Trailer ထွက်ရှိလာတည်းက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ Infinity War ဟာ မကြာခင်မှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်နဲ့ ပက်သက်ပြီး တခြားသော စိတ်ဝင်စားစရာတွေ ရှိနေသေးပေမယ့် စိတ်ဝင်စားဖို့ ပိုကောင်းမယ်လို့ ထင်ရတဲ့ အကြောင်းအရာတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
(၁) ပထမဆုံး Infinity War Trailer မှာတင် ၂၄ နာရီအတွင်း ကြည့်ရှုသူ လူဦးရေ ၂၀၀ မီလီယံကျော် ရှိခဲ့ပြီး နောက်တရက်မှာတော့ ၂၃၀ မီလီယံအထိ ရှိခဲ့ပါတယ်။ Galaxy အဖွဲ့နဲ့ Avengers တို့ ပထမဦးဆုံး တွေ့ဆုံကြမယ့် ရုပ်ရှင်လည်း ဖြစ်ပါတယ်။
(၂) Infinity War မှာ အဓိက သရုပ်ဆောင် အရေအတွက်ဟာ ၆၄ ယောက် ပတ်ဝန်းကျင်ရှိတယ်လို့ Marvel က ထုတ်ပြန် ထားပါတယ်။ Infinity War ကို Studio ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ထုတ်လုပ် ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတည်းက စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
(၃) ၂၀၁၆ ဇူလိုင်လ ကုန်ခါနီးကတည်းက Avrngers: Infinity War ကို ၂၀၁၈ ခုနှစ်မှာ ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပြီး နောက်ထပ် Infinity War နဲ့ ဆက်စပ်တဲ့ ရုပ်ရှင်အနေနဲ့ နာမည်မပေးရသေးတဲ့ Avengers 4 ကို ၂၀၁၉ ခုနှစ်မှာ ထုတ်လုပ်ဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ ခေါင်းစဉ်ကတော့ ရွေးချယ်နေဆဲလို့ သိရပါတယ်။
(၄) Infinity War Trailer မှာ Avengers အကုန်နီးပါးပါဝင်ပေမယ့် Civil War တုန်းက အဖွဲ့နှစ်ဖွဲ့ ကွဲထွက်နေတဲ့ အငွေ့အသက်တွေကိုတော့ တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။
(၅) ဒီရုပ်ရှင်ဟာ Scarlet Witch ဖြစ်တဲ့ Elizabeth Olsen နဲ့ Thanos ဖြစ်တဲ့ Josh Brolin တို့ရဲ့ တတိယအကြိမ် ရုပ်ရှင် တခုထဲမှာ ပါဝင်တင်ဆက်ကြခြင်းပဲ ဖြစ်ပါတယ်။ Old Boy (2013) မှာ ပထမအကြိမ်ဖြစ်ပြီး Age Of Ultron (2015) က ဒုတိယအကြိမ် ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – Avengers Infinity War ရုပ်ရှင်မှာ ဘယ်စူပါဟီးရိုး ကျဆုံးမှာလဲ
Ref ; IMDB