သတင်းကောင်းကို စောင့်မျှော်နေခဲ့ကြတာပါ။ စာထဲမှာ ကျန်းမာရေးကို အမြန်ဆုံး ပြန်ကောင်းအောင်ကုသပြီး ပရိသတ်ရှေ့ ကျန်းကျန်းမာမာနဲ့ ပြန်လာနိုင်အောင် ကြိုးစားနေသလို ပရိသတ်တွေကိုလည်း ကျန်းမာရေးကို ဂရုစိုက်ကြ ဖို့ ရေးသားထားပါတယ်။

ဇန်နဝါရီလတုန်းက ကင်ဝူဘင်ရဲ့ အေဂျင်စီဖြစ်တဲ့ sidusHQ က ထုတ်ပြန်ချက်အရ မင်းသားဟာ ရောဂါဝေဒနာ ပြင်းထန် စွာ ခံစားနေလို့ စစ်မှုထမ်းဥပဒေကနေ ကင်းလွတ်ခွင့်ရခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့တဲ့ အပြင် ကင်ဝူဘင်ရဲ့ ချစ်သူ မင်းသမီးရှင်မင်းအာ ကလည်း အလုပ်တွေမအားတဲ့ကြားက အချိန်ပေးပြီး စောင့်ရှောက်ပေးနေတဲ့အကြောင်းကို သတင်း  တွေမှာ ဖော်ပြခဲ့ကြပါတယ်။

အခုလို အမှတ်မထင် ပြန်မြင်တွေ့ခဲ့ရတဲ့ ကင်ဝူဘင်ရဲ့ပရိသတ်တွေကတော့ မင်းသား ရောဂါကနေ အမြန်ဆုံး သက်သာ  ပျောက်ကင်းဖို့ ဆုတောင်းပေးနေကြပါတယ်။

Ref: Youtube & KFanatics

Did you find apk for android? You can find new Free Android Games and apps.
Loading