ဧပြီ ၂၄ ရက်မှာ ကမ္ဘာကျော် Walking Dead အမည်ရှိအမေရိကန်ရုပ်သံဇာတ်လမ်းတွဲ မင်းသား Steven Yeun ၊ ကိုရီးယားမင်းသား Yoo Ahn In နဲ့ မင်းသမီး Jeon Jong Seo တို့ဟာ နာမည်ကျော် ကိုရီးယား ဒါရိုက်တာ Lee Chang Dong ရိုက်ကူးတဲ့ ‘Burning’ အမည်ရှိတဲ့ ရုပ်ရှင်အတွက် သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ ကြပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မင်းသား Yoo က ရုပ်ရှင်ထဲမှာ ဒီနေ့ခေတ် သာမန်လူငယ်တဦးဖြစ်ပေမယ့် သူ့စိတ်ထဲမှာ ခံစားနေရာကို ပြောမပြနိုင်တဲ့ ဇာတ်ရုပ်နေရာကနေ သရုပ်ဆောင်ထား တယ်လို့ ပြောဆိုခဲ့ပါတယ်။ မင်းသား Steven ကတော့ သူပါဝင်ထားတဲ့ ဇာတ်ရုပ်နဲ့ ပတ်သက်လို့ ရှင်းပြဖို့ တော်တော်ခက်မှာဖြစ်ပြီး တကယ်လို့ ရှင်းပြလိုက်မယ်ဆိုရင် ရုပ်ရှင်က စိတ်ဝင်စားဖို့ ကောင်းမှာ မဟုတ်တော့ဘူူးလို့ ထင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် ရုပ်ရှင်ရိုက်ကွင်းပေါ်မှာ မင်းသား Yoo နဲ့ မင်းသား Steven တို့ဟာ တရင်းတနှီးရှိခဲ့ကြတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ကြပါတယ်။ မင်းသား Steven က “တော်တော်လေးကို ကောင်းပါတယ်၊ အတူတူ သရုပ်ဆောင်ရတာ တော်တော် လေးကို ပျော်ဖို့ကောင်းပါတယ် ၊ ပထမကတော့ ကျနော်တို့ရဲ့ ဇာတ်ကောင်တွေ လိုပဲ တယောက်ကို တယောက်သိဖို့ ကြိုးစားခဲ့ရပါတယ်၊ ဒါပေမယ့် အတူအလုပ်လုပ်တာ ၄ လေ လာက်ကြာပြီးတဲ့ နောက်တော့ ကျနော်တို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
Steven နဲ့ အလုပ်အတူတွဲလုပ်ရတာ ပျော်ဖို့ကောင်းပြီး အတွေ့အကြုံအသစ်ဖြစ်တယ်လို့ မင်းသား Yoo က ဆိုပါတယ်။ သူက “သူတကယ့် အစ်ကိုတယောက်ပါပဲ၊ ဒါပေမယ့် ကျနော်သူ့ကို အစ်ကိုလို့မခေါ်ပါဘူး၊ အမေရိကန်မှာတော့ နာမည်ပဲ တန်းခေါ်နိုင်တယ်မဟုတ်လား၊ ဒါကြောင့် ကျနော်တို့ သူငယ်ချင်းတွေလို ပိုပြီး စိတ်သက်သောင့်သက်သာ ဖြစ်ခဲ့ကြပါ တယ်” လို့ဆိုပါတယ်။
‘Burning’ ရုပ်ရှင်မှာတော့ Hae Mi အမည်ရတဲ့ အမျိုးသမီးငယ်တဦးနဲ့ ကလေးဘဝသူငယ်ချင်းဖြစ်တဲ့ Jong Soo လို့ ခေါ်တဲ့ လူငယ်တဦးတို့ရဲ့ လျှို့ဝှက်ဆန်းကြယ် ရုပ်ရှင်လည်း ဖြစ်ပါတယ်။ Hae Mi အာဖရိကကို ထွက်မသွားခင်မှာ Jong Soo ထံမှာ ကြောင်လေးတကောင်ကို အပ်ခဲ့ပြီး ပြန်လာချိန်မှာတော့ Hae Mi နဲ့အတူ Ben လို့အမည်ရတဲ့ ထူးဆန်းတဲ့ အမျိုးသားတဦး ပါရှိလာပါတယ်။ ဒီဇာတ်ကားကို မေ ၈ ရက်ကနေ ၁၉ ရက်အထိ ၂၀၁၈ ခုနှစ် Cannes ရုပ်ရှင်ပွဲတော်မှာ Palme d’Or (အကောင်းဆုံးရုပ်ရှင်ဆု) အတွက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တောင်ကိုရီးယားမှာတော့ မေ ၁၇ ရက်မှာ ရုံတင် ပြသသွားမှာပဲ ဖြစ်ပါတယ်။
Ref: allkpop